Ericsson Mobility Report လူ့အဖွဲ့အစည်းတွင် ကွန်ရက်များ၏ အခန်းကဏ္ဍကို COVID-19 ၏ အကျိုးဆက် များက မီးမောင်း ထိုးပြနေ

Image-01.jpg

Ericsson (NASDAQ: ERIC) သည် ၂၀၂၀ အကုန်တွင် 5G ကွန်ရက်အသုံးပြုမှုနှုန်းကို သန်းပေါင်း၁၉၀ နှင့် ၂၀၂၅ ခုနှစ်အကုန်တွင် ၂.၈ ဘီလီယံအထိ ကမ္ဘာအနှံ့သို့ဖြန့်ကြက်ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားသည်။ ဤခန့်မှန်းချက်များကို ဇွန် ၂၀၂၀ တွင်ထုတ်ပြန်သော Ericsson Mobility Report ၏ ဒေတာအသုံးပြုနှုန်း တိုးတက်မှုနှင့် ဒေသအလိုက်အသုံးပြုသူအရေအတွက် တွက်ချက်ခန့်မှန်းချက်များတွင် ထည့်သွင်းဖော်ပြထားသည်။

COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း လူမှုအသိုင်းအ၀န်းများ ချိတ်ဆက်ထားရာနှင့်မိသားစုများ ဆက်သွယ်မှု ပြုလုပ်ရာတွင်ကွန်ရက်များနှင့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများ၏ အခန်းကဏ္ဍကိုလည်း ဤပြန်တမ်းက ခွဲခြမ်းလေ့လာထားသည်။

“COVID-19 ပျံ့နှံ့မှုကြောင့် တကမ္ဘာလုံးက လူတွေရဲ့ နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာများစွာကို ပြောင်းလဲစေခဲ့ပြီး လူအတော်များများအတွက် အိမ်ကနေပဲ အလုပ်လုပ်ဖို့ ပညာသင်ယူဖို့ဖြစ်လာစေခဲ့တယ်။ အကျိုးဆက်ကတော့ ကွန်ရက်အသုံးပြုမှုဟာ စီးပွားရေးလုပ်ငန်းနေရာတွေကနေ လူနေအိမ်ရာတွေဆီမှာ ပိုအားသာလာခဲ့ပါတယ်။ မိုဘိုင်းနဲ့ ပုံသေကွန်ရက်တွေဟာ အခရာကျတဲ့ နိုင်ငံ့အခြေခံအဆောက်အအုံတွေထဲမှာ ပိုမိုကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာနေတဲ့အကြောင်း ကျွန်တော်တို့ရဲ့နောက်ဆုံးထုတ် Ericsson Mobility Report က ပြောနေပါတယ်” ဟု Ericsson ၏ Executive Vice President နှင့် Head of Networks ဖြစ်သူ Fredrik Jejdling က ပြောကြားသည်။

ရောဂါဆိုးပျံ့နှံ့မှုကြောင့် အချို့ဈေးကွက်များတွင် 5G subscription တိုးတက်မှုနှုန်း နှေးကွေးသော်လည်းအရှိန်အဟုန်မြင့်လာနေသောအခြားဈေးကွက်များကြောင့် ဟန်ချက်ညီနေသဖြင့် ၂၀၂၀ ပြည့်နှစ်နှစ်ကုန်ပိုင်း ကမ္ဘာလုံးဆိုင်ရာ 5G subscription အတွက်ခန့်မှန်းချက်ကို Ericsson အနေဖြင့် တိုးမြှင့်ထားသည်။

“5G ရဲ့ အောင်မြင်မှုကို Subscription အရေအတွက်နဲ့ တိုင်းတာတဲ့အပြင် လူတွေနဲ့စီးပွားရေးလုပ်ငန်းတွေအတွက် ရရှိတဲ့ အကျိုးကျေးဇူးတွေက အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။ 5G ဟာ ဆန်းသစ်တီထွင်မှုအတွက် ဖန်တီးခဲ့တာဖြစ်ပြီး စီးပွားရေးကိုပြန်လည်စတင်တဲ့နေရာမှာ ဆက်သွယ်ရေးရဲ့တန်ဖိုးနဲ့ အရေးပါတဲ့အခန်းကဏ္ဍကို ဒီအကျပ်အတည်းက မီးမောင်းထိုးပြခဲ့ပါတယ်”ဟု Jejdling က ဖြည့်စွက်ပြောကြားသည်။

