ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းဝင်ရဲ့ ချစ်သူကောင်မလေးပုံတူရုပ်တုပါသန်း ၅၀၀ တန် အပျော်စီးရွက်လှေ

19.5.2023-yyl-8.jpg

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်တဲ့ Amazon တည်ထောင်သူ ဂျက်ဖ် ဘေးဇို့စ်ရဲ့ အပျော်စီးရွက်လှေကတော့ အပြင်အဆင်အသစ်နဲ့ပါ။ အဲဒီရွက်လှေမှာ သူ့ချစ်သူကောင်မလေး လော်ရန် ဆန်းချက်ဇ်ရဲ့သစ်သားပုံတူရုပ်တုပါရှိပါတယ်။ အပျော်စီးရွက်လှေက Koru လို့ အမည်ရပြီး ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိပါတယ်။ တနင်္လာနေ့က ဂျက်ဖ်ဘေးဇို့စ်တို့စုံတွဲကို အဲဒီရွက်လှေနဲ့ စပိန်ကျွန်းအနှံ့ ရွက်လွှင့်လည်ပတ်နေတာကို တွေ့ရပါတယ်။

လော်ရန်ဆန်းချက်ဇ်ရဲ့ပုံတူရုပ်တုက Maori မျိုးနွယ်စုရဲ့ Koru သင်္ကေတကို ဝတ်ဆင်ထားပါတယ်။ Koru က Maoriရိုးရာဓလေ့တွေရဲ့အရေးကြီးဆုံးသင်္ကေတတွေထဲက တစ်ခုဖြစ်တဲ့ စတင်မှုအသစ်၊ ဘဝစာမျက်နှာအသစ်၊ အပြုသဘောဆောင်တဲ့ပြောင်းလဲမှု၊ ပုဂ္ဂိုလ်ရေးဆိုင်ရာတိုးတက်မှုနဲ့ အနာဂတ်မျှော်လင့်ချက်တွေကို ကိုယ်စားပြုပါတယ်။

ကမ္ဘာ့အကြီးဆုံးရွက်လှေလို့ ယူဆရတဲ့ ဒီအပျော်စီးရွက်လှေမှာ မြင့်မားတဲ့ရွက်တိုင်သုံးခုနဲ့ ရေကူးကန်တစ်ခုအပါအဝင် သင်္ဘောကုန်းပတ်များစွာပါ ပါတယ်။

ဂျက်ဖ် ဘေးဇို့စ်က ၂၅ နှစ်တာ လက်တွဲခဲ့တဲ့ မက္ကင်ဇီ စကော့တ်နဲ့ ကွာရှင်းပြီးတဲ့နောက် ၂၀၁၉ ခုနှစ်မှာ ဂျာနယ်လစ် လော်ရန် ဆန်းချက်ဇ်နဲ့ လူသိရှင်ကြား တွဲခဲ့ကြတာပါ။

Ref: Jeff Bezos’ $500 Million Yacht Has a Sculpture of Lauren Sanchez

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top