စား၊ သောက်၊ နေထိုင်မှုကို စီမံခန့်ခွဲမယ်

7-7-2021-yyl-07.jpg

Covid-19 ရောဂါခံစားနေရသူတွေ (သို့မဟုတ်) ရောဂါဖြစ်ပွားပြီးနောက်မှာ အရင်နဲ့မတူပဲ အားအင်ချိနဲ့ခြင်းတွေကို ခံစားရမှာပြီး ပုံမှန်အလုပ်၊ မလုပ်နိုင်တာမျိုးတွေ အရင်ထက် ပိုမိုအားထုတ်ရတာမျိုးတွေကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့ပြင် Covid-19 ရောဂါခံစားနေရသူတွေအနေနဲ့ ဆေးရုံမှာတက်ရောက်ဆေးကုသမှုခံယူနေစဉ်အတွင်းမှာ အသက်ရှုလမ်းကြောင်းပြွန်ကနေ အသက်ရှုသွင်း ရှုထုတ်ရတာမျိုးတွေကို ဆေးကုသမှုခံယူခဲ့ရတဲ့အတွက် အစားအစာ၊ ရေ၊ အရည်မြိုချတဲ့အခါမျိုးတွေမှာ အခက်အခဲတွေရှိလာတယ်ဆိုတာကို သတိပြုမိမှာဖြစ်ပါတယ်။ အခက်အခဲတွေကြုံတွေရပါက ဖော်ပြပါနည်းလမ်းတွေကို လုပ်ဆောင်နိုင်ပါတယ်။

နေထိုင်မှု၊ လှုပ်ရှားမှုကို စီမံခန့်ခွဲမယ်

  • တစ်နေ့တာ ဆောင်ရွက်ရမယ့်ကိစ္စတွေကို အချိန်ညှိပြီး သင့်တင့်မျှတစွာ လုပ်ဆောင်ပါ။
  • ကြာကြာထိုင်ပြီး မလုပ်နိုင်ပါက မိမိလုပ်ငန်း ပမာဏာကို သတ်မှတ်ပြီး အားအင်ချွေတာစွာ လုပ်ဆောင်ပါ။
  • ပေါ့ပါးတဲ့ လုပ်ငန်းတာဝန်တွေကို ဝန်ကြီးတဲ့ အလုပ်တွေကြား လုပ်ပေးခြင်းဖြစ် မိမိရဲ့ အလုပ် လုပ်ချိန်ကို သတ်မှတ်ပါ။
  • ကိုယ်တိုင်လုပ်ဆောင်ရန် အခက်အခဲရှိတဲ့ လုပ်ငန်းတာဝန်တွေကို တခြားသူတွေထံကနေ အကူအညီတောင်းခံပါ။
  • နေ့စဉ် လှုပ်ရှားမှုတွေကို သက်တောင့်သက်သာနဲ့ လုပ်ကိုင်ပါ။ အင်အားအပြည့်အ၀ မရှိသေးပါက အလုပ်ပမာဏတွေကို တစ်ပြိုင်နက်ထဲ မလုပ်ပါနဲ့။

စားသောက်မှုကို စီမံခန့်ခွဲမယ်

  • အစာ စားသောက်တဲ့အခါတိုင်း မတ်မတ်ထိုင်ပါ။ လှဲလျောင်း စားသောက်ခြင်းမျိုး လုံးဝမပြုလုပ်ပါနဲ့။
  • အစာစားပြီး အနည်းဆုံး မိနစ် (၃၀) ကြာတဲ့အထိ မတ်မတ်နေပါ (ထိုင်သည်ဖြစ်စေ၊ မတ်တပ်ရပ်သည်ဖြစ်စေ၊ လမ်းလျှောက်သည်ဖြစ်စေ)
  • အစားအစာတွေ စားသောက်တဲ့အခါမှာ အစားအစာတွေကို မြိုချရ ပိုမိုလွယ်ကူမှု ရှိ၊ မရှိ သိရှိနိုင်ဖို့အတွက် အထူအပါး အပျစ်အကြဲမတူညီတဲ့ အစားအစာတွေကို စမ်းစားကြည့်ပါ။
  • အစားအစာ စားတဲ့တဲ့အခါမျိုးတွေနဲ့ သောက်တဲ့အခါမျိုးတွေမှာ သေချာအာရုံစိုက်ပါ။
  • အချိန်ယူစားသောက်ပါ။
  • နောက်တစ်လုပ် မစားမီ (သို့မဟုတ်) နောက်တစ်ခါမသောက်မီ ပါးစပ်ထဲမှာ စားကြွင်းစားကျန်တွေ မရှိတော့အောင် သေချာစားသောက်ပါ။
  • အစားအစာတွေကို တစ်ခါထဲ အဝစားရတာ ပင်ပန်းပါက တစ်ခါစားရင် နည်းနည်းနဲ့ မကြာခဏ တစ်နေကုန်အောင် စားပေးပါ။
  • အစာစားနေစဉ် (သို့မဟုတ်) သောက်နေစဉ်မှာ ချောင်းဆိုးခြင်း (သို့မဟုတ်) သီးခြင်း (သို့မဟုတ်) အသက်ရှုရခက်ခဲခြင်းတွေ ကြုံတွေ့ရပါက သက်သာသွားစေရန်အတွက် စားသောက်ခြင်းကို ခဏရပ်နားပါ။

အထက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေကို အသုံးပြုပြီးပေမယ့် မသက်သာဘူးဆိုပါက နီးစပ်ရာဆရာဝန်၊ ကျန်းမာရေးစောင့်ရှောက်သူတွေနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Photo- Internet
Source- World Health Organization
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top