Myanmar Airways International (MAI) နှင့် Air KBZ တို့မှ ONE Championship မြန်မာကစားသမားများ၏ ခရီးသွားလာရေးကို တာ၀န်ယူ

aung-la.jpg

အာရှတိုက်သမိုင်းတစ်လျှောက် အကြီးဆုံး အားကစားမီဒီယာအဖွဲ့အစည်းဖြစ်သည့် ONE Championship သည် ၂၀၂၀ ဒုတိယနှစ်ဝက် ကာလအတွက် နာမည်ကျော်ကုမ္ပဏီများနှင့် စပွန်ဆာစာချုပ် ချုပ်ဆိုလိုက်သည်။ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် Esports ဂိမ်းပြိုင်ပွဲများအား ကျင်းပလျက်ရှိသည့် စင်ကာပူအခြေစိုက် ONE Championship သည် ၂၀၂၀ ဇူလိုင်လအစောပိုင်းအတွင်း ကမ္ဘာ့အကောင်းဆုံး အမှတ်တံဆိပ်များနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မည့် စာချုပ်များ ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားပြိုင်များအတွက် မြန်မာနိုင်ငံ၏ အကြီးဆုံးလေကြောင်းလိုင်းများဖြစ်သည့် Myanmar Airways International (MAI) နှင့် Air KBZ လေကြောင်းလိုင်းတို့ကလည်း နိုင်ငံဂုဏ်ဆောင် အောင်လအန်ဆန် အပါအ၀င် မြန်မာကစားသမားများအားလုံးအတွက် ONE Championship နှင့်ပူးပေါင်း၍ စပွန်ဆာ စာချုပ်ချုပ်ဆိုခဲ့သည်။

နာမည်ကျော်အမှတ် တံဆိပ်များနှင့် စပွန်ဆာစာချုပ် ချုပ်ဆိုနိုင်ခြင်းနှင့်ပတ်သက်၍ Chatri က “ONE Championship ဟာ ကမ္ဘာ့အ ကောင်းဆုံးအမှတ်တံဆိပ်အချို့နဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေဆီ ဒီထက်ပိုပြီး အရောက်သွားနိုင်တယ်ဆိုတဲ့ သက်သေပါပဲ။ ဒါက ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားနဲ့ Esports ပရိသတ်တွေကို အကောင်းဆုံးချိတ်ဆက်မိသွားစေတာလည်း ဖြစ်ပါတယ်” ဟု ပြောသည်။

MAI နဲ့ Air KBZ မှ Chief Commercial Officer ဖြစ်သူ Tanes Kumar ကလည်း “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က မြန်မာ့လေကြောင်း သယ်ယူပို့ဆောင်ရေးနယ်ပယ်ကို လွှမ်းမိုးထားနိုင်ရေးဖြစ်ပါတယ်။ ONE Championship ကပြုလုပ်တဲ့ အားကစားပြိုင်ပွဲတွေ၊ အာရှဒေသ သာမကဘဲ အခြားဒေသတွေအထိပါ ကမ္ဘာလုံးဆိုင်ရာ အားကစားမြှင့်တင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ONE Championship နဲ့ အလုပ်အတူတွဲလုပ်ခွင့်ရရှိတော့မှာဖြစ်လို့ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အောင်လအန်ဆန်အပါအဝင် နိုင်ငံ့ဂုဏ်ဆောင် မြန်မာအားကစားသမားတွေရဲ့ သွားရေးလာရေးအတွက် တာဝန်ယူခွင့်ရတာက အထူးအခွင့်အရေးတစ်ခုပါပဲ” ဟု ဆိုသည်။

MAI နှင့် Air KBZ လေကြောင်းလိုင်းများသည် ONE Championship မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ “မြန်မာ့စ ပါးအုံး” အောင်လအန်ဆန်အပါအဝင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် “ဘူရှီးဒိုး” ဖိုးသော်၊ “The Dragon Leg” ထီရယ် ထန်း၊ အန်တိုနီယာတို့ နိုင်င့တကာပြိုင်ပွဲများ ယှဉ်ပြိုင်ရသည့်အခါ လေကြောင်းစပွန်ဆာအဖြစ် ဂုဏ်ယူမှုအပြည့်ဖြင့် ပို့ဆောင်ပေးသွားမည် ဖြစ်သည်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top