JOOX မှ ၂၀၂၀ ပထမနှစ်ဝက် ဆုပေးပွဲ၏ ရွှေတံဆိပ်ဆုရှင်များနှင့် သီချင်းများကို ထုတ်ပြန်ကြေညာ

JOOX-Photo-1.jpg

မြန်မာနိုင်ငံတွင် ရေပန်းစား လူကြိုက်များလျက်ရှိသော အင်တာနက်မှ သီချင်း နားထောင်နိုင်သည့် JOOX အက်ပလီကေးရှင်းသည် ၂၀၂၀ ပထမနှစ်ဝက်အတွင်း ရေပန်းစား အနုပညာရှင်များနှင့် သီချင်းများကို ကြေညာ ခဲ့သည်။ ဆုရရှိသူများစာရင်းတွင် JOOX အက်ပလီကေးရှင်း အသုံးပြုသူများ ကိုယ်တိုင်ရွေးချယ်ထားသည့် ပထမနှစ်ဝက် အတွင်း ရေပန်းစား အနုပညာရှင် ၅ ဦးနှင့် သီချင်း ၅ ပုဒ်ပါဝင်သည်။ JOOX မှ ပထမနှစ်ဝက်အတွင်း ရေပန်းစား အနုပညာရှင် ၅ ဦးနှင့် သီချင်း ၅ ပုဒ်ကို အောက်ပါအတိုင်း ရွှေသားအစစ်ဖြင့် ပြုလုပ်ထားသည့် ရွှေတံဆိပ်ဆုကို ပေးအပ်ချီးမြှင့်သွားမည် ဖြစ်သည်။

ပထမနှစ်ဝက်အတွင်း ရေပန်းစား အနုပညာရှင် ၅ ဦး

စိုင်းစိုင်းခမ်းလှိုင်၊ AR-T ၊ ဖြိုးမြတ်အောင်၊ ချမ်းမြေ့မောင်ချို၊ Benjamin Sum

ပထမနှစ်ဝက်အတွင်း ရေပန်းစား သီချင်း ၅ ပုဒ်

  • ဒုတိယဘုရားသခင် (တေးရေး− ဒယ်ဒီသံသံ၊ တေးဆို − ဖြိုးမြတ်အောင်)၊ Album: သင့်အတွက်မနက်ဖြန်
  • ထွက်သွားပါတော့ (တေးရေး− ဝေဟင်ကိုကို ၊ တေးဆို– ဖြူဖြူကျော်သိန်း)၊ Album: ထွက်သွားပါတော့
  • အိပ်မက်လေး (တေးရေး–ဆောင်းဦးလှိုင်နှင့် AR-T၊ တေးဆို – AR-T) Album: အိပ်မက်လေး
  • Loser (တေးရေး – ဟဲလေး ၊တေးဆို – ချမ်းမြေ့မောင်ချို) ၊ Album : Eleven
  • နည်းနည်းလေးချစ်ပေးပါ (တေးရေး- ဝေလ၊ တေးဆို – Eint Chit) ၊ Album: နည်းနည်းလေးချစ်ပေးပါ
    JOOX ၏ ၂၀၂၀ ပထမနှစ်ဝက်ဆုပေးပွဲကို သြဂုတ်လ ၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ JOOX အက်ပလီကေးရှင်းမှ ကျင်းပပြုလုပ် ခဲ့ပြီး ဤ ၁၂ ရက်အတွင်း JOOX အသုံးပြုသူများအနေဖြင့် JOOX တွင် ရေပန်းစားဆုံး သီချင်းအပုဒ် ၁၀၀ နှင့် အနုပညာရှင်များ ထဲမှ မိမိတို့ ကြိုက်နှစ်သက်သော အနုပညာရှင်များနှင့် သီချင်းများကို
    မဲပေးရွေးချယ်ခဲ့ကြသည်။ ပရိသတ်များ မဲပေးမှုရလဒ် အရ JOOX မှ ဆုရရှိသည့် အနုပညာရှင်များနှင့်သီချင်းများကို ရွှေသားအစစ်ဖြင့် ပြုလုပ်ထားသည့် ရွှေတံဆိပ်ဆုကို ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

