Grand Royal Special Reserve Whisky က Myanmar’s Pride Awards 2020 ၏ အဓိကပံ့ပိုးသူအဖြစ် သုံးနှစ်ဆက်တိုက်ပါဝင်ပံ့ပိုး

grandroyal.jpg

ကမ္ဘာက အသိအမှတ်ပြုရလောက်သည်အထိ ထူးချွန်သော “ရွှေမြန်မာတို့ရဲ့ အကောင်းဆုံး ဂုဏ်ယူဖွယ်ရာ” ဆန်ကာတင်စာရင်းဝင်များနှင့် ယင်းတို့၏အောင်မြင်မှုများကို ဂုဏ်ပြုရန် Grand Royal Special Reserve Whisky နှင့် Myanmar’s Pride Awards တို့ လက်တွဲ

နယ်ပယ် ၆ ခုမှ ထူးချွန်သူများနှင့် COVID-19 ကပ်ရောဂါ ကာကွယ်တားဆီးကုသရေးလုပ်ငန်းတွင် စွမ်းစွမ်း တမံပါဝင်နေသောအဖွဲ့အစည်းများကို ဂုဏ်ပြုသွားမည်

ဇန်နဝါရီလ ၁၀ ရက်မှ မတ်လ ၁၅ ရက်အထိ Myanmar’s Pride Awards လူမှုစာမျက်နှာ၏ messenger chatbot ကို facebook.com/myanmarsprideawards နှင့် QR code စကင်ဖတ်ကာ ဝင်ရောက်မဲပေးနိုင်

ယမန်နှစ်များနည်းတူ Grand Royal Special Reserve Whisky သည် တတိယအကြိမ်မြောက် Myanmar’s Pride Awards 2020 ဆုရွေးချယ်ပေးအပ်ရေးအစီအစဉ်၏ အဓိကပံ့ပိုးသူအဖြစ် ဆက်လက်ပါဝင်ပူးပေါင်းသွားမည်ဖြစ်သည်။ Myanmar’s Pride Awards နှင့် Grand Royal Special Reserve Whisky တို့သည် သက်ဆိုင်ရာ နယ်ပယ်အသီးသီးက နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သည်အထိ ထူးချွန်သော မြန်မာပြည်ဖွားများကို ဖော်ထုတ်ဂုဏ်ပြလိုသည့် ရည်ရွယ်ချက်ကြောင့် လက်တွဲခဲ့ကြခြင်းဖြစ်သည်။

မြန်မာ့ဂုဏ်ဆောင် အရည်အသွေးမြင့် ပြည်တွင်းအမှတ်တံဆိပ်တစ်ခုဖြစ်သော Grand Royal Special Reserve Whisky သည် ၎င်း၏ ထူးကဲသော အနံ့၊ အရသာရှိသည့် အကောင်းဆုံး မြန်မာ့မုယောဝီစကီကို နိုင်ငံတကာ Whiskey လောကတွင် အသိအမှတ်ပြုမှုရရှိအောင်စွမ်းဆောင်ခဲ့ရုံသာမက နိုင်ငံတကာကပေးအပ်သော ဆုပေါင်း ၃၂ ခုကို လည်း ရရှိထားသည်။ ဤကဲ့သို့ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်သော Grand Royal Special Reserve Whisky သည် ရည်မှန်းချက် တူညီသော အမှတ်တံဆိပ်များနှင့် ပူးပေါင်းကာ မြန်မာကို နိုင်ငံတကာက အသိအမှတ်ပြုရလောက်သည့် လုပ်ဆောင်မှု များကို လုပ်ဆောင်သွားရန် ရည်မှန်းထားသည်။

Grand Royal Group International Co., Ltd. ၏ အမှုဆောင်အရာရှိချုပ် Mr. Rahul Colaco က “၂၀၁၈ ခုနှစ်မှာ စတင်ကျင်းပခဲ့တဲ့ Myanmar’s Pride Awards ကို ပံ့ပိုးခြင်းအားဖြင့် ထူးချွန်သူမြန်မာပြည်ဖွားတွေကို အသိအမှတ်ပြုဖို့ အခွင့်အလမ်းတစ်ခုရလာခဲ့ပါတယ်။ Grand Royal Special Reserve Whisky ဟာ ပြည်တွင်းအမှတ်တံဆိပ်တစ်ခုအနေနဲ့ ကျွန်တော်တို့ရဲ့ စိတ်အားထက်သန်မှု၊ အခက်အခဲတွေကို ကြံ့ကြံ့ခံနိုင်တဲ့ ခံနိုင်ရည်ရှိမှု၊ နိုင်ငံတကာစံချိန်မီတဲ့ထုတ်ကုန် အစရှိတဲ့ အရည်အချင်းတွေနဲ့ နိုင်ငံရဲ့ဂုဏ်တက်စေဖို့ဆိုတဲ့ Myanmar’s Pride Awards နဲ့ အလားတူတဲ့ခံယူချက်မျိုး ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် ခုလိုလက်တွဲပြီး ထူးချွန်သူ မြန်မာပြည်ဖွားတွေကို ဖော်ထုတ် ဂုဏ်ပြုခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။ ဆန်ကာတင်စာရင်းဝင်သူတွေအားလုံးဟာ “ရွှေမြန်မာတို့ရဲ့ အကောင်းဆုံး ဂုဏ်ယူဖွယ်ရာ” လို့ ခေါ်ထိုက်တဲ့ ထူးချွန်အောင်မြင်ပြီး မျိုးဆက်သစ်လူငယ်တွေအားကျရလောက်တဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် စာရင်းဝင် အားလုံးဟာ သူတို့နဲ့ထိုက်တန်တဲ့ အားပေးထောက်ခဲ့မှု မဲဆန္ဒတွေရကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။” ဟုပြောကြားခဲ့ သည်။

