GrabFood က မိတ်ဖက် စားသောက်ဆိုင် ၅၀ တွင် မှာယူပါက ဇူလိုင်လ တစ်လတာလုံး အခမဲ့ ပို့ဆောင်ပေးမယ်

grabfood-free-1.jpg

GrabFood က စားသုံးသူများ အကြိုက်ဆုံးဖြစ်တဲ့ စားသောက်ဆိုင် (၅၀) မှာ အစားအစာမှာယူပါက ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ တစ်လတာလုံး အစားအသောက်များ အခမဲ့ ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။ အခမဲ့ ပို့ဆောင်မှုတွေကြောင့် GrabFood ဝန်ဆောင်မှု အသုံးပြုသူတွေက အထူးသဖြင့် အခုလို မိုးရာသီကာလအတွင်း အပြင်ထွက်ဝယ်ယူရန် မလိုဘဲ မိမိတို့ ကြိုက်နှစ်သက်ဲတဲ့ အစားအသောက်များကို လွယ်ယူအဆင်ပြေစွာ မှာယူသုံးဆောင်နိုင်မှာဖြစ်ပါတယ်။

GrabFood က အခုလိုအခမဲ့ ပို့ဆောင်ပေးခြင်းဖြင့် အစားအသောက်မှာယူ စားသုံးသူများ အများဆုံး ရွေးချယ်မှာယူလေ့ရှိတဲ့ စားသောက်ဆိုင်များဖြစ်တဲ့ Lotteria ၊ KFC ၊ YKKO ၊ The Pizza Company ၊ Gong Cha နဲ့ KSS ဒံပေါက်ဆိုင် အပါအဝင် အခြားသော လူကြိုက်များတဲ့ စားသောက်ဆိုင်များရဲ့ အော်ဒါပမာဏနှင့် ရောင်းအားကိုပါ မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။

ရန်ကုန်မြို့က GrabFood မှာယူစားသုံးသူများအနေနဲ့ ပို့ဆောင်ခ အခမဲ့ရရှိနိုင်တဲ့ စားသောက်ဆိုင်များကို Grab အက်ပလီကေးရှင်းအတွင်းရှိ GrabFood Homepage ရဲ့ Free delivery အုပ်စုထဲမှာ အလွယ်တကူ တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ အခမဲ့ ပို့ဆောင်မှု ရရှိနိုင်ရန်အတွက် ပရိုမိုကုဒ် JUSTEAT ကို အသုံးပြုနိုင်ပါတယ်။ ပို့ဆောင်ခ အခမဲ့ဖြင့် မှာယူနိုင်ရန် အနည်းဆုံး ငွေကျပ် (၄,၀၀၀) ဖိုး မှာယူရမှာဖြစ်ပြီး နေ့စဉ် ပထမဦးဆုံး မှာယူတဲ့ အော်ဒါ (၅၀၀) ခုအထိ အခမဲ့ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top