Captain America 4 မှာ ပါဝင်မယ့် ဟယ်ရီဆင်ဖို့ဒ်

19-10-2022-yyl-01.jpg

အင်ဒီယာနာဂျုန်းအဖြစ် ပရိသတ်တွေ သိကြတဲ့ ဝါရင့်မင်းသားကြီး ဟယ်ရီဆင်ဖို့ဒ်ဟာ Marvel ဇာတ်ကားတစ်ကားမှာ ပါဝင်တော့မှာပါ။ သူဟာ Captain America: New World Order (Captain America 4) မှာ ဗိုလ်ချုပ် Thaddeus Thunderbolt Ross (ခေါ်) Red Hulk ဇာတ်ကောင်အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။ အရင်က အဲဒီဇာတ်ကောင်ကို မတ်လက သေဆုံးသွားခဲ့တဲ့ အသက် ၇၁ နှစ်အရွယ် မင်းသားဝီလျံဟတ်တ်က သရုပ်ဆောင်ခဲ့တာပါ။

Marvel က ၂၀၀၈ ခုနှစ်ရဲ့ The Incredible Hulk၊ ၂၀၁၆ ခုနှစ်ရဲ့ Captain America: Civil War၊ ၂၀၁၈ ခုနှစ်ရဲ့ Avengers: Infinity War၊ ၂၀၁၉ ခုနှစ်ရဲ့ Avengers: End Game နဲ့ ၂၀၂၁ ခုနှစ်ရဲ့ Black Widow အစရှိတဲ့ MCU ဇာတ်ကား (၄) ကားမှာ ဝီလျံ သရုပ်ဆောင်ခဲ့တဲ့ ဒီဇာတ်ကောင်နေရာကို ယူဖို့ ဟယ်ရီဆင်ဖို့ဒ်ကို မျက်စိကျနေတယ်ဆိုတဲ့သတင်းထွက်ရှိနေခဲ့တာတော့ ကြာပါပြီ။ အခုကတော့ အဲဒီဇာတ်ကောင်နေရာမှာ ဟယ်ရီဆင်ဖို့ဒ် သရုပ်ဆောင်မယ်ဆိုတာ သေချာသွားပါပြီ။

Captain America: New World Order က ၂၀၂၁ ခုနှစ်ရဲ့ Disney စီးရီး The Falcon ‌and the Winter Solider ရဲ့အဖြစ်အပျက်တွေအပြီးဇာတ်အိမ်တည်မှာဖြစ်ပါတယ်။ ဂျူလီယက် အိုနာချ်က ရိုက်ကူးမှာဖြစ်ပြီး ၂၀၂၄ ခုနှစ် မေလမှာ ရုံတင်ပြသဖို့ မျှော်လင့်ရပါတယ်။ အသက် ၈၀ အရွယ် ဟယ်ရီဆင်ဖို့ဒ်က သူ့ကို အင်ဒီယာနာဂျုန်းအဖြစ် လူသိများစေခဲ့တဲ့ Indiana Jones (၅) ကားမြောက်မှာလည်း ပါဝင်ထားပြီး အဲဒီဇာတ်ကားကို ၂၀၂၃ ခုနှစ် ဇွန်လမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

Ref: 8daysSingapore “Harrison Ford To Join MCU As Thaddeus ‘Thunderbolt’ Ross In Captain America 4”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top