Viber မှ ဆက်သွယ်ရေး လုပ်ဆောင်ချက်အပြင် အခြားအသုံးဝင်မည့် ဝန်ဆောင်မှုများ အသုံးပြုနိုင်ရန် ထည့်သွင်း လုပ်ဆောင်သွားမည်

viber.png

ကမ္ဘာ့ထိပ်တန်း ဆက်သွယ်ရေး အက်ပလီကေးရှင်းတစ်ခု ဖြစ်သည့် Rakuten Viber သည် အနာဂတ်တွင် မြန်မာနိုင်ငံအတွက် ၎င်း၏ ဆက်သွယ်ရေးဝန်ဆောင်မှုများ အပြင် အခြား အသုံးဝင်မည့် လုပ်ဆောင်ချက်များအား အက်ပလီကေးရှင်းအတွင်း ထည့်သွင်းလုပ်ဆောင်သွားမည်ဟု Rakuten Viber ၏ CEO ဖြစ်သူ Djamel Agaoua မှ မီဒီယာများနှင့် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောကြားသွားခဲ့သည်။

“Future Plan နဲ့ပတ်သက်ရင်တော့ Viber အနေနဲ့ လက်ရှိအချိန်မှာ ဆက်သွယ်ရေးနဲ့ဆိုင်တဲ့ လုပ်ဆောင်ချက်တွေကို အမြဲကောင်းမွန်အောင် တီထွင်ဆန်းသစ်ပေးနေပါတယ်။ အနာဂတ်မှာတော့ ဆက်သွယ်ရေးအပြင် တခြားအသုံးဝင်မယ့်အပိုင်းတွေ ထည့်သွားဖို့ စဉ်းစားထားပါတယ်။ ဥပမာဆိုရင် Viber ကနေတဆင့် ပိုက်ဆံရှင်းလို့ရတာမျိုး ဘဏ် apps တွေ သုံးစရာမလိုတော့အောင် ဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်။ လက်ရှိအချိန်မှာ ဘဏ်ဝန်ဆောင်မှုတွေ၊ Delivery နဲ့ Taxi ဝန်ဆောင်မှုတွေကို အသုံးပြုဖို့အတွက် App တစ်ခုချင်းစီကို အရင် ဒေါင်းလော့လုပ်ရပါတယ်။ Viber အနေနဲ့ User ‌တွေအဆင်ပြေစေဖို့အတွက် အဲ့ဒီဝန်ဆောင်မှုအားလုံးကို Viber မှာ တစ်ခါတည်း ထည့်ပေးနိုင်ဖို့အတွက် တစ်ခြား ကုမ္ပဏီတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ စီစဉ်နေပါတယ်။” ဟု Rakuten Viber ၏ CEO ဖြစ်သူ Djamel Agaoua မှ ပြောကြားသွားခဲ့သည်။

လက်ရှိအချိန်တွင် ရုရှား၊ ယူကရိန်းနှင့် ဂရိ စသည့်နိုင်ငံများတွင် အခြား Third Party ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် အငှားယာဉ် ဝန်ဆောင်မှု၊ အစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများကို Viber အက်ပလီကေးရှင်းမှ ပြုလုပ်နိုင်နေပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရရှိနိုင်ရန်အတွက် အခြား ဝန်ဆောင်မှု ကုမ္ပဏီများနှင့် လက်တွဲလုပ်ဆောင်နိုင်ရန် စီစဉ်လျက်ရှိသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top