သင်္ဃန်းကျွန်းမြို့နယ် Fever Clinic ကို မနက်ဖြန်စဖွင့်မယ် ဧရာဝတီစင်တာ၊ စံပြဆေးရုံတို့နဲ့လည်း ချိတ်ဆက်ထားဟုဆို

22-10-2020-yyl-027.jpg

ရန်ကုန် အောက်တိုဘာ ၂၂

သင်္ဃန်းကျွန်းမြို့နယ် လူထုအခြေပြု ဖျားနာကုအခမဲ့ဆေးခန်း(Fever Clinic)ကို အောက်တိုဘာ ၂၃ ရက် (မနက်ဖြန်)ကနေ စတင်ဖွင့်လှစ်သွားမယ်လို့ အဲဒီဆေးခန်းရဲ့ တာဝန်ခံဆရာဝန် ဒေါက်တာစုမြတ်ထိုက်က ရိုးရာလေးကို အတည်ပြုပြောကြားပါတယ်။

”အရင်က Fever Clinic တစ်ခုရှိခဲ့ဘူးတယ်။ ဒါပေမဲ့ အဲဒီမှာ Positive လူနာတစ်ဦးတွေပြီး Quarantine တွေဝင်ရလို့ ပိတ်ထားရတဲ့အတွက် အခုလိုနောက်ထပ်တစ်ခု ထပ်ဖွင့်လိုက်တာပါ။ သင်္ဃန်းကျွန်းမှာ ဒီတစ်ခုပဲ ရှိပါတယ်”လို့ ဒေါက်တာစုမြတ်ထိုက်က ပြောပါတယ်။

ဆေးခန်းလာပြတဲ့သူတွေထဲမှာ Swab ယူဖို့လိုအပ်တဲ့ လူနာတွေကို ဧရာဝတီစင်တာကိုပို့ဖို့ စီစဥ◌် ထားတဲ့အပြင် ရောဂါလက္ခဏာပြင်းထန်ပြီး ဆေးရုံပို့ဖို့လိုအပ်တဲ့သူတွေကိုလည်း သင်္ဃန်းကျွန်းစံပြဆေးရုံကြီးကို ပို့ဆောင်ပေးဖို့ စီစဥ◌်ထားတယ်လို့ သူမက ဆိုပါတယ်။

”Quarantine ဝင်ဖို့လိုအပ်တဲ့သူတွေပါလာရင်လည်း အနံ့မရသူတွေထားရှိတဲ့ စင်တာတွေကို ပို့ဖို့ဆောင်ရွက် ထားပါတယ်။ အဲဒီလိုတွေပို့ဆောင်ပေးနိုင်ဖို့အတွက်လည်း တောင်ဥက္ကလာက ပရဟိတအသင်းတစ်ခုကို အကူအညီ တောင်းထားတယ်”လို့ ဒေါက်တာစုမြတ်ထိုက်က ပြောပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် Fever Clinic ကို ဆရာဝန်၊ သူနာပြ၊ စေတနာ့ဝန်ထမ်းအင်အား ၁၀ ဦးလောက်နဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီးတော့ လိုအပ်တဲ့ဆေးပစ္စည်းကိရိယာတွေကို Community Fever Clinic Network က လှူဒါန်းထားတဲ့အပြင် အခြားအလှူရှင်တွေကလည်း လှူဒါန်းထားတယ်လို့ သူမက ဆိုပါတယ်။

ဒီဆေးခန်းကို လေးထောင့်ကန်ရပ်ကွက်၊ ဘဝမြင့်မှတ်တိုင်နဲ့ စံပြဈေးမှတ်တိုင်ကြားက အမှတ်(၄) အခြေခံ ပညာအထက်တန်းကျောင်းမှာ မနက် ၉ နာရီကနေ နေ့လယ် ၁၂ နာရီထိ ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေနေ့တို့မှာ ဖွင့်လှစ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

အခုလိုဖွင့်လှစ်ရာမှာ တစ်နေ့ကို ၁၀၀ ဦးလောက်အထိ လက်ခံဆောင်ရွက်ပေးသွားမှာဖြစ်ပြီးတော့ မလိုအပ်ဘဲ ထိတွေ့၊ ကူးစက်မှာကိုစိုးရိမ်တဲ့အတွက် ဖျားနာ၊ ချောင်းဆိုး၊ အနံ့ပျောက်နဲ့ ကိုဗစ်သံသယရှိတဲ့သူတွေသာ လာရောက်ပြသကြဖို့လည်း ဒေါက်တာစုမြတ်ထိုက်က မေတ္တာရပ်ခံလိုက်ပါတယ်။

Photo – Community Fever Clinic – Yangon Network

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top