စေ့စပ်ပွဲဓာတ်ပုံတွေကို အဓိပ္ပာယ်ရှိတဲ့စာသားလေးတွေနဲ့ တင်ခဲ့ကြတဲ့ Mark Prin တို့စုံတွဲ

30.8.23-yyl-7.jpg

နိုင်ငံတကာပရိသတ်တွေရော မြန်မာပရိသတ်တွေပါ အားကျရတဲ့ ထိုင်းမင်းသားချော Mark Prin နဲ့ မင်းသမီးချော Kimmy Kimberley တို့စုံတွဲဟာ ချစ်သူသက်တမ်း ၉ နှစ်ကျော်အကြာ ဩဂုတ် ၂၆ ရက်နေ့မှာ စေ့စပ်လိုက်ကြတာပါ။ စေ့စပ်ပွဲဓာတ်ပုံတွေကို သူတို့ရဲ့တရားဝင်အင်စတာဂရမ်အကောင့်တွေမှာ အဓိပ္ပာယ်ရှိတဲ့စာသားလေးတွေနဲ့ တင်ပေးခဲ့ပါသေးတယ်။

မင်းသမီးချော Kimmy Kimberley က ကြည်နူးစရာဓာတ်ပုံများစွာကို “ကျွန်မတို့ရဲ့ဘဝစာမျက်နှာအသစ် စတင်လိုက်သလိုပါပဲ”ဆိုတဲ့စာသားနဲ့ တင်ခဲ့တာပါ။ နောက်ထပ်ပို့စ်တစ်ခုမှာကျတော့ “ကျွန်မရဲ့နှလုံးသားလေးက ချစ်ခြင်းမေတ္တာတွေနဲ့အပြည့်ပါပဲ။ ကျွန်မရဲ့နှလုံးသားကို ထာဝရပေးလိုက်ပြီး မင်းက တစ်ဦးတည်းသောသူပါ”တဲ့။

မင်းသားချော Mark Prin ကလည်း သူ့ချစ်ဇနီးလောင်းလေးလိုပဲ “ကျွန်တော့်ရဲ့နှလုံးသားကို ထာဝရပေးလိုက်ပြီ မင်းက တစ်ဦးတည်းသောသူပါ”ဆိုတဲ့စာသားလေးနဲ့ ဓာတ်ပုံတွေ တင်ခဲ့တာပါ။ ထိုင်းနာမည်ကြီးအနုပညာရှင်တွေကလည်း သူတို့နှစ်ဦးအတွက် ဂုဏ်ပြုစကားဆိုခဲ့ကြပါတယ်။

Mark Prin က Kimmy ကို ပြီးခဲ့နှစ် ဧပြီ ၁၇ ရက်နေ့က ဆွစ်ဇလန်နိုင်ငံမှာ ရိုမန်တစ်ဆန်ဆန်လက်ထပ်ခွင့်တောင်းခဲ့တာပါ။ လက်ထပ်ပွဲကို ထိုင်းနိုင်ငံမှာရော ပြည်ပမှာပါ ပြလုပ်သွားမှာပါ။ သူတို့စုံတွဲဟာ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့မှာတော့ အီတလီမှာ လက်ထပ်ကြတော့မှာပါ။

Ref: Mark Prin And Kimmy Kimberley Shared Their Beautiful Engagement Photos With Meaningful Caption

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top