ကပ်ရောဂါအတွင်း အိုးမဲ့အိမ်မဲ့ ဖြစ်နေသူတွေအတွက် ရန်ပုံငွေ ရှာပေးမယ့် Refugee Film Festival

17-6-2020-yyl-020.jpg

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါက ကမ္ဘာတစ်ဝှမ်းက လူတွေကို ဆုံးရှုံးမှုတွေများစေပြီး ကသောင်းကနင်းဖြစ်စေခဲ့ပါတယ်။ စစ်ပွဲနဲ့ ဖိနှိပ်မှုတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ လူ (၇၀.၈) သန်းအတွက် ကပ်ရောဂါက သူ့တို့ပြဿနာတွေကို ပိုဆိုးရွားစေခဲ့တာဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေရတဲ့ လူတွေအတွက် ရန်ပုံငွေရှာဖို့အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က (၁၃) ကြိမ်မြောက် Charity Refugee Film Festival ကို လှူဒါန်းလိုသူများနဲ့ ပံ့ပိုးကူညီသူများအတွက် အွန်လိုင်းကနေ ကြည့်ရှုလို့ရအောင် တင်လိုက်ပြီဖြစ်ပါတယ်။ ဒီပွဲတော်ကို ဇွန်လ (၂၀) ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ဒုက္ခသည်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

“ကပ်ရောဂါစတင်ကတည်းက UNHCR ဟာ COVID-19 တုန့်ပြန်ချက်တွေအတွက် ကြိုတင်စီစဉ်ပြင်ဆင်မှုတွေလုပ်ဖို့ ဒုက္ခသည်တွေအတွက် လှုပ်ဆော်ထောက်ပံ့ပေးနေခဲ့တာပါ။ ကမ္ဘာပေါ်ရှိ ဒုက္ခသည်တွေရဲ့ (၈၀) ရာခိုင်နှုန်းလောက်က ကျန်းမာရေး၊ ရေနဲ့ လက်သန့်ရှင်းရေးစနစ် ပိုအားနည်းတဲ့ နိုင်ငံတွေကဖြစ်ပါတယ်။ ဒါက ဒုက္ခသည်တွေနဲ့ သူတို့အသိုင်းအဝန်းကိုလည်း ရောဂါခုခံနိုင်စွမ်း အားနည်းစေခဲ့ပါတယ်”လို့ UNHCRရဲ့ တရုတ်ကိုယ်စားလှယ် ဆီဗန်ကာ ဒါနာပါလာက ပြောပါတယ်။

အခုနှစ်ရဲ့ ပွဲတော်ရှိုးပွဲမှာ ပြသတဲ့ ဓာတ်ပုံသတင်းမှတ်တမ်းတွေက ကမ္ဘာတစ်ဝှမ်းက ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ တကယ့်အတွေ့အကြုံတွေကို ပြသထားတာဖြစ်ပါတယ်။ ပွဲတော်ရဲ့ရည်ရွယ်ချက်က လူတိုင်းကို ပြောင်းလဲစေချင်ပြီး လုပ်ဆောင်ချက်တိုင်းကို ထည့်သွင်းလက်ခံပေးချင်တဲ့အတွက်ဖြစ်ပါတယ်။ ပွဲတော်ကို အမြဲလိုလို အပြင်မှာပဲကျင်းပခဲ့ပေမယ့် ဘေးကင်းဖို့နဲ့ Social Distancing ဖြစ်ဖို့အတွက် အွန်လိုင်းကနေ ကျင်းပရတာဖြစ်ပါတယ်။ (၁၄) စင်ကာပူဒေါ်လာလှူဒါန်းမယ်ဆိုရင် လှူဒါန်းသူတွေက ဒစ်ဂျစ်တယ်စနစ် ဝင်ခွင့်လက်မှတ် တစ်စောင်ရရှိမှာဖြစ်ပါတယ်။ ကြည့်ရှုဖို့အတွက် ဘယ်အချိန်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဝင်လို့ရမှာဖြစ်ပါတယ်။

“ကျန်းမာရေးစနစ်အားနည်းတဲ့နေရာတွေမှာ ဗိုင်းရပ်စ်ပျံ့နှံ့တာကို ကာကွယ်တာက ကျွန်တော်တို့အားလုံး ကာကွယ်တာပါပဲ။ ကျွန်တော်တို့ရဲ့ ပွဲကြည့်ပရိသတ်တွေက အသက်တွေကယ်တင်ဖို့အတွက် လှူဒါန်းပေးနိုင်သလို ဇာတ်ကားတွေကနေတဆင့် ဒုက္ခသည်တွေရဲ့အကြောင်းကိုလည်း သိခွင့်ရမှာဖြစ်ပါတယ်”လို့ ဆီဗန်ကာက ပြောပါတယ်။

Refugee Film Festival ပွဲမှာ ပြသနေတဲ့ သတင်းမှတ်တမ်းရုပ်ရှင်တွေမှာ ဟတ်ဆန် ဖာဇီလီ ရိုက်ကူးခဲ့တဲ့ Midnight Traveller ရုပ်ရှင်က Hassan ခရိုင်မှာ တာလီဘန်တွေ နယ်မြေကျူးကျော်လာတဲ့အချိန်မှာ အာဖဂန်နစ္စတန်ကို ထွက်ပြေးခဲ့ရတဲ့ သူ့မိသားစုရဲ့ခရီးစဉ်အကြောင်း မှတ်တမ်းဖြစ်ပါတယ်။ ဖုန်း (၃) လုံးကို အသုံးပြုပြီးရိုက်ကူးခဲ့တဲ့ ဒီသတင်းမှတ်တမ်းရုပ်ရုင်က ပြီးခဲ့တဲ့နှစ် Sundance Film Festival မှာ ကမ္ဘာ့ရုပ်ရှင်သတင်း မှတ်ထမ်းအတွက် Special Jury Award ဆုကို ရရှိခဲ့ပါတယ်။ 69 Minutes of 86 Days ရုပ်ရှင်က (၃) နှစ်အရွယ် ဆီးရီးယားဒုက္ခသည်လေးရဲ့ မျက်လုံးတွေကတဆင့် ကမ္ဘာကြီးကို ပြသနေတာဖြစ်သလို Day One ရုပ်ရှင်ကလည်း အမေရိကန်မှာ ဒုက္ခသည်တွေအတွက် ပညာရေးထောက်ပံ့ပေးထားတဲ့ အစိုးရစာသင်ကျောင်းတစ်ကျောင်း အကြောင်းဖြစ်ပါတယ်။

သတင်းမှတ်တမ်းရုပ်ရှင် (၃) ကားရဲ့ Trailer တွေကို အောက်က လင့်ခ်တွေမှာ ဝင်ရောက်ကြည့်ရှု လို့ရပါတယ်နော်..။

Midnight Traveler

69 Minutes of 86 Days

Day One

Ref: Refugee film festival to raise funds for displaced people affected by Covid-19 pandemic

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top