Lifebuoy မှ ၅ နှစ်တာအတွင်း ကမ္ဘာ့လက်ဆေးရေးနေ့အား ပထမဦးဆုံး အွန်လိုင်းပေါ်မှတဆင့် ကျင်းပ

LifeBuoy-HW-Day.00_02_00_14.Still006.jpg

Unilever ၏ ကျန်းမာရေးဆပ်ပြာ အမှတ်တံဆိပ်တစ်ခုဖြစ်သော Lifebuoy သည် ၅ ကြိမ်မြောက် ကမ္ဘာ့လက်ဆေးရေးနေ့အား ဂုဏ်ပြုသောအားဖြင့် Lifebuoy ၏ အမှတ်တံဆိပ်သံတမန်ဖြစ်သူ ‌ဒေါက်တာချစ်သုဝေ၊ နီနီခင်ဇော်၊ ဖြိုးပြည့်စုံ၊ အာဘွိုင်း မိသားစု၊ ကိကိနှင့် ခေတ်ခေတ်တို့နှင့် အတူ အွန်လိုင်းပေါ်မှတဆင့် ဗီဒီယိုဖြင့် ဆင်နွှဲခဲ့ကြသည်။ Lifebuoy မှ နှစ်စဉ် မြန်မာပြည်သူလူထုနှင့် ကျောင်းသူ ကျောင်းသားများအကြား ရိုးရှင်းသော လက်ဆေးသည့် အလေ့အထနှင့် ကျွမ်းဝင်မှု ရှိစေရန် အခမ်းအနားများကျင်းပခဲ့ရာ ယခုနှစ်တွင် ထူးထူးခြားခြား ပထမဦးဆုံးအကြိမ် အွန်လိုင်းပေါ်မှတဆင့် ဆင်နွှဲခဲ့ခြင်းဖြစ်သည်။ Lifebuoy သည် ယခုနှစ် ကမ္ဘာ့လက်ဆေးရေးနေ့အား ဂုဏ်ပြုသောအားဖြင့် ‘H for Handwashing’ ဟုအမည်ပေးထားသည့် ကန်ပိန်း နှင့်အတူ ကလေးငယ်များအား H ဆိုသည့်အက္ခရာကို မြင်တိုင်း လက်ဆေးခြင်း၏ အရေးပါပုံကို သိရှိစေရန် သင်ထောက်ကူပစ္စည်းများဖြစ်သည့် flashcard များကို ပညာရေးဝန်ကြီး ဌာနထံလှူဒါန်းခြင်းနှင့် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် H ပုံစံ လက်ဆေးဘစင်များကို လှူဒါန်းခြင်းဖြင့် လှုပ်ရှားမှုများကို ပြုလုပ်ခဲ့သည်။

ကမ္ဘာ့လက်ဆေးရေးနေ့ကို အောက်တိုဘာ ၁၅ ရက်နေ့တွင် ကမ္ဘာတဝှမ်းရှိနိုင်ငံပေါင်း ၁၀၀ ကျော်တွင် နှစ်စဉ်ကျင်းပလျက်ရှိပြီး ဆပ်ပြာဖြင့်လက်ဆေးခြင်း၏ အရေးပါပုံကို ပိုမိုသိရှိနားလည်လာစေရန်၊ ရောဂါများကို ကာကွယ်ရန်နှင့် လူ့အသက်များကို ကယ်တင်ရန်အတွက် ရည်ရွယ်သည်။ ယခုနှစ် ကမ္ဘာ့လက်ဆေးရေးနေ့ နှင့်ပတ်သက်၍ Lifebuoyက ကလေးများအား လက်ဆေးခြင်း ၏ အရေးကြီးမှုအပေါ် ထိရောက်စွာ ပညာပေးနိုင်ရန်နှင့် လက်ဆေးခြင်းအပြုအမူများကို ငယ်စဥ်ကတည်းက စတင်ပြီး ထိရောက်စွာ သင်ကြားနိုင်ရန်အတွက် ‘H for Handwashing’ ကိုအစပြု၍ လှုပ်ရှားမှုများကို ပြုလုပ်ခဲ့သည်။

Lifebuoy သည် ထိုလှုပ်ရှားမှုကို ကလေးများစာသင်ကြားရာတွင် အထောက်အကူ ပစ္စည်းတစ်ခုဖြစ်သည့် Flashcard များမှတစ်ဆင့် ‘ဥပမာ H ကို Hat’ ဟုသင်ကြားနေသည့်နေရာတွင် ‘H ကို Handwashing’ ဟုပြောင်းလဲ သင်ကြားခြင်းဖြင့် သင်ကြားပုံတွင် အခြေခံကျသော ပြောင်းလဲမှုတစ်ခုကို ပြုလုပ်ခဲ့သည်။ ထို့နောက်တွင် Lifebuoyက flashcardများကို ပညာရေးဝန်ကြီး ဌာနထံလှူဒါန်းခြင်းဖြင့် ရန်ကုန်မြို့ရှိ သက်ဆိုင်ရာ ပညာရေးအဆောက်အအုံများသို့ ခွဲဝေချထားပေးရန် စီစဉ်ထားသည်။ တစ်ချိန်တည်းမှာပင် Lifebuoy သည် ‘ H for Handwashing’ နှင့်ပတ်သက်သော ကလေးငယ်များ အလွယ်တကူ မှတ်မိလွယ်ပြီး သီဆိုနိုင်သည့် သီချင်းတစ်ပုဒ်ကိုလည်း ဖန်တီးခဲ့သည်။

