ရုပ်ရှင်နဲ့မတူတဲ့အရသာတစ်မျိုးပေးနိုင်တဲ့ “Avengers: Endgame” ရိုက်ကွင်းကပုံရိပ်များ

fea01.jpg

Avengers: Endgame က Box Office မှာ ဝင်ငွေရရှိမှုအများဆုံးရုပ်ရှင်ဖြစ်ခဲ့ရုံမကဘဲ စူပါဟီးရိုးရုပ်ရှင်ပရိသတ်တွေအကြားမှာ ပြောစမှတ်တွင်ကျန်ရစ်စေခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားလည်းဖြစ်ပါတယ်။ Marvel ရဲ့ အမာခံပရိသတ်တွေအတွက်ကတော့ ရသမျိုးစုံကို တစ်ပြိုင်တည်းခံစားခဲ့ရတဲ့ ရုပ်ရှင်လို့ဆိုနိုင်ပါတယ်။ ရိုက်ကူးတင်ဆက်မှုပုံစံကလည်း သေသပ်ကောင်းမွန်တာကြောင့် ရုပ်ရှင်ကားတစ်ကားလို့ သိနေတာတောင် ကိုယ့်ရှေ့မှာဖြစ်နေတဲ့အဖြစ်ကိုမြင်နေရသလိုပါပဲ။ (ဒါကတော့ပိုသွားပြီထင်တယ်:P)

အခုဖော်ပြပေးချင်တာကတော့ Endgame ရုပ်ရှင်ရိုက်ကူးခဲ့စဉ်အချိန်က ရိုက်ကွင်းပုံရိပ်တွေဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာ ပြောင်မြောက်ပီပြင်လွန်းနေတဲ့ ဇာတ်ဝင်ခန်းတွေကို ဘယ်လိုဖန်တီးထားသလဲဆိုတာကို ဒီပုံတွေထဲမှာ ကြည့်နိုင်မှာဖြစ်ပါတယ်။

Vormir ချောက်ကမ်းပါးစွန်းပေါ်က ကလင့်ခ် (Hawkeye) နဲ့ နာတာရှာ (Black Widow)

သားနို့စ်ကြီးကို အပီအပြင်နွှာဖို့ပြင်နေတဲ့ ဝမ်ဒါလေး (Scarlet Witch)

CGI မသုံးထားခင်က ကပ္ပတိန် မာဗယ်လ် (Captain Marvel) ဘယ်လိုပျံခဲ့သလဲ

စတိဗ်ရော်ဂျာ (Captain America) က သော်ရ် (Thor) ရဲ့ မယော်နာ (Mjölnir) ကို ပထမဆုံးကိုင်လိုက်စဉ်မြင်ကွင်း (အထူးပြုလုပ်ချက်တွေမထည့်ခင်)

စိတ်လှုပ်ရှားစရာ Avenger တွေစစ်ကူရောက်လာကြတဲ့ ဇာတ်ဝင်ခန်းက ရိုက်ကွင်းမှာတော့ အခုပုံစံမျိုးပါပဲ

တိုက်ပွဲဝင်ကြတော့မယ့် အမျိုးသမီးစူပါဟီးရိုးတွေရဲ့ဟန်ပန် (ကင်မရာရှုထောင့်က ရုပ်ရှင်ထဲမှာတော့ တစ်မျိုးပါ)

Ancient One ဆီ အလည်အပတ်သွားခဲ့တဲ့ Hulk

သားနို့စ်ရဲ့စစ်တပ်က ရန်သူတစ်ဦးကို ဓားမြှောင်နဲ့ စိတ်ရှိလက်ရှိ ထိုးပစ်နေတဲ့ Drax

သားနို့စ်စီးတော်ယာဉ်ကြီးရဲ့ ပကတိအတွင်းပိုင်းမြင်ကွင်းက ဒီလိုပါ

သားနို့စ်ရဲ့ စစ်တပ်ကြီးကို ကြည့်နေတဲ့ ဗယ်လ်ခရီနဲ့ သူ့ရဲ့နတ်မြင်းပျံ

ပင့်ကူလူသား (Tom Holland ရဲ့ စတန့်သမား) က ကပ္ပတိန် မာဗယ်လ်ကို Infinity Gauntlet ကမ်းပေးလိုက်တဲ့ ဇာတ်ဝင်ခန်း

တိုနီ စတာ့ခ် (Iron Man) ရဲ့ကိုယ်ကျိုးစွန့် သူရဲကောင်းဆန်စွာအသက်ပေးသွားတဲ့ဇာတ်ဝင်ခန်းကို ခုလိုမျိုးရိုက်ကူးခဲ့ပါတယ်

Ref: BuzzFeed “”Avengers: Endgame” Behind-The-Scenes Photos That’ll Change The Way You See The Movie”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top