ဂျပန်နိုင်ငံရဲ့ နာမည်ကျော် နင်ဂျာပြတိုက် ဖောက်ထွင်းခံရ

21-8-2020-yyl-010.jpg

ဂျပန်နိုင်ငံမှာရှိတဲ့ နင်ဂျာပြတိုက် ဖောက်ထွင်းခံခဲ့ရပြီး ဖောက်ထွင်းသူတွေက ယန်းငွေတစ်သန်းကျော် ( မြန်မာငွေ ၁၂၇ သိန်း) ခိုးယူသွားခဲ့ပါတယ်။ ဂျပန်နိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ အီဂါရူနင်ဂျာပြတိုက်ဟာ နာမည်ကျော် အီဂါနင်ဂျာဂိုဏ်းရဲ့ သမိုင်းကြောင်းကို ဖော်ထုတ်ပြသပေးရာ နေရာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ ဒေသစံတော်ချိန် နံနက် ၁ နာရီခွဲအချိန်မှာ အချက်ပေးသံထွက်ပေါ်လာခဲ့ပြီးနောက် ရဲခေါ်ခဲ့တယ်လို့ အီဂါရူပြတိုက်က ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ ပြောပါတယ်။

အဲဒီနောက်မှာတော့ ပြတိုက်ရုံးခန်းတံခါးဟာ သံတူရွှင်းနဲ့ ရိုက်ဖွင့်ခံထားရတဲ့ပုံစံ ပွင့်နေပြီး အလေးချိန် ၁၅၀ ကီလိုဂရမ်ရှိတဲ့ မီးခံသေတ္တာ ပျောက်ဆုံးနေတာကို အရာရှိတွေ တွေ့ခဲ့ပါတယ်။ မီးခံသေတ္တာထဲမှာ လူ ၁၁၀၀ နီးပါးထံကနေ ကောက်ယူထားတဲ့ ဝင်ကြေးငွေတွေ ရှိတယ်လို့ အီဂါရူပြတိုက်က ဆိုပါတယ်။ ခရီးသွားတွေကြား ရေပန်းစားတဲ့ အီဂါရူပြတိုက်ဟာ ဧည့်သည်တွေကို နင်ဂျာတွေအကြောင်း လေ့လာနိုင်အောင်၊ နင်ဂျာလက်နက်တွေကို ပစ်ခတ်တတ်အောင်၊ နင်ဂျာရှိုးပွဲတွေ ကြည့်နိုင်အောင် ဆောင်ရွက်ပေးလေ့ရှိပါတယ်။

Ref: BBC ” Ninja museum: Thieves carry out heist at Japanese site”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top