ကမ္ဘာတစ်ဝှမ်းက H&M ဆိုင်ပေါင်း (၂၅၀) ကို မကြာခင် ပိတ်ပစ်တော့မယ်

5-9-2020-yyl-001.jpg

ကိုရိုနာဗိုင်းရပ်စ်ရောဂါအတွင်း ရောင်းအားကျသွားတဲ့အတွက် H & M နာမည်ကြီးဖက်ရှင်ကုမ္ပဏီက ဆိုင် (၂၅၀) ကို နောက်နှစ်မှာ ပိတ်ပစ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ စက်တင်ဘာလမှာ ရောင်းအား ၅ ရာခိုင်နှုန်းကျဆင်းသွားတဲ့ ကိုဗစ်-၁၉ရဲ့အကျိုးဆက်ကြောင့် ဆိုင်ပေါင်း (၂၀၀) ကျော်ကို ပိတ်ပစ်ဖို့ စီစဉ်ထားတယ်လို့ ပြီးခဲ့တဲ့ကြာသပတေးနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။


“ကပ်ရောဂါအတွင်း ဖောက်သည်တွေက အွန်လိုင်းကနေ ဈေးဝယ်ထွက်လာကြပါပြီ။ သူတို့တွေက အွန်လိုင်းကနေ ဈေးဝယ်ထွက်ရတာ သက်တောင့်သက်သာရှိတဲ့အတွေ့အကြုံကို တန်ဖိုးထားကြတယ်ဆိုတာ ရှင်းလင်းနေပါတယ်”လို့ H&M ရဲ့စီအီးအို ဟီလီနာ ဟီလ် မာစ်ဆန်က ပြောပါတယ်။ “ကျွန်မတို့တွေ ဖောက်သည်တွေနဲ့ သဟဇာတဖြစ်ဖို့နဲ့ နေရာတော်တော်များများကနေ ဝယ်ယူရရှိနိုင်ဖို့ အနာဂတ်မှာ အလိုက်သင့်ပြောင်းလဲနိုင်ဖို့က အရေးကြီးပါတယ်”လို့ ဟီလီနာက ဆက်လက်ပြောပါတယ်။

လက်ရှိမှာတော့ H & M က ဆိုင်ပေါင်း (၅၀၀၀) ကျော်ရှိပြီး မကြာခင်ပိတ်သိမ်းမှုက အဲဒီဆိုင်တွေထဲက ၅ ရာခိုင်နှုန်းပါဝင်မှာဖြစ်ပါတယ်။ အဝတ်အထည်တွေကို ဖြန့်ဖြူးရောင်းချတဲ့ အခြားဆိုင်တွေလိုပဲ ကပ်ရောဂါက H & M ဆိုင်တချို့ကို ဝင်ငွေဆုံးရှုံးနစ်နာစေတဲ့ ရလဒ်ကြောင့် ပိတ်သိမ်းဖို့ တွန်းအားပေးခဲ့ပါတယ်။ “စိန်ခေါ်မှုတွေက ဖြတ်ကျော်လို့မပြီးသေးပေမဲ့ အဆိုးရွားဆုံးက ကျွန်မတို့နောက်မှာရှိနေပြီး ဒီအကျပ်အတည်းတွေကနေ ကျွန်မတို့ ရုန်းထွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကပ်ရောဂါပြီးတဲ့နောက်ပိုင်းမှ ထုတ်ကုန်တွေအတွက် ဝယ်လိုအားကောင်းလာမယ်လို့ မျှော်လင့်ရပါတယ်။ အခုဆိုရင် ကျွန်မတို့တွေ အပြောင်းအလဲဖြစ်နေတဲ့အလုပ်ကို အရှိန်မြင့်ပြီး လုပ်နေပါတယ်။ ဒါမှ ကျွန်မတို့ဖောက်သည်တွေအတွက် ဆက်လက်လုပ်ဆောင်ပေးနိုင်မှာပါ”လို့ ဟီလီနာက ပြောပါတယ်။

ကပ်ရောဂါကြောင့် H&M အပါအဝင် Victoria’s Secret နဲ့ အခြားနာမည်ကြီးဆိုင်တွေကိုလည်း ပိတ်သိမ်းဖို့ အစီအစဉ်ရှိနေကြပါတယ်။

Ref: ABCNews “H&M is closing 250 stores amid coronavirus pandemic”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top