ပထမဆုံးအကြိမ်မဲပေးမယ့်သူလား

2-1-2020-yyl-030.jpg

လာမယ့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ (၈) ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ မဲပေးခွင့်ရှိသူ လူဦးရေ (၃၇) သန်းကျော်ရှိပါတယ်။ ဒီနှစ်ရွေးကောက်ပွဲမှာ အသက် (၁၈) ပြည့်ပြီး ပထမဆုံးအကြိမ်မဲပေးမယ့် လူငယ် (၅) သန်းခန့်ရှိနေပါတယ်။ မိမိက ပထမဆုံး အကြိမ်မဲပေးမယ့် သူဖြစ်ပါက First Time Youth Voters for 2020 https://www.facebook.com/FirstTimeYouthVotersFor2020 Page ကို ဝင်ရောက်လေ့လာသင့်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒီ Page မှာ လာမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လူငယ်တွေအတွက် သီးသန့်ရည်ရွယ်တဲ့ ပြိုင်ပွဲတွေရှိနေပါတယ်။ ပြိုင်ပွဲတွေမှာ ဂီတဖန်တီးမှုပြိုင်ပွဲ၊ စကားဝိုင်း နဲ့ သီချင်းအားပေးရွေးချယ်ခြင်း အစီအစဉ်တွေပဲဖြစ်ပါတယ်။

ဂီတဖန်တီးမှုပြိုင်ပွဲ ကိုတော့ စက်တင်ဘာ (၁၆) ရက်နေ့မှ အောက်တိုဘာ (၉) ရက် အထိ ကျင်းပမှာဖြစ်ပါတယ်။ ဂီတပြိုင်ပွဲကို စိတ်ဝင်စားတယ်ဆိုပါက တိုင်းရင်သားဘာသာစကားတွေနဲ့လည်း ပါဝင်နိုင်သလို ကိုယ်ပိုင်သံစဉ်ဖန်တီးဖို့ အခက်အခဲရှိရင်လည်း Fireworks Production မှဖန်တီးထားတဲ့ ဒီ link ( https://bit.ly/3iB3JBo ) ထဲက နောက်ခံသံစဉ်တွေကို သုံးပြီးလည်း ဝင်ပြိုင်နိုင်ပါတယ်။

ရွေးကောက်ပွဲ စကားဝိုင်းကိုတော့ အောက်တိုဘာ (၂) ရက်မှ (၉) ရက် အထိ နဲ့ အောက်တိုဘာ (၁၅) ရက် မှ (၂၃) ရက် အထိ နှစ်ကြိမ်တိုင် ကျင်းပသွားမှာဖြစ်ပါတယ်။ အောက်တိုဘာ (၂) ရက် ည (၈) နာရီမှာ ကျင်းပမယ့် ရွေးကောက်ပွဲ စကားဝိုင်းမှာ ဂီတဖန်တီးမှုပြိုင်ပွဲက ဒိုင်တွေဖြစ်တဲ့ ဥက္ကာဦးသာ၊ မိစန္ဒီ၊ AR-T နဲ့ အထူးဧည့်သည်ဖြစ်တဲ့ အုပ်စိုးခန့်တို့က ပါဝင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ သီချင်းအားမဲပေးရွေးချယ်ခြင်းကိုတော့ အောက်တိုဘာ (၁၅) ရက်နေ့မှ (၂၀) ရက်နေ့ အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

လူငယ်မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သိလိုသမျှအကြောင်းအရာတွေကို မေးမြန်းနိုင်သလို ပြိုင်ပွဲဝင်လို့ရတဲ့ အစီအစဉ်တွေလည်းရှိတာမို့ First Time Youth Voters for 2020 https://www.facebook.com/FirstTimeYouthVotersFor2020 Page ဝင်ရောက်လေ့လာသင့်ပါတယ်။

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top