ဆေးမတိုးနိုင်တဲ့ ဘက်တီးရီးယားပိုး ကူးစက်ရောဂါကို တိုက်ဖျက်နိုင်မယ့် ဒြပ်ပေါင်းတွေကို deep learning အသုံးပြု ရှာဖွေဖော်ထုတ်နိုင်ခဲ့

22.12.23-yyl-4.jpg

ဉာဏ်ရည်တုနည်းပညာတစ်ရပ်ဖြစ်တဲ့ deep learning ကို အသုံးပြုပြီး မက်ဆာချူးဆက်နည်းပညာသိပ္ပံ(MIT)ရဲ့ သုတေသီတွေက ဆေးမတိုးနိုင်တဲ့ ဘက်တီးရီးယားပိုး ကူးစက်ရောဂါကို တိုက်ဖျက်နိုင်မယ့် ဒြပ်ပေါင်းတွေကို ခွဲခြားဖော်ထုတ်နိုင်ခဲ့ပါတယ်။

ပဋိဇီဝဆေးတွေကို ခံနိုင်ရည်ရှိပြီး staph ဘက်တီးရီးယားကြောင့် ဖြစ်ပေါ်လာတဲ့ methicillin-resistant Staphylococcus aureus(MRSA) ကို အဲဒီဒြပ်ပေါင်းတွေက တိုက်ဖျက်ဖယ်ရှားနိုင်စွမ်းရှိကြောင်း Nature စာစောင်မှာ အသေးစိတ် ရေးသားဖော်ပြထားပါတယ်။ ဒါ့အပြင် လူ့ခန္ဓာကိုယ်က ဆဲလ်တွေကို ထိခိုက်နိုင်မှုလည်း မရှိသလောက် နည်းပါးတာကြောင့် ဆေးဝါးဖော်စပ်ရာမှာ အသုံးပြုနိုင်မယ့် အလားအလာ ရှိနေပါတယ်။

အဲဒီဒြပ်ပေါင်းတွေကို အသုံးပြုရင် ပဋိဇီဝဆေးတွေ ဘယ်လောက်ထိ ထိရောက်မှုရှိနိုင်မလဲဆိုတာကို deep-learning နည်းပညာ အသုံးပြုပြီး သုတေသီတွေက လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ အခု ရရှိခဲ့တဲ့ အသိအမြင်သစ်ကြောင့် ဆေးဝါးဒီဇိုင်းတွေကို ပိုကောင်းအောင် မွမ်းမံဖို့၊ အာနိသင်ပိုထိရောက်တဲ့ ပဋိဇီဝဆေးတွေ ဖော်စပ်ဖို့ အလားအလာကောင်းတွေ ရှိလာခဲ့ပါပြီ။

အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယား ၇ မျိုးကို တိုက်ဖျက်ချေမှုန်းနိုင်မယ့် ပဋိဇီဝဆေးဝါး အမျိုးအစားသစ်တွေကို ၇ နှစ်တာကာလအတွင်း ရှာဖွေဖော်ထုတ်နိုင်ဖို့ ရည်ရွယ်ပြီး မက်ဆာချူးဆက်နည်းပညာသိပ္ပံမှာ Antibiotics-AI Project ကို ဖော်ဆောင်ခဲ့တာပါ။ အခုတွေ့ရှိမှုကတော့ အဲဒီစီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း ဆေးမတိုးတဲ့ ဘက်တီးရီးယားပိုး ကူးစက်ခံနေရသူ ၈၀၀၀၀ ကျော်အထိ ရှိနေပါတယ်။

Ref: MIT Researchers Discover New Antibiotics Using Artificial Intelligence (AI)

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top