2020 MTV Music Awards ကို အွန်လိုင်းကနေ မဟုတ်ဘဲ အပြင် အဆောက်အဦးမှာပဲ သြဂုတ်လကုန် ကျင်းပသွားမယ်

30-6-2020-yyl-028.jpg

MTV Video Music Awards ဆုပေးပွဲဟာ အခြားဆုပေးပွဲတွေလို ကျင်းပမယ့်ရက်မရွှေ့ဆိုင်းဘဲ နယူးယောက်မြို့မှာ သြဂုတ်လကုန်ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီသတင်းကို MTV နဲ့ နယူးယောက်ခ်မြို့ အုပ်ချုပ်ရေးမှူး အန်ဒရူး ကွာမိုက တနင်္လာနေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်ကပ်ရောဂါဖြစ်ပွားကတည်းက ပွဲခန်းမမှာ ကျင်းပမယ့် ပထမဆုံးဆုပေးပွဲလို့ ပြောရမှာဖြစ်ပါတယ်။

MTV နဲ့အုပ်ချုပ်ရေးမှူးက Barclays Center မှာ သြဂုတ်လ ၃၀ ရက်နေ့ကျင်းပမယ့် VMA ရှိုးပွဲဟာ ဘေးကင်းစေမယ့် လမ်းညွှန်ချက်တွေကို လိုက်နာမှာဖြစ်ပြီး လူဦးရေကန့်သတ်တာ (ဒါမဟုတ်) ပွဲကြည့်ပရိသတ်မပါဘဲ ကျင်းပတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီဆုပေးပွဲက ခါတိုင်းနှစ်တွေ တုန်းကဆိုရင် အနုပညာရှင်များစွာ၊ ဧည့်သည်နဲ့ ပွဲကြည့်ပရိသတ် အရေအတွက်များစွာနဲ့ တင်ဆက်တဲ့ပွဲဖြစ်ပေမယ့် ကပ်ရောဂါဖြစ်ပွားခဲ့တဲ့ မတ်လအလယ်ကတည်းက ရုပ်ရှင်ရုံ၊ ဂီတဖျော်ဖြေပွဲ၊ ရှိုးပွဲကျင်းပတာတွေကို ရပ်ဆိုင်းထားခဲ့ရပါတယ်။

တချို့ VMA ဖျော်ဖြေရေးသမားတွေက နယူးယောက်ခ်မြို့ရဲ့ အထင်ကရအဆောက်အဦးတွေမှာ တင်ဆက်မှာဖြစ်ပြီး Social Distancing နဲ့အညီ လူဦးရေကန့်သတ်မှုကတော့ ခန်းမထဲမှာ လူ (၁၉,၀၀၀) စာသာ ထိုင်ခုံထားရှိမှာဖြစ်ပါတယ်။ ဖျော်ဖြေတင်ဆက်မှုတွေ ဘယ်လောက်ထိ တိုက်ရိုက်တင်ဆက် သွားမလဲဆိုတာတော့ မသိရသေးတဲ့အပြင် ၂၀၂ဝပြည့်နှစ်အတွက် ဆန်ကာတင်စာရင်းဝင်တဲ့ ဂီတပညာရှင်တွေနဲ့ ပွဲမှာ ဖျော်ဖြေပေးမယ့် ဂီတပညာရှင်တွေကိုလည်း မကြေညာရသေးဘူးဖြစ်ပါတယ်။

Emmy Awards ပွဲကို စီစဉ်တဲ့သူကလည်း စက်တင်ဘာလမှာ ကျင်းပဖို့စီစဉ်ထားတဲ့အတိုင်း ရက်မရွှေ့ဘဲ ဆက်လက်ကျင်းပသွားမယ်လို့ ပြောကြားထားပါတယ်။ ဒါပေမဲ့ အော်စကာပွဲနဲ့ အခြားပွဲတွေကတော့ သတ်မှတ်ထားတဲ့ရက်မှာ မကျင်းပတော့ဘဲ နောက်နှစ် ၂၀၂၁ခုနှစ်အထိ ရွှေ့ဆိုင်းထားပါတယ်။

အမေရိကန်နိုင်ငံမှာဆိုရင် နယူးယောက်ခ်မြို့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု အမြင့်ဆုံးနေရာဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ကူးစက်ခံရမှုအခြေအနေကို ထိန်းချုပ်နိုင်နေတဲ့အတွက် တဖြည်းဖြည်းချင်း Shutdown လုပ်ထားတာတွေကို ဖြေလျော့ပေးနေပါပြီ။

Ref: MTV Music Awards to be held with physical presence in venue

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top