မီးပွိုင့်နားမှာ ကားမှန်လိုက်သုတ်ပေးတဲ့ ကလေးအုပ်စုကို ကြယ် ၅ ပွင့်ဟိုတယ်ဆီခေါ်သွားပြီး ညစာကျွေးမွေးခဲ့တဲ့ အမျိုးသား

15.12.23-yyl-5.jpg

ယာဉ်ကြောပိတ်နေချိန် ကလေးအုပ်စုတစ်စုက အမျိုးသားတစ်ဦးရဲ့ကားမှန်ကို သန့်ရှင်းရေးလုပ်ဖို့ ကားနားလာခဲ့ကြတယ်။ အဲဒီကားမှန်ကို သန့်ရှင်းပေးလိုက်လို့ အကောင်းစားဟိုတယ်ကြီးမှာ သူတို့ ညစာစားခွင့်ရခဲ့ပါတယ်။ အဲ့ဒီအခိုက်အတန့်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဟာ လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့ပါတယ်။

အဲဒီအမျိုးသားက ခါဝါလီဂျီ ဆင်းဂျ်ဆိုသူဖြစ်ပြီး “မီးပွိုင့်မိနေတဲ့အချိန် ကလေးတွေက ကြယ် ၅ ပွင့် ဟိုတယ်နားမှာ ပိုက်ဆံရှာဖို့ ကားတွေကို သန့်ရှင်းရေးလုပ်ပေးနေကြတယ်”ဆိုတဲ့ စာသားနဲ့ ဗီဒီယိုထင်ခဲ့တာပါ။ ခါဝါလီဂျီက သူ့ကားမှန်ကို ကလေးတွေ သန့်ရှင်းရေးလုပ်ပေးတော့ သူတို့ကို ပိုက်ဆံပေးမယ့်အစား သူ့ကားနဲ့ ကြယ် ၅ ပွင့်ဟိုတယ်ဆီ ခေါ်သွားပြီး ညစာကျွေးဖြစ်ခဲ့ပါတယ်။ သူတို့တွေက ပထမဆုံးအကြိမ်အဖြစ် ကြယ် ၅ ပွင့်ဟိုတယ်မှာ ညစာစားရတော့ တအံ့တဩဖြစ်ပြီး မျက်လုံးအရောင်တွေတောက်လို့နေပါတယ်။

ခါဝါလီဂျီကိုယ်တိုင် အတူထိုင်ပေးခဲ့ပြီး ကလေးတွေရဲ့အစစ်အမှန်ပျော်ရွှင်မှုကို မျက်မြင်တွေ့ခဲ့ရပါတယ်။ ကလေးတွေက ပျော်လွန်းလို့ သူ့ကို ခဏခဏကျေးဇူးတင်နေခဲ့တာပါ။ သူကလည်း ဒီလိုအခိုက်အတန့်မျိုးကို ဖန်တီးပေးနိုင်လို့ ဝမ်းသာမိခဲ့ပါတယ်။ ဒီဗီဒီယိုကို ကြည့်ရှုသူ သန်း ၄၀ ကျော်သွားခဲ့ပြီး ကောင်းတဲ့မှတ်ချက်ပြုတဲ့ လူမှုကွန်ယက်အသုံးပြုသူတွေလည်းရှိနေပါတယ်။

ဗီဒီယိုကြည့်ရှုရန်

Ref: Generous Gesture: Man Invites Car-Cleaning Kids To 5-Star Hotel Dinner

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top