အလန်ရှီးယားရဲ့ ဂိုးသွင်းစံချိန်ကို ချိုးဖျက်လိုက်တဲ့ စပါးတိုက်စစ်မှုး ဟာရီကိန်း

skysports-premier-league-football-harry-kane-tottenham-hotspur_4191990.jpg

စပါးအသင်း အဓိကတိုက်စစ်မှူး ဟာရီကိန်းဟာ စပါးအသင်းက ဆောက်သမ်တန်ကို ၅ ဂိုး ၂ ဂိုးနဲ့အနိုင်တဲ့ ပွဲစဉ်မှာ ဟတ်ထရစ်ဂိုးသွင်းယူနိုင်ပြီးနောက် အင်္ဂလန် ဂန္တဝင် ကစားသမားကြီး အလန်ရှီးယား သွင်းယူထားတဲ့ ပြက္ခဒိန်တစ်နှစ်အတွင်း ပရီးမီးယားလိဂ် ဂိုးအများဆုံးသွင်းယူတဲ့ စံချိန်ကိုကျော်ဖြတ်နိုင်ခဲ့တယ်လို့သိရပါတယ်။

အင်္ဂလန်တိုက်စစ်မှုးဟာရီကိန်းဟာ ၂၀၁၇ ခုနှစ် ပြက္ခဒိန် တစ်နှစ်အတွင်း ဟတ်ထရစ်ဂိုး ၈ ကြိမ်သွင်းယူနိုင်မှုနဲ့အတူ ပရီးမီယားလိဂ် ဂိုးပေါင်း ၃၉ ဂိုးသွင်းယူထားနိုင်ခဲ့တယ်လို့သိရပါတယ်။ အင်္ဂလန် တိုက်စစ်မှုးဟောင်း အလန်ရှီးယားဟာ ၁၉၉၅ ခုနှစ်က ဘလက်ဘန်း ကစားသမားအဖြစ် ကစားချိန်မှာ ပြက္ခဒိန်တစ်နှစ်အတွင်း ဂိုးပေါင်း ၃၆ ဂိုး သွင်းယူခဲ့ပါတယ်။ ဆောက်သမ်တန်နဲ့ပွဲ ပွဲချိန်(၂၂)မိနစ်မှာ သွင်းယူခဲ့တဲ့ ဟာရီကိန်းရဲ့ ခေါင်းတိုက်ဂိုးက အဲဒီစံချိန်ကို ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဟာရီကိန်းက ဆောက်သမ်တန်နဲ့ ပွဲမှာ ၃ ဂိုးသွင်းယူပြီးနောက် ပြက္ခဒိန်တစ်နှစ်အတွင်း သွင်းဂိုး ၃၉ ဂိုးရှိသွားခဲ့ပြီဖြစ်ပါတယ်။ စပါးအသင်း ဟာ ဆောက်သမ်နဲ့ ပွဲမှာအနိုင်ရခဲ့မှုကြောင့် ပရီးမီယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာကို ရောက်ရှိခဲ့ပါတယ်။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref : Skysports : Harry Kane break Premier League calendar year goals record

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top