ဒရာမာအသစ်ရိုက်ကူးရေးအပြီးမှာ ထုတ်လုပ်ရေးအဖွဲ့သားတွေကို တန်ဖိုးကြီး LV အိတ်တွေ လက်ဆောင်ပေးခဲ့တဲ့ လျိုယိဖေး (ဂူဂူး)

20.11.23-yyl-1.jpg

မြန်မာပရိသတ်တွေရဲ့အချစ်တော်လည်းဖြစ်တဲ့ တရုတ်မင်းသမီးချော လျိုယိဖေးဟာ အလှတရားကြောင့် လူသိများသလို အခုဆို အပေးကမ်းရက်ရောတဲ့မင်းသမီးအဖြစ်လည်း သိနေကြပါပြီ။ သူဟာ ဒရာမာအသစ် ရိုက်ကူးရေးအပြီးမှာ သူ့ရဲ့ထုတ်လုပ်ရေးအဖွဲ့သားတွေကို တန်ဖိုးကြီး Louis Vuitton အိတ်တွေကို လက်ဆောင်ပေးခဲ့လို့ပါပဲ။

လွန်ခဲ့တဲ့ ၅ လကတည်းက လျိုယိဖေးဟာ The Tale of Rose ရိုမန့်ဇာတ်လမ်းတွဲအသစ်ကို မင်းသားချော Wallace Huo နဲ့အတူ ပါဝင်ရိုက်ကူးနေခဲ့တာပါ။ အခုအပတ်မှာ ဒီဇာတ်လမ်းတွဲရိုက်ကူးပြီးစီးခဲ့ပါတယ်။ ယိဖေးက သူ့ရဲ့နောက်ဆုံးဇာတ်ဝင်ခန်းရိုက်ကူးပြီးတဲ့နောက် ဇာတ်လမ်းတွဲရိုက်ကူးပြီးစီးခြင်းပါတီမှာ တွဲဖက်သရုပ်ဆောင်တွေ၊ ရုပ်ရှင်အဖွဲ့သားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

သူဟာ ကျေးဇူးတင်ကြောင်းပြသတဲ့အနေနဲ့ ရိုက်ကွင်းမှာ ရှိတဲ့သူတိုင်းကို နို့လက်ဖက်ရည်တိုက်ခဲ့တဲ့အပြင် ထုတ်လုပ်ရေးအဖွဲ့သားတွေကို LV အိတ်တွေလည်း ပေးခဲ့တယ်လို့ သိရပါတယ်။ ယိဖေးဟာ ၂၀၂၁ ခုနှစ်ကတည်းက LV ကုန်အမှတ်တံဆိပ်ရဲ့ Brand Ambassador ဖြစ်ခဲ့တာပါ။

ထုတ်လုပ်ရေးအဖွဲ့သားတွေကို LV အိတ်တွေ လက်ဆောင်ပေးတာက ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ယိဖေးက A Dream of Splendor ဇာတ်လမ်းတွဲ ရိုက်ကူးပြီးစီးတဲ့နောက်မှာ ထုတ်လုပ်ရေးအဖွဲ့ကို LV အိတ်တွေ လက်ဆောင်ပေးခဲ့ပါသေးတယ်။

Ref: Liu Yifei Gave Production Crew Gifts From Louis Vuitton At Drama Wrap Party

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top