Lockdown ပိတ်ဆို့မှုကြောင့် သုံးစွဲသူအပြုအမူပြောင်းလဲမှုများသည် ပုံသေနှင့်မိုဘိုင်းကွန်ရက်နှစ်ခုလုံးအတွက် သုံးစွဲပုံကို သိသာသော အပြောင်းအလဲများ ဖြစ်စေသည်။ Traffic တိုးလာမှုတွင် အကြီးဆုံးဝေစုသည် ပုံသေလူနေအိမ်ကွန်ရက်များမှဖြစ်ပြီး အသုံးပြုနှုန်း ၂၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ တိုးလာသည်။ သို့သော် ၀ န်ဆောင်မှုပေးသူ အများအပြားက သူတို့၏ မိုဘိုင်းကွန်ရက်များတွင်လည်း သုံးစွဲနှုန်းတိုးလာသည်ကို သတိပြုမိခဲ့သည်။

Ericsson Consumer Lab မှ မကြာသေးမီက ပြုလုပ်ခဲ့သောလေ့လာမှုတစ်ခုတွင် နိုင်ငံပေါင်း ၁၁ နိုင်ငံမှဖြေဆိုသူ ၈၃ ရာခိုင်နှုန်းက အိုင်စီတီနည်းပညာသည် Lockdown ပိတ်ဆို့ခြင်းကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် များစွာအထောက်အပံ့ဖြစ်ခဲ့သည်ဟုဆိုကြသည်။ စစ်တမ်းရလဒ်များအရ e-learning နှင့် wellness app များကဲ့သို့သော ICT ဝန်ဆောင်မှုများကို တိုးမြှင့်အသုံးပြုပြီး ၎င်းတို့က အချင်းချင်းချိတ်ဆက်မှုဖြင့် သုံးစွဲသူများကို အခြေအနေအသစ်များတွင် အသားကျစေရန် ကူညီပေးခဲ့သည်။

ရှေ့ရေးနှင့်ပတ်သက်၍ ၅၇ ရာခိုင်နှုန်းက အနာဂတ်ဘဏ္ဍာရေးလုံခြုံမှုအတွက် ငွေစုဆောင်းမည်ဟု ဖြေဆိုကြပြီး သုံးပုံတစ်ပုံသောဖြေဆိုသူများကမူ COVID-19 ဒုတိယလှိုင်းတစ်ခုအတွက် ပိုမိုပြင်ဆင်ထားနိုင်ရန် အိမ်တွင် ပိုမိုကောင်းမွန်သည့် broadband နှင့် 5G တို့ကို ရင်းနှီးမြှုပ်နှံမည်ဟု ရည်ရွယ်ထားကြသည်။

အရှေ့တောင်အာရှနှင့်အိုရှန်းနီးယားများအတွက် EMR Insights: ၂၀၂၅ တွင် 5G သည် အသုံးပြုသူ သန်း ၂၇၀ ကျော်လွန်ကာ မိုဘိုင်းအသုံးပြုမှုအားလုံး၏ ၂၀ ရာခိုင်နှုန်းဝန်းကျင်ရှိလာပြီး LTE ၏နောက် ဒေသတွင်း ဒုတိယလူကြိုက်အများဆုံး cellular နည်းပညာဖြစ်လာမည်။

အရှေ့တောင်အာရှနှင့် အိုရှန်းနီးယားရှိစမတ်ဖုန်းတစ်လုံး၏ data traffic သည် CAGR ၃၃ ရာခိုင်နှုန်းဖြင့်တိုးတက်ပြီး ၂၀၂၅ တွင် ၂၅ GB အထိရှိမည်ဟု ခန့်မှန်းထားသည်။ အရှေ့တောင်အာရှတွင် စုစုပေါင်းမိုဘိုင်းဒေတာစီးဆင်းမှုသည် CAGR တွင် ၄၀ ရာခိုင်နှုန်းတိုးတက်ပြီး တစ်လလျှင် ၃.၂ EB မှတစ်လလျှင်၂၅ EB သို့ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။

“မြန်မာနိုင်ငံမှာ 5G အောင်မြင်ဖို့က 4G ကို ရင်းနှီးမြှုပ်နှံဖို့ အဓိကလိုအပ်ပါတယ်။ 5G သုံးနိုင်တဲ့သုံးစွဲသူအများအပြားကို ဝန်ဆောင်မှုပေးရာမှာ အရှိန်ရလာဖို့ ပုဂ္ဂလိကကွန်ရက်တွေက အလွန်အရေးကြီးတဲ့ ပထမခြေလှမ်းဖြစ်ပါတယ်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top