ကန်ဒေါ်လာ ၃ ထောင်ကျော်တန်ဖိုးရှိ ဆန်းဝှမ်းထည့်တဲ့ အိတ်ဒီဇိုင်း LV အိတ်

22.1.24-yyl-5.jpg

ပြင်သစ်နာမည်ကြီးဖက်ရှင်အမှတ်တံဆိပ် Louis Vuitton က နွားဖြူသားရေနဲ့ ပြုလုပ်ထားတဲ့ အိတ်အသစ်ကို မကြာခင်က မိတ်ဆက်ခဲ့တာပါ။ အဲဒီအိတ်က ဆန်းဝှမ်ထည့်တဲ့အိတ်ပုံစံမျိုးပါ။ ဇန်နဝါရီ ၄ ရက်နေ့က စတင်ရောင်းချခဲ့ပြီး LV ရဲ့ Men’s Creative Director လည်းဖြစ်တဲ့ အဆိုတော် ဖရယ်ဝီလျံက ဒီဇိုင်းဆွဲခဲ့တာပါ။ သူက ဆန်းဝှမ်းထည့်တဲ့ စက္ကူအိတ်ကနေ စိတ်ကူးစိတ်သန်းယူပြီး ဆွဲခဲ့တာပါ။

ဒီအိတ်ကို LV ရဲ့ဈေးဝယ်အိတ်နဲ့ အတိအကျတူညီတဲ့အရောင်ကို သုံးထားပါတယ်။ Louis Vuitton စာသားအပြင် အပြာရောင်အိတ်ပိတ်လေးလည်းပါရှိပါတယ်။ အလျား ၃၀ စင်တီမီတာ၊ အမြင့် ၂၇ စင်တီမီတာနဲ့ အကျယ် ၁၇ စင်တီမီတာရှိပါတယ်။ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ထောင်ကျော် (၃၃၆၉) ပါတယ်။

Ref: Louis Vuitton Has Now Launched A Sandwich Bag And No Wonders It Costs A Fortune

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top