နိုင်ငံပေါင်း ၈၄ နိုင်ငံမှာ နံပါတ် ၁ ချိတ်နေတဲ့ One Piece Live Action

4.9.23-yyl-8.jpg

Manga နဲ့ anime လောကမှာ အောင်မြင်မှုရရှိထားတဲ့ One Piece ကို Live Action အဖြစ် အသက်သွင်းထားတဲ့ စီးရီးကလည်း Netflix မှာ ထွက်ရှိပြီးပြီးချင်း ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေဆီက နေ ကောင်းတဲ့သုံးသပ်ချက်တွေရရှိထားပါတယ်။ Rotten Tomato မှာ နံပါတ် ၁လူကြိုက်အများဆုံးရှိုးအဖြစ် အဆင့်သတ်မှတ်ခံရသလို အဖွင့်သီတင်းပတ်မှာတင် နိုင်ငံပေါင်း ၈၄ နိုင်ငံမှာလည်း နံပါတ် ၁ နေရာကို ရယူထားပါတယ်။

One Piece က အဖွင့်သီတင်းပတ်မှာ နိုင်ငံပေါင်း ၈၃ နိုင်ငံတင် နံပါတ် ၁ နေရာယူခဲ့ကြတဲ့ “Stranger Things” Season 4 နဲ့ “Wednesday” Netflix စီးရီးတွေရဲ့စံချိန်ကို ချိုးပစ်ခဲ့တာပါ။ ဒီစီးရီးဟာ ဩဂုတ်လ ၃၁ ရက်နေ့က Netflix မှာ ထွက်ရှိခဲ့ပြီး အခုဆို အကောင်းဆုံး anime Live Action စီးရီးတွေထဲကတစ်ခုအဖြစ် အသိအမှတ်ပြုခံလိုက်ရပါပြီ။

အဲဒီစီးရီးမှာ Zoro အဖြစ် သရုပ်ဆောင်ထားတဲ့ အသက် ၂၆ နှစ်အရွယ် မင်းသား Mackenyu ကလည်း နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲဖြစ်နေပါပြီ။ နှုတ်ခမ်းနီမလေးတွေအတွက် စိတ်မကောင်းစရာကတော့ Mackenyu က အိမ်ထောင်ရှိပါတယ်။ သူ့ချစ်သူကောင်မလေးနဲ့ မကြာသေးခင်ကမှလက်ထပ်ထားတာပါ။ သူ လက်ထပ်လိုက်တယ်ဆိုတာကိုလည်း သူ့ရဲ့တွစ်တာအကောင့်ကတဆင့် ပရိသတ်တွေကို အသိပေးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းဖတ်ရှုရန် – Live Action အဖြစ် ဖန်သားပြင်ထက်မှာ ကြည့်ရှုရမယ့် One Piece

Ref: Live-Action ‘ONE PIECE’ Is Currently #1 In 84 Countries On Netflix

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top