JOOX Myanmar ၏ Country Manager ဖြစ်သူ Mr. John Zhang က “နောက်ဆုံးတော့ မဲအများဆုံးရရှိသွားတဲ့ အနုပညာရှင် များကို ကြေညာရမယ့် အချိန်ရောက်လာခဲ့ပါပြီ။ ဒီထက်ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတာ မရှိတော့ပါဘူး။ JOOX ကိုယ်စား ကျွန်တော်က မဲအများဆုံး ရရှိပြီး ရွှေတံဆိပ်ရရှိသွားတဲ့ အနုပညာရှင်တွေကို ဂုဏ်ပြုပေးချင်ပါတယ်။ သူတို့ရဲ့ ကြိုးစား အားထုတ်မှုနဲ့ အနုပညာတီထွင်ဖန်တီးမှု့တွေကြောင့် ကျွန်တော်တို့အားလုံးရဲ့ နေ့ရက်တွေ သီးချင်းတွေနားထောင်ခံစားရင်း ခက်ခဲတဲ့အချိန်တွေကို
ကျော်ဖြတ်စေနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီစိတ်လှုပ်ရှားစရာ Voting Campaign မှာ ပါဝင်မဲပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်တိုင်းကိုလည်း အထူးကျေဇူးတင်ရှိပါတယ်။ နောက်ထပ်ပြီး ဒီလိုအစီအစဉ်ကောင်းတွေ လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

JOOX သည် “Freemium” အခမဲ့ သီချင်းနားထောင်နိုင်ရသည့် အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး ဟောင်ကောင်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် မြန်မာအပါအဝင် အာရှဈေးကွက်တွင် ရယူနားဆင်နိုင်မည်ဖြစ်သည်။ JOOX ကို
ကမ္ဘာတစ်ဝန်းတွင် အသုံးပြုသူဦးရေ သန်းပေါင်း ၂၉၀ ကျော်ရှိပြီး ၁၅ ဘီလီယံ ကျော် နားဆင်မှုများ ရှိသည်။ JOOX သည် နိုင်ငံတစ်နိုင်ငံချင်းစီမှ အသုံးပြုသူများ၏ ဂီတအပေါ် စိတ်ဝင်စားမှုများအလိုက် ဝန်ဆောင်မှုများကို ထောက်ပံ့လျက်ရှိသည်။ JOOX တွင် မြန်မာ သီချင်းအားလုံးကို အခမဲ့နားဆင်နိုင်မည်ဖြစ်ပြီး အချို့သော နိုင်ငံတကာမှ သီချင်းများကိုသာလျှင် VIP Membership ဝယ်ယူ၍ နားဆင်နိုင်မည်ဖြစ်သည်။


ဤ ၂၀၂၀ ပထမနှစ်ဝက် ဆုပေးပွဲ သည် JOOX မှ Covid-19 အကျပ်အတည်းကာလအစမှ စ၍ တင်ဆက်ခဲ့သော အွန်လိုင်းပွဲ၊ အစီအစဉ်များဖြစ်သည့် ပြည်တွင်းပြည်ပ အဆိုတော်များ၏ တိုက်ရိုက် ဖျော်ဖြေတင်ဆက်မှုများ ပါဝင်သော JOOX ၏ ကမ္ဘာ့ ဂီတနေ့ ပွဲတော် “Sounds of Happiness” ပွဲတော် နှင့် အိမ်တွင်နေစဉ် ကာလ အပြင်မထွက်ရသူ အားလုံး၏ စိတ်အခြေအနေကို တက်ကြွပျော်ရွှင်စေရန်နှင့် ကျန်းမာရေး လမ်းညွှန်ချက်များကိုပိုမို သိရှိပျံ့ပွားစေရန် ရည်ရွယ်စီစဉ်ထားသည့် စိတ်အား မြှင့်တင်ပေးသော သီချင်း Playlist များ စသည်တို့၏ နောက်ဆက်တွဲ အစီအစဉ်တစ်ခုပင် ဖြစ်သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top