အင်စတာဂရမ်က သူ့ရဲ့ဝတ်လစ်စလစ် ဓာတ်ပုံကို ဖယ်ရှားလိုက်လို့ MMA အားကစားမယ် ဒေါသထွက်နေ

1-7-2020-yyl-029.jpg

အင်စတာဂရမ်ပေါ်မှာ တင်ထားတဲ့ သူ့ရဲ့ဝတ်လစ်စလစ်ဓာတ်ပုံ ဖယ်ရှားခံရတာဟာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ပိတ်ပင်ရာရောက်တယ်ဆိုပြီး MMA အားကစားမယ်ဟောင်း ဂီနာကာရာနိုက ဒေါသထွက်နေပါတယ်။ အသက် ၃၈ နှစ်ရှိတဲ့ ဂီနာကာရာနိုဟာ MMA မကစားခင်တုန်းက မွေထိုင်းကစားခဲ့ဖူးပါတယ်။ လက်ရှိအချိန်မှာတော့ သရုပ်ဆောင်မင်းသမီး၊ ကာယမော်ဒယ်အဖြစ် ဆောင်ရွက်နေသူပါ။

” အင်စတာဂရမ်ပေါ်မှာ ကျွန်မတင်ထားတဲ့ပုံက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ရည်ညွှန်းပါတယ်။ ဘယ်စည်းမျဉ်းကိုမျှ မချိုးဖောက်ပါဘူး။ ဒါပေမဲ့ အကြောင်းမဲ့ ဆင်ဆာဖြတ်ခံခဲ့ရသလိုပါပဲ။ အင်စတာဂရမ်က ဓာတ်ပုံကို ဖြုတ်ချလိုက်တယ်။ ဒီနေ့ခေတ်မှာ ဒီထက်အရေးကြီးတဲ့ သတင်းတွေရှိပါတယ်။ ဒီကိစ္စကတော့ သောက်ရေးမပါဘူး”လို့ ဂျီနာကာရာနိုက တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top