PUBG MOBILE Myanmar မှ Creator Challenge ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် စီစဉ်ကျင်းပပြုလုပ်သွားမည်

PUBG-MOBILE.jpg

ရန်ကုန်၊ မြန်မာ၊ ၄ နိုဝင်ဘာ ၂၀၂၀ ။ ။ PUBG MOBILE မှ နိုဝင်ဘာလ ၅ ရက်နေ့မှ စတင်ကာ နာမည်ကြီး Streamer များနှင့် အတူ အနုပညာရှင်များဖြစ်ကြသည့် ကယ်လ်ဗင်ကိတ်၊ မြတ်အမရာမောင်နှင့် Fool Ever Young မှ JakeHub တို့ ပါဝင်ယှဉ်ပြိုင် ကစားမည့် The Creator Challenge ကို သုံးပတ်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ပြိုင်ပွဲဝင်အသင်းစုစုပေါင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ၁၄ သင်းမှာ နာမည်ကြီး Streamer များ ပါဝင်သည့် အသင်းများဖြစ်ကာ ကျန် ၂ သင်းမှာ တိုက်ရိုက်ဖိတ်ခေါ်ထားသည့် အနုပညာရှင်များ ပါဝင်သည့် ၂ သင်းဖြစ်သည်။

PUBG MOBILE မှ အဆက်မပြတ် Esport ပြိုင်ပွဲများကို ပြုလုပ်ပေးလျက်ရှိရာ ယခုတစ်ခေါက်တွင်လည်း လက်ရှိ Esport Industry ၏ စဉ်ဆက်မပြတ်ဖွံဖြိုးတိုးတက်မှုများကို သိရှိနိုင်စေရန်နှင့် ဝါသနာရှင်လူငယ်များနှင့်လည်း ပိုမိုပြီး အချိတ်အဆက် ရှိလာစေရန် ရည်ရွယ်ကာ PUBG MOBILE မှ စီစဉ်တင်ဆက်ပေးခြင်းဖြစ်သည်။ Creator Challenge ကို မြန်မာနိုင်ငံ အနှံအပြားရှိ PUBG MOBILE ဆော့ကစားသူများနှင့် အတူတကွ ယှဉ်ပြိုင်ဆော့ကစားနိုင်မည်ဖြစ်ပြီး ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းစေရန် အထူးဧည့်သည်များကိုလည်း ဖိတ်ခေါ်၍ စီစဉ်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

PUBG MOBILE ၏ ကုမ္ပဏီ Tencent Thailand ၏ Head of Gaming Operations ဖြစ်သူ Mr. Andrew က “Creator Challenge ဆိုတာက PUBG Mobile Myanmar ရဲ့ Community နဲ့အတူ ပူးပေါင်းပါဝင်ဆော့ကစားကြတဲ့ Challenge တစ်ခု ပါပဲ။ လူတိုင်းနှစ်သက်အားပေးကြတဲ့ Streamer တွေ၊ ကစားသမားတွေနဲ့ Idols တွေ အတူတူဆော့ကစားကြတဲ့ ပြိုင်ပွဲ တစ်ခုလည်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဤ Creator Challenge ပြိုင်ပွဲကို Signature Streetwear နှင့် TECNO MOBILE မှ ပံ့ပိုးကူညီပေးထားခြင်းဖြစ်ပြီး တစ်ပတ်လျှင် ၄ ရက်ဖြင့် ၃ ပတ်ကြာအောင် ကျင်းပပြုလုပ်မည်ဖြစ်ကာ ၁ ရက်လျှင် ၃ ပွဲနှုန်းဖြင့် ကစားမည်ဖြစ်သည်။ ၃ ပွဲတွင် ၂ ပွဲမှာ ပုံမှန်စည်းမျဉ်းစည်းကမ်းများအတိုင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ကျန်တစ်ပွဲမှာ ပုံမှန်နှင့် ကွဲပြားသည့် Hard Core Mode တို့ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ပြိုင်ပွဲဝင်အသင်းပေါင်း ၁၆ သင်း ပါဝင်မည်ဖြစ်ပြီး ၁ သင်းလျှင် ၄ ယောက်နှုန်း ဖြင့် စုစုပေါင်းပြိုင်ပွဲဝင် ၆၄ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဤ Creator Challenge ပြိုင်ပွဲကို အပတ်စဉ် ကြာသပတေး၊ သောကြာ၊ စနေနှင့် တနင်္ဂနွေနေ့တိုင်း ညနေ ၆နာရီမှ ၉နာရီအတွင်း PUBG MOBILE Myanmar Page တွင် သုံးပတ်ကြာအောင် Live ပြသသွားမည်ဖြစ်ပြီး ပြိုင်ပွဲအချိန်အတွင်းတွင် Streamer များ၏ ကိုယ်ပိုင် Page များမှလည်း Live ပြသသွားမည်ဖြစ် သည်။

PUBG MOBILE သည် မြန်မာနိုင်ငံ၏ Esports ကဏ္ဍ ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံတကာ အဆင့်မီ Esports Ecosystem တစ်ခု မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လာရန်နှင့် မြန်မာလူငယ် Esports ကစားသမားများအား နိုင်ငံတကာ အဆင့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကူညီပံ့ပိုးပေးလိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၁၉ ခုနှစ်မှ စတင်ကာ ပြည်တွင်း ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိပြီး ယခုအခါတွင်မူ PUBG MOBILE ကစားသမားအချင်းချင်း ပိုမိုရင်းနှီးမှုရရှိစေရန် Creator Challenge ပြိုင်ပွဲကို စီစဥ်ကျင်းပပေးခြင်းဖြစ်သည်။ Creator Challenge ပြိုင်ပွဲနှင့် ပတ်သက်သော အချက်အလက်များ အားလုံးကို PUBG MOBILE ၏ Official Facebook စာမျက်နှာ http://www.fb.com/PUBGMOBILE.MM.OFFICIAL တွင် လေ့လာနိုင်သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top