Myanmar’s Pride Awards ဆုရွေးချယ်ပေးအပ်ရေးအစီအစဉ်ဖြစ်မြောက်အောင်စီစဉ်ဆောင်ရွက်နေသော Mango Advertising Co., Ltd. ၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်လင်းလင်းတင်ထွန်းက “Myanmar’s Pride Awards ကို စတင်ကျင်းပကတည်းက နိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်တဲ့ ထူးချွန်သူ မြန်မာပြည်ဖွားတွေကို ဖော်ထုတ်ဂုဏ်ပြုဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့ပါတယ်။ ဒီအစီအစဉ်ကို မတူညီတဲ့အမြင်သစ်တွေနဲ့ တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းအောင် ကြိုးစားစီစဉ်နေပါတယ်။ အဓိကပံ့ပိုးသူ Grand Royal Special Reserve Whisky နဲ့တကွ အခြားသော ကူညီပံ့ပိုးသူတွေရဲ့ အားပေးထောက်ပံ့မှုမပါရင် ဒီအစီအစဉ်ဟာ အောင်မြင်နိုင်မှာမဟုတ်ပါဘူး။ ဒီအစီအစဉ်ကနေတဆင့် မြန်မာကို ကမ္ဘာအလယ်ဝင့်ထည်စေပြီး အနာဂတ်လူငယ်တွေအတွက် စိတ်ဓါတ်ခွန်အားမြှင့်တင်ပေးမဲ့သူတွေကို ဖော်ထုတ်ဂုဏ်ပြု သွားနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောဆိုခဲ့သည်။

တတိယအကြိမ်မြောက် Myanmar’s Pride Awards ဂုဏ်ပြုဆုပေးပွဲတွင် အားကစားကဏ္ဍ၊ ဖျော်ဖြေရေးကဏ္ဍ၊ လူနေမှုဘဝကဏ္ဍ၊ အနုပညာကဏ္ဍ (ပန်းချီ)၊ လူမှုအကျိုးပြုကဏ္ဍ၊ စွန့်ဦးတီထွင်ကဏ္ဍ စသည့်နယ်ပယ် ၆ ခုမှ ထူးချွန်သူ များကို ဖော်ထုတ်ဂုဏ်ပြုသွားမည့်အပြင် COVID-19 ကပ်ရောဂါ ကာကွယ်တားဆီးကုသရေးလုပ်ငန်းတွင် စွမ်းစွမ်း တမံပါဝင်နေသောအဖွဲ့အစည်းများကို ဂုဏ်ထူးဆောင်ထူးချွန်ဆုပေးအပ်ပြီးဂုဏ်ပြုရန် စီစဉ်ထားပါသည်။ ရရှိလာသည့် ဆန္ဒမဲတစ်ခုစီတိုင်းအတွက် မြန်မာငွေ ၁၀ ကျပ်ကို Myanmar’s Pride Awards ၏ အဓိကပံ့ပိုးသူအနေဖြင့် Grand Royal Special Reserve Whisky က ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းအတွက် လှူဒါန်းသွားမည် ဖြစ်ပါသည်။ ထို့ကြောင့် အများပြည်သူတို့အနေနှင့် ဆန္ဒမဲပေးခြင်းအားဖြင့် မိမိလေးစားနှစ်သက်သည့် ထူးချွန်သူများကို ဂုဏ်ပြုနိုင်ရုံ သာမက ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေးတွင်လည်း တစ်တပ်တစ်အားပါဝင်နိုင်မည်ဖြစ်ပါသည်။

မဲဆန္ဒပေးရန် Myanmar’s Pride Awards လူမှုစာမျက်နှာ၏ messenger chatbot ကို facebook.com/myanmarsprideawards မှတဆင့်သော်လည်းကောင်း၊ QR code ကို scan ဖတ်၍သော်လည်းကောင်း ဝင်ရောက်နိုင်ပြီး မဲပေးခြင်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်မှ မတ်လ ၁၅ ရက်နေ့အထိ ပြုလုပ်နိုင်မည်ဖြစ်သည်။

