ကပ်ရောဂါကာလမှာ ရှေ့တန်းက ပါဝင်ထမ်းရွက်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို နိုင်ငံသားဖြစ်ခွင့်ပေးပြီး ပြင်သစ်နိုင်ငံ ဂုဏ်ပြု

24-12-2020-yyl08.jpg

ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်တွန်းလှန်ရာမှာ ရှေ့တန်းကနေ ပါဝင်ထမ်းရွက်နေကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ စွမ်းဆောင်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ပြင်သစ်နိုင်ငံက နိုင်ငံသားဖြစ်ခွင့် ပေးအပ်လျက်ရှိပါတယ်။

ကိုဗစ်-၁၉ ရောဂါကို တွန်းလှန်ရာမှာ ပါဝင်ကူညီနေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအနေနဲ့ မြန်ဆန်တဲ့ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားကြဖို့ ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနက ဖိတ်ခေါ်ခဲ့တာပါ။ လက်ရှိအချိန်အထိ ပြင်သစ်နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ၂၈၉၀ ယောက် ရှိပြီး အဲဒီအစီအစဉ်အရ နိုင်ငံသားဖြစ်ခွင့် ရရှိခဲ့သူ ၇၄ ယောက်၊ နိုင်ငံသားဖြစ်ခွင့် ရရှိဖို့ နောက်ဆုံးအဆင့်မှာရှိနေသူ ၆၉၃ ယောက် ရှိပါတယ်။ အဲဒီသူတွေထဲမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ သန့်ရှင်းရေးဝန်ထမ်းတွေ၊ ဈေးဆိုင်ဝန်ထမ်းတွေလည်း ပါဝင်ပါတယ်။

ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာတစ်ဝန်း တွန်းလှန်နေရချိန်မှာ ရှေ့တန်းက ကျန်းမာရေးဝန်ထမ်းတွေ ရောဂါကူးစက်မှုနှုန်း မြင့်မားပြီး ဆရာဝန်တွေ၊ သူနာပြုတွေအပါအဝင် ကျန်းမာရေးဝန်ထမ်း တော်တော်များများ သေဆုံးခဲ့ပါတယ်။ ပြင်သစ်နိုင်ငံဟာ ရောဂါကူးစက်ခံရသူ ၂.၅ သန်း၊ သေဆုံးသူ ၆၂၀၀၀ နီးပါးရှိပြီး ကိုဗစ်-၁၉ ရောဂါ အဆိုးရွားဆုံးခံစားနေရတဲ့ နိုင်ငံ (၁၀) နိုင်ငံစာရင်းမှာ ပါဝင်နေပါတယ်။

” ကျန်းမာရေးဝန်ထမ်းတွေ၊ သန့်ရှင်းရေးသမားတွေ၊ ကလေးထိန်းသူတွေ၊ အရောင်းဆိုင်ဝန်ထမ်းတွေအားလုံးက ပြင်သစ်နိုင်ငံ အကျိုးသယ်ပိုးမယ်ဆိုတဲ့ သူတို့ရဲ့ခိုင်မာပြတ်သားမှုကို သက်သေပြခဲ့ပြီးပါပြီ။ အခုအချိန်မှာ ပြင်သစ်နိုင်ငံက သူတို့အတွက် ပြန်လုပ်ပေးရမယ့်အလှည့် ရောက်ပါပြီ” လို့ နိုင်ငံသားလျှောက်ထားမှုဆိုင်ရာ အငယ်တန်းဝန်ကြီးရုံးက ထုတ်ပြန်ခဲ့ပါတယ်။

Ref: BBC ” Covid: France rewards frontline immigrant workers with citizenship”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top