ဘိုလီဗီယာက ကမ္ဘာ့အန္တရာယ် အများဆုံး သေမင်းတမန်လမ်း

8-7-2020-yyl-015.jpg

ကမ္ဘာတစ်လွှားက စွန့်စွန့်စားစားကိုမှ ရှာဖွေချင်သူတွေကိုတော့ အန္တရာယ်များတဲ့ ဒီလမ်းကို မသွားဖို့တိုက်တွန်းပါရစေ။ ဘိုလီဗီယာမှာ သည်းထိတ်ရင်ဖို စွန့်စားရဆုံး နေရာတစ်ခုလို့ လူသိများတဲ့ သေမင်းတမန်လမ်းမှာ

စက်ဘီစီးရင်တောင် ဒါက တော်တော်အန္တရာယ်များတဲ့ အားကစားနည်းဖြစ်နေပါပြီ။ နှစ်၂၀ ကြာပြီး ခေတ်မီဖွံ့ဖြိုးလာချိန်မှာ အန္တရာယ်ကင်းပြီပြောပေမဲ့ တကယ်တမ်း ဘယ်လောက်ထိ အန္တရာယ်ကင်းမှာလည်းဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။

၄၃ မိုင် (၆၉ ကီလိုမီတာ) ရှည်လျားပြီး ၁၀ ပေထက်ပိုမကျယ်တဲ့ ဒီလမ်းမှာ အတက်အဆင်းလုပ်တာက မြူတွေ ၊ မြေပြိုမှုတွေနဲ့ ပေ ၂၀၀၀ ထိပြုတ်ကျနိုင်တဲ့ ချောက်ကမ်းပါးတွေကြောင့် အန္တရာယ်များလှပါတယ်။ ၁၉၉၄ခုနှစ်ထိ ဒီနေရာမှာ သေဆုံးသူအရေအတွက်က ၃၀၀၀ ရှိခဲ့ပါတယ်။ ၁၉၃၀ ခုနှစ်တွေက Chaco စစ်ပွဲအတွင်း ဘရာဇီးတွေနဲ့ တိုက်ပွဲပြင်းထန်နေချိန် ပါရာဂွေးအကျဉ်းထောင်ကလူတွေက လမ်းကို ဖျက်ဆီးခဲ့ပါတယ်။

ယွန်းဂတ်စ် (Yungas)လမ်း ခေါ် သေမင်းတမန်လမ်းက ဘိုလီဗီယာမြို့တော် လာပတ်စ် (La Paz) နဲ့ ခရိုအေးရှားမြို့ကို ဆက်သွယ်ထားတာပါ။ တောင်တန်းထူထပ်စွာ ဝန်းရံထားတဲ့ ဒီလမ်းမကြီးက အမေဇုန်သစ်တောကနေ မြို့တော်အထိ တစ်ဆက်တည်း ဆက်သွားပါတယ်။ ဒါကြောင့် ကုန်သည်တွေက သစ်နဲ့ ကောက်ပဲသီးနှံတွေကို ကုန်တင်ကားတွေ၊ ဘတ်စ်ကားတွေနဲ့တင်ပြီး သွားရောင်းကြတဲ့အတွက် ဒီနေရာမှာ ယာဉ်မတော်တဆမှုဖြစ်ပြီး အသက်တွေ ဆုံးရှုံးကြရတာဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်အထိ ယွန်းဂတ်စ်လမ်းက ခရိုအေးရှားကနေ လာပတ်စ်ကို သွားဖို့ တစ်ကြောင်းတည်းသော လမ်းခရီးဖြစ်ပြီး လမ်းကျဉ်းလေး
တစ်ခုထက်မပိုတဲ့ ဒီလမ်းမှာ ယာဉ်ပေါင်းများစွာ ဖြတ်သန်းသွားလာနေတာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ အစိုးရက လမ်းအသစ်ဖောက်ပေးခဲ့ပါတယ်။ အခုဆိုရင်တော့ ယွန်းဂတ်စ်လမ်းမှာ ယာဉ်ကြောနှစ်ခု၊ လူသွားလမ်းအသစ်၊ ရေဖောက်ထုတ်ခြင်းစနစ်နဲ့ လမ်းအကာတွေလည်းရှိနေပါပြီ။

ဒါပေမဲ့ ယနေ့ထိတိုင် ယွန်းဂတ်စ်လမ်းက ကမ္ဘာ့အန္တရာယ်အများဆုံး လမ်းဖြစ်နေဆဲပါပဲ။ ဒီလမ်းမှာမှ စွန့်စွန့်စားစားသွားချင်ပါတယ်ဆိုသူတွေအတွက်ကတော့ မပြန်လမ်းကိုမြန်းရဖို့ များနေပြီး နောင်လာနောက်သားတွေအတွက် ဥပမာကောင်းဖြစ်သွားနိုင်ပါတယ်။

Ref:Curiosity “Is Bolivia death road still the world’s most dangerous road”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top