MEMORY! Myanmar Script Fund 2020 ဖွင့်ပွဲအခမ်းအနား

Memory-Openin-Ceremony.jpg

Myanmar Script Fund (MSF) 2020 အစီအစဉ်ကို ယမန်နေ့က စတင်ပြုလုပ်သွားခဲ့ပြီး ပြိုင်ပွဲဝင် ဆန်ကာတင်ရွေးချယ်ထားသည့် ဇာတ်ကားများထဲမှ ဆုရရှိသူများနှင့် ဇာတ်ကားများကို လာမည့် ဒီဇင်ဘာလ ၉ ရက်နေ့တွင် အွန်လိုင်းမှ တစ်ဆင့်ပြုလုပ်သွားမည့် ဆုပေးပွဲ အခမ်းအနားတွင် ကြေညာပေးသွားမည်ဖြစ်သည်။

Myanmar Script Fund ၏ ၂၀၂၀ ပြည့်နှစ်အတွက် ထိပ်တန်းရုပ်ရှင်ပညာရှင်များရဲ့ အနီးကပ်သင်ကြားပေးမှုများနှင့် အကဲဖြတ်လူကြီးမင်းများရှေ့တွင် ယှဉ်ပြိုင်မှုများ ပါဝင်သော MSF 2020 အစီအစဉ်များကို နိုဝင်ဘာလ (၃၀) ရက်မှ ဒီဇင်ဘာလ (၉) ရက်နေ့အထိ ၁၀ ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ကြောင်း မနေ့က ဖွင့်ပွဲအခမ်းအနားတွင် ကြေညာခဲ့သည်။ အဆိုပါ အစီအစဉ်မှ တစ်ဆင့် မြန်မာရုပ်ရှင်ရိုက်ကူးသူများအနေဖြင့် နိုင်ငံတကာရုပ်ရှင်လောကမှ ထိပ်တန်းရုပ်ရှင် ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်မှုများလည်း ပါဝင်မှာဖြစ်သည်။ အဆိုပါ MSF 2020 အစီအစဉ်များတွင် ပြိုင်ပွဲဝင် ဆန်ကာတင် ရွေးချယ်ခံရသူများအတွက် အထူးသင်ကြားပေးဆွေးနွေးမည့် အစီအစဉ်များ ပါဝင်မည်ဖြစ်ပြီး ၎င်းတို့၏ ရုပ်ရှင် စီမံကိန်းများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အလွန်အရေးပါသည့် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနား Facebook Live Session တွင် အပြည်ပြည်ဆိုင်ရာ အကဲဖြတ်ဒိုင်လူကြီးမင်းများမှ စိန်ခေါ်မှုများ ပါဝင်သော Online sessions အခု ၁၄၀ မတိုင်မီ နောက်ဆုံးဆန်ကာတင်တွင် ပါဝင်ခဲ့သည့် Project ၁၂ ခု တို့ကို အသေးစိတ် မိတ်ဆက်ပေးခဲ့သည်။

ထို့အပြင် လာမည့် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဆုပေးပွဲအခမ်းအနား (Award Ceremony) ကို အွန်လိုင်းမှ တစ်ဆင့်ပြုလုပ် သွားမည်ဖြစ်ပြီး ဆုပေးပွဲအခမ်းအနားသို့ သတင်းမီဒီယာများမှ လူကြီးမင်းများလည်း တက်ရောက်သတင်းရယူနိုင်မည် ဖြစ်သည်။ သတင်း မီဒီယာများမှ လူကြီးမင်းများအနေဖြင့် ဆုရရှိသူများ၊ အကဲဖြတ်ဒိုင်လူကြီးမင်းများနှင့် ဆန်ကာတင် ရွေးချယ်ခံရသူတို့ကို ၎င်းတို့၏ ၁၀ ရက်ကြာ အစီအစဉ်မှ အတွေ့အကြုံများနှင့် စပ်လျဉ်း၍ တစ်ဦးချင်း အင်တာဗျူးများ ပြုလုပ်လိုပါကလည်း သီးခြား Zoom Room များဖြင့် ပြုလုပ်နိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်သည်။ သတင်းမီဒီယာများမှ လူကြီးမင်းများအနေဖြင့် Memory မှ Co-founder ဖြစ်သူ Severine နှင့် Myanmar Script Fund မှ ဒေါ်ဆွေဇင်ထိုက်တို့နှင့် အင်တာဗျူးများ ပြုလုပ်လိုပါကလည်း စီစဉ်ပေးသွားမည်ဖြစ်သည်။

သို့ဖြစ်ပါ၍ အဆိုပါ ဆုပေးပွဲအခမ်းအနား သို့ သတင်းမီဒီယာများမှ လူကြီးမင်းများအနေဖြင့် တက်ရောက်သတင်းရယူလို သော်လည်းကောင်း၊ အကဲဖြတ်ဒိုင်လူကြီးမင်းများနှင့်သော်လည်းကောင်း၊ ဆုရရှိသူများနှင့်သော်လည်းကောင်း အင်တာဗျူးများ ပြုလုပ်လိုပါက အောက်ဖော်ပြပါ ဆက်သွယ်ရန် ဖုန်းနံပတ်နှင့် အီးမေလ်းတို့မှ တစ်ဆင့် ကြိုတင် ဆက်သွယ်စာရင်းပေးထားနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top