Myanmar’s Pride Awards အကြောင်းကိုပိုမိုပြည့်စုံစွာသိရှိနိုင်ရန် Myanmar’s Pride Awards ၏ website www.myanmarsprideawards.com နှင့် တရားဝင် Facebook စာမျက်နှာ https://www.facebook.com/myanmarsprideawards ကို like နှင့် follow လုပ်ထားနိုင်ပါသည်။

Grand Royal Special Reserve Whisky အကြောင်း

Grand Royal Special Reserve သည် အရည်အသွေးမြင့်မားသောပါဝင်ပစ္စည်းများဖြင့် ရောစပ်ပြုလုပ်ထားပြီး ထူးကဲသော အနံ့၊ အရသာ၊ ခံစားမှုပေးနိုင်သည့် မြန်မာ့အကောင်းဆုံး မုယောဝီစကီ ဖြစ်သည်။ Grand Royal Special Reserve ဝီစကီကို အတွေ့အကြုံရင့်ကျက်သော စကော့တစ်ရှ်ဝီစကီကျွမ်းကျင်ပညာရှင်က စကော့တစ်ရှ်မုယောဝီစကီ ၁၆ မျိုး၊ စကော့တလန်နှင့် မြန်မာပြည်မှ မုယောစပါးဝီစကီတို့ကို ဂရုတစိုက်နှင့် အချိုးညီမျှစွာ ရောစပ်ဖန်တီးထားခြင်း ဖြစ်သည်။ Grand Royal Special Reserve ဝီစကီတွင် ပျားရည်နှင့် အခွံမာသီးတို့ အချိုးကျစွာပေါင်းစပ်ပါဝင်နေသော အရသာ၊ အမေရိကန်ဝက်သစ်ချသားအနံ့နှင့် သက်တမ်းရင့်မုယောအနံ့ပေါင်းစပ်ထားသည့် နှစ်လိုဖွယ်ရနံ့ရှိကာ နွေးထွေး လတ်ဆတ်ပြီးချိုမြိန်လန်းဆန်းသော ခံစားမှုပေးနိုင်သည့် ဝီစကီဖြစ်သည်။  မြင့်မားသောအရည်အသွေး၊ တမူထူးခြားသော အနံ၊ အရသာ၊ ခံစားမှုနှင့် ပြည့်စုံသည့် Grand Royal Special Reserve ဝီစကီသည် World Whiskies Awards 2020 အပါအဝင် နိုင်ငံတကာ အသိအမှတ်ပြု ဆုပေါင်း ၃၂ ကျော်ကို ဆွတ်ခူးရရှိထားသည်။

Myanmar’s Pride Awards အကြောင်း

Myanmar’s Pride Awards (MPA) မှာ နိုင်ငံတကာက လေးစားအသိအမှတ်ပြုရလောက်အထိ ထူးချွန်အောင်မြင်သော မြန်မာ့ဂုဏ်ဆောင်မြန်မာပြည်ဖွားများကို အသိအမှတ်ပြုချီးမြှောက်သော ဂုဏ်သရေကြီးမားပြီး လူအများကယုံကြည် စိတ်ချရသည့် ဆုရွေးချယ်ပေးအပ်ရေးအဖွဲ့ဖြစ်သည်။  MPA သည် ပွင့်လင်းမြင်သာမှု ရှိသောစံနှုန်းများဖြင့် အရည်အချင်း စစ်မှန်မှုအပေါ်အခြေခံကာ အသိအမှတ်ပြုခံထိုက်သည့် ထူးချွန်ထက်မြက်သူများကို ဖော်ထုတ်ချီးမြှောက်နေသည့် အစီအစဉ်ဖြစ်လာရန် ကြိုးပမ်းလျက်ရှိသည်။ ဤအစီအစဉ်ကြောင့် အနာဂတ်တွင် မြန်မာကို နိုင်ငံတကာက အသိအမှတ်ပြုအောင်စွမ်းဆောင်နိုင်မည့် လူငယ်များ၏ တီထွင်ဖန်တီးလိုစိတ်နှင့် စိတ်အား ထက်သန်မှုများကို မြှင့်တင်ပေးနိုင်ရန်လည်း ရည်ရွယ်သည်။ ဤဆုရွေးချယ်ပေးအပ်ရေး အစီအစဉ်ကို ၂၀၁၈ ခုနှစ်တွင် Pride of Myanmar အမည်ဖြင့်စတင်ကျင်းပခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် Myanmar’s Pride Awards အဖြစ် အမည်ပြောင်းလဲ ကျင်းပခဲ့သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top