LGBT လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ချင်သူ

လူကြီး၊ လူငယ်၊ ကျား၊ မ ဆိုတာ အသက်အရွယ်၊ လိင်အင်္ဂါကွာခြားမှုတစ်ခုသာဖြစ်ပြီး လူတစ်ဦးတစ်ယောက်ရဲ့ စွမ်းရည်ကို အဲဒီအရာတွေနဲ့တိုင်းတာလို့မရဘဲ လုပ်ဆောင်ချက်စွမ်းရည်နဲ့သာ တိုင်းတာနိုင်တယ်ဆိုတာ ကိုအောင်သန့်တစ်ဖြစ်လဲ မရှင်းသန့်ဘဝက ဖော်ပြနေပါတယ်။

 လဲရင်ပြန်ထ ဒါဘဝ ဆိုတဲ့ စကားအတိုင်း သူမရဲ့ဘဝမှာ အကြိမ်ကြိမ်လွဲချော်ခဲ့ပေမဲ့ အခုတော့ လဲပြိုမှုတွေကို ကျော်လွှားပြီး အောင်မြင်တဲ့ LGBT အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့အပြင် မြန်မာနိုင်ငံကိုယ်စားပြု လိင်ပြောင်းအလှမယ်တစ်ဦးလည်းဖြစ်လို့နေပါပြီ။

သူမ နည်းတူ လိင်စိတ်ခံစားမှု မူမမှန်တဲ့သူတွေအားလုံးအတွက် သူ့မှာ စွမ်းဆောင်ပြစရာ လုပ်ဆောင်ပြစရာတွေ အများအပြားရှိနေပါတယ်။
လိင်စိတ်ကွဲပြားမှုရှိသူတွေသာမက လူအခွင့်အရေးဆုံးရှုံးနေသူတွေအားလုံးအတွက် သူမမှာ ပေးဆပ်ချင်စရာ လုပ်ဆောင်ပေးချင်စရာ မျှော်လင့်ချက်တွေလည်းရှိနေပြန်ပါတယ်။

လူသားတိုင်းအတွက် တန်းတူညီမျှအခွင့်အရေးရရှိဖို့အတွက်ပဲ လုပ်ချင်တယ်။ အထူးအခွင့်အရေး မတောင်းချင်ဘူး။ တန်းတူညီမျှအခွင့်အရေးနဲ့သက်ဆိုင်တာတွေ တောင်းချင်တယ်။ နိုင်ငံတွင်းမှာ မရှိသေးတဲ့ LGBT ကိုယ်စားပြု ပြည်သူ့ကိုယ်စားလှယ်တစ်ဦးဖြစ်ချင်တာကလည်း သူ့ရဲ့မျှော်လင့်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။၂၀၂၅ မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ သူ့အနေနဲ့ဝင်ရောက်ယှဉ်ပြိုင်လိုပြီး LGBT ကိုယ်စားပြုကိုယ်စားလှယ်တစ်ဦးအဖြစ် ရွေးချယ်ခံရမလား ဆိုတာကတော့ စောင့်ကြည့်စရာတစ်ခုဖြစ်လို့နေပါတယ်။

Team (ရိုးရာလေး)
www.yoyarlay.com

#Team_yyl #RealLifeStories_yyl #ShinThant #LGBT

{youtube}GnCu8bcXCQI{/youtube}

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top