အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က နောက်ခံလူထရစ်ပီယာကို ဘောလုံးလောကကနေ ၁၀ ပတ် ပိတ်ပင်

23-12-2020-yyl22.jpg

အင်္ဂလန်နောက်ခံလူ ထရစ်ပီယာကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)က လောင်းကစားစည်းမျဉ်း ချိုးဖောက်မှုတွေအတွက် ဘောလုံးလောကကနေ သီတင်းပတ် ၁၀ ပတ် ပိတ်ပင်ခဲ့ပြီး ဒဏ်ငွေ ပေါင် ၇၀၀၀၀ ပေးဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အသက် ၃၀ အရွယ်ရှိတဲ့ ညာနောက်ခံလူ ထရစ်ပီယာဟာ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ စပါးကနေ အက်သလက်တီကိုထံ ပြောင်းရွှေ့ခဲ့သူပါ။ သူက အဲဒီအပြောင်းအရွှေ့ကိစ္စကို လောင်းကြေးထပ်ခဲ့တယ်လို့ စွဲချက်တင်ခံခဲ့ရပြီး ကြားနာမှု လုပ်ခဲ့ရပါတယ်။ သူ့အပေါ် စွဲချက် ၇ ခုတင်ခဲ့တဲ့အနက် စွဲချက် ၄ ခုအတွက် အပြစ်ရှိကြောင်း လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က တွေ့ရှိခဲ့တာပါ။

ထရစ်ပီယာဟာ ဘောလုံးလောကကနေ ၁၀ ပတ် ပိတ်ပင်ခံရမယ့်အတွက် ချဲလ်ဆီးနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ ပွဲစဉ်ကို လွဲချော်ရမှာဖြစ်ပြီး အက်သလက်တီကိုအတွက် စုစုပေါင်းပွဲစဉ် (၁၂)ပွဲ လွဲချော်မှာပါ။

Ref: Dailymail “England defender Kieran Trippier is handed a worldwide TEN-WEEK BAN and fined £70,000 for breaking FA betting rules “

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top