HUAWEI Mate 50 Series Experience Workshop ပြုလုပ်

27-10-2022yyl34.jpg

HUAWEI Mate 50 Series Experience Workshop ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရန်ကုန်မြို့၊ Huawei မြန်မာရုံးချုပ်၌ ပြုလုပ်ခဲ့သည်၊၊အဆိုပါအခမ်းအနားတွင် South-East Asia Multinational Countries မှ Head of Huawei Consumer Business Group ဖြစ်သူ Mr. Peter Chen မှအဖွင့်အမှာစကားပြောကြားခဲ့ပြီး The Visual Arts Studio ၏ Founder နှင့် Director ဖြစ်သူ ကိုနိုင်လင်း၊ နည်းပညာဆိုင်ရာဗဟုသုတသုံးသပ်ဝေမျှသူများ (Top Tech Reviewers) ဖြစ်ကြသည့် Myanmar Mobile & Tech Review ၏ Founder ကိုအောင်ကျော်သူ၊ Tech Gadget ၏ Founder ကိုဇော်ရဲ၊ HoneyBee ၏ Founder မဟန်နီထက်ထက်နှင့် အထူးဧည့်သည်တော်အဖြစ် အနုပညာရှင် ကိုရော်ရွက် တို့မှ Huawei ၏ နောက်ဆုံးထွက်ရှိထားသည့် Flagship ဖုန်း Series ဖြစ်သည့် Mate 50 Series အသုံးပြုမှုအတွေ့အကြုံများ၊ Mate 50 Pro ကိုအသုံးပြုပြီး Commercial Shoot ရိုက်ကူးခြင်းအတွေ့အကြုံများနှင့် Huawei ၏ နောက်ဆုံးပေါ်နည်းပညာများနှင့်ပက်သတ်၍ ဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် The Visual Arts Studio ၏ Founder နှင့် Director ဖြစ်သူ ကိုနိုင်လင်းမှ HUAWEI Mate 50 Pro ၏ ကင်မရာအား အသုံးပြု၍ Commercial Shoot ရိုက်ကူးသည့်အတွေ့အကြုံများနှင့်ရိုက်ကူးခဲ့သည့် ဗီဒီယိုအား ရှင်းလင်းပြသခဲ့သည်။ ကိုနိုင်လင်းမှ Mate 50 Pro ဖြင့်ရိုက်ကူးရာတွင် Professional Camera တစ်လုံးကဲ့သို့ ရိုက်ကူးနိုင်ကြောင်းနှင့် Mate 50 Pro ကင်မရာနှင့်ပက်သတ်သည့် အခြားစိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် Top Tech Reviewers များဖြစ်ကြသည့် ကိုအောင်ကျော်သူနှင့် ကိုဇော်ရဲတို့မှ Mate 50 Pro အားအသုံးပြုရသည့် အတွေ့အကြုံများ၊ Mate 50 Pro (Kunlun Glass version) ၏ ပြုတ်ကျမှုခံနိုင်အားမှာ အခြားဖုန်းများထက် ၁၀ ဆ ပိုမိုခြင်း၊ ကင်မရာပိုင်း၊ Huawei ၏ EMUI အသုံးပြုမှု အတွေ့အကြုံများ၊ Huawei App Gallery တိုးတက်လာမှုနှင့် စမတ်ဖုန်းများ၏အနာဂါတ်နှင့်ပက်သတ်သော အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့ကြသည်။

HUAWEI Mate 50 Series အား Mate Series စမတ်ဖုန်းများထုတ်လုပ်ခဲ့သည့် ၁၀ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ထုတ်လုပ်ထားပြီး မျှော်မှန်းထားသည်ထက်ပိုသော နောက်ဆုံးပေါ် နည်းပညာများဖြင့် ထုတ်လုပ်ထားသည်။ HUAWEI Mate Series အသစ်သည် DxO Mark Ranking တွင် အမှတ်အများဆုံးရရှိထားပြီး တရုတ်ပြည်တွင်ရောင်းအားအကောင်းဆုံးဖုန်းဖြစ်သည်။ Pre-order တင်သည့် အရေအတွက်မှာ ၂.၄၅ မီလီယံ ကျော်ခဲ့ပြီး ပထမဆုံးစတင်ရောင်းချသည့်နေ့တွင်လည်း ၁၀ စက္ကန့်အတွင်း Stock ပြတ်သည်အထိ ရောင်းထွက်ခဲ့သည့် ရောင်းအားအကောင်းဆုံး ဖုန်းဖြစ်သည်။

HUAWEI Mate 50 Series ဖုန်းများ၏ အနောက်ဘက်ဒီဇိုင်းအား မှန်နှင့် Vegan Leather ဟူ၍ နှစ်မျိုး ထုတ်လုပ်ထားသည်။ မှန်အနောက်ဘက်ကာဗာအား ကျက်သရေရှိစွာ လှပသော Silver (ငွေရောင်) နှင့် Black (အနက်ရောင်) ဟူ၍ အရောင်နှစ်ရောင်ထုတ်လုပ်ထားပြီး Vegan Leather အား နေရောင်ခြည်၏ လိမ္မော်ရောင်စဉ်များအား အခြေခံကာ Orange (လိမ္မော်ရောင်) ထုတ်လုပ်ထားသည်။

HUAWEI Mate 50 Series ဖုန်းများသည် နေ့စဉ်အသုံးပြုသည့်အခါတွင် လွယ်ကူအဆင်ပြေစေသည့် နောက်ဆုံးပေါ် EMUI 13 ဖြင့်ထုတ်လုပ်ထားသည့် ပထမဆုံး စမတ်ဖုန်းဖြစ်သည်။ SuperStorage လုပ်ဆောင်ချက်မှ နှစ်ခုထပ်နေသည့် ဖိုင်များအား အလိုအလျောက် ဖယ်ရှားပေးပြီး အသုံးပြုမှုနည်းသည့် Application များအား ချုံ့ထားပေးသည်။ ၎င်းသည် များပြားလှသော ဓါတ်ပုံနှင့် ဗီဒီယိုများအတွက် 20GB အထိ (ROM 256GB ရှိသည့်ဖုန်းတွင်) နေရာချန်ထားပေးနိုင်သည်။

HUAWEI Mate 50 Series တွင် HUAWEI Mate 50 နှင့် Mate 50 Pro တို့ကို RAM 8 GB + 256 GB Storage အမျိုးအစားဖြင့် ရရှိမှာဖြစ်ပြီး အရောင်အားဖြင့် Black (အနက်ရောင်)နှင့် Silver (ငွေရောင်) တို့အားလည်းကောင်း၊ HUAWEI Mate 50 Pro (Kunlun Glass version) ကို RAM 8 GB + 512 GB Storage အမျိုးအစားဖြင့် ရရှိမှာ ဖြစ်ပြီး အရောင်အားဖြင့် Orange (လိမ္မော်ရောင်) Vegan Leather အား ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ Huawei Mate 50 အား မြန်မာကျပ် ၂,၂၉၉,၀၀၀ ဖြင့်လည်းကောင်း၊ Mate 50 Pro (အနက်ရောင်နှင့် ငွေရောင်)တို့အား မြန်မာကျပ် ၂,၈၉၉,၀၀၀ နှင့် Mate 50 Pro (Kunlun Glass version, လိမ္မော်ရောင်) အား မြန်မာကျပ် ၃,၃၉၉,၀၀၀ တို့ဖြင့် ဒီဇင်ဘာလ (၁) ရက်နေ့မှ စတင်ဝယ်ယူနိုင်မည်ဖြစ်သည်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top