Lifebuoy သည် ယခုကဲ့သို့ ကူးစက်ရောဂါဖြစ်ပွားနေစဉ်အတွင်း အများပြည်သူပိုင်နေရာများတွင် မည်သူမဆို လက်ဆေးခြင်းအလေ့အထများကို ပြုလုပ်နိုင်ရန်အတွက် Lifebuoy ထုတ်ကုန်များနှင့်အတူ ‘H for Handwashing’ လက်ဆေးစင်များကိုလည်း အများပြည်သူဆိုင်ရာပန်းခြံများ၊ စျေးများ၊ အစိုးရအဆောက်အအုံများနှင့် ရန်ကုန်ရှိသုသာန်များ၊ မန္တလေးရှိ စျေးများနှင့်ဆေးရုံများ၊ တောင်ကြီးမြို့ရှိ စျေးများ စသည့် နေရာများတွင် လှူဒါန်းခဲ့သည်။

အွန်လိုင်း တိုက်ရိုက်ထုတ်လွှင့်သည့် ဗီဒီယိုတွင် Lifebuoy ၏ ‘H for Handwashing’ သီချင်းကို ကလေးငယ်များဖြစ်ကြသည့် ကိကိ နှင့် ခေတ်ခေတ် တို့မှ ချစ်စဖွယ်ကောင်းသော အကဖျော်ဖြေခြင်းဖြင့် စတင်ခဲ့သည်။ ထို့နောက်တွင် Lifebuoy ၏ အမှတ်တံဆိပ် သံတမန် ဒေါက်တာချစ်သုဝေက ‘H for Handwashing’ လှုပ်ရှားမှုတွင် ပါဝင်သော ကလေးငယ်များအတွက် ပညာရေးအထောက်အကူပြု သင်ထောက်ကူများဖြစ်သည့် flashcard များအား ပညာရေး၀န်ကြီးဌာနသို့ လှူဒါန်းခြင်း၊ တစ်နိုင်ငံလုံးအနှံ့အပြားတွင် H ပုံစံလက်ဆေးစင်များ လှူဒါန်းခြင်း စသည့် လှုပ်ရှားမှုများကို တင်ဆက်ခဲ့သည်။

ထို့နောက်တွင် မြန်မာနိုင်ငံ၏ ကျော်ကြားသော အဆိုတော်များဖြစ်သည့် ဒေါက်တာနီနီခင်ဇော်နှင့် ဒေါက်တာဖြိုးပြည့်စုံတို့က ယခုနှစ် ကမ္ဘာ့လက်ဆေးရေးနေ့တွင် ပါ၀င်ရခြင်း ၏ အတွေ့အကြုံများကို ပြောကြားပေးခဲ့ပြီး ‘H for Handwashing’သီချင်းကို အတူတကွ သီဆိုဖျော်ဖြေတင်ဆက်ပေးခဲ့သည်။ အာဘွိုင်း၊ မြတ်ရတနာကျော်နှင့် Scarlett တို့မှလည်း ယခုနှစ် ကမ္ဘာ့လက်ဆေးရေးနေ့တွင်အတွက် စီစဥ်ထားသည့် ကံစမ်းမဲအစီအစဉ်တွင် မည်သို့ပါ၀င်ရမည့် အကြောင်းနှင့် ကြည့်ရှုသူများအတွက် Lifebuoy ပရိုဖိုင် ဖရိမ်ရယူခြင်းကို ရှင်းလင်းပြောပြပေးခဲ့သည်။ ထို့နောက်တွင် ဗီဒီယိုကို ဒေါက်တာချစ်သုဝေက Lifebuoy ၏ ‘H for Handwashing’ သီချင်းလေးကို ပရိတ်သတ်များနှင့်အတူ ပျော်ရွှင်စွာ သီဆိုခြင်းဖြင့် နိဂုံးချုပ်ခဲ့သည်။

ယခုနှစ်၂၀၂၀တွင် Lifebuoyမှ သင်သည်မည်သူဖြစ်ပါစေ၊ မည်သည့်နေရာမှာဘဲ ရှိနေပါစေ လက်ဆေးခြင်းဖြင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်သည့်အချက်ကို ကမ္ဘာကြီးကို သတိပေးနိုင်ခဲ့သည်။ ယနေ့ ကမ္ဘာပေါ်တွင် COVID-19 ကြောင့် လူတစ်သန်းကျော် အသက်ဆုံးရှုံးခဲ့ရသည့်အတွက်ကြောင့် ဆပ်ပြာဖြင့်လက်ဆေးခြင်းသည် coronavirus ပျံ့နှံ့မှုကို လျှော့ချရန် အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်သည်။ ထို့ကြောင့် Lifebuoy က ကမ္ဘာ့လက်ဆေးရေးနေ့တွင်သာမကဘဲ ယနေ့မှစတင်၍ လူတိုင်း နေ့စဥ် လက်ကိုမကြာခဏဆေးကြောခြင်းဖြင့် လုံခြုံစွာနေကြရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

Team ( ရိုးရာ​လေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top