အိမ်ထောင်သက် ၁၈ နှစ်ပြည့်မှာ မင်္ဂလာဆောင်ဓာတ်ပုံအတိုင်း ပြန်လည်ဖန်တီးခဲ့တဲ့ ရောဘတ် ဒေါင်းနီ ဂျူနီယာတို့ ဇနီးမောင်နှံ

28.8.23-yyl-12.jpg

Iron Man ဇာတ်ကောင်နဲ့ လူသိများတဲ့ မင်းသားကြီး ရောဘတ် ဒေါင်းနီဂျူနီယာနဲ့ သူ့ဇနီးဖြစ်သူ ဆူဆန်တို့ဟာ အိမ်ထောင်သက် ၁၈ နှစ်ပြည့်မြောက်သွားခဲ့ပါပြီ။ သူတို့ဇနီးမောင်နှံက ၁၈ နှစ်ပြည့် မင်္ဂလာသက်တမ်းကို ဂုဏ်ပြုတဲ့အနေနဲ့ မင်္ဂလာဆောင်ခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ဓာတ်ပုံအတိုင်း ပြန်လည်ဖန်တီးခဲ့ကြပါတယ်။

ဒေါင်းနီက မင်္ဂလာဆောင်ဓာတ်ပုံအတိုင်း လက်ရှိပြန်လည်ရိုက်ကူးထားတဲ့ဓာတ်ပုံကို “၁၈ နှစ်…အချစ်တွေ ပေါက်ဖွားနေတုန်းပါပဲ”ဆိုတဲ့စာသားနဲ့ အင်စတာဂရမ်အကောင့်မှာ တင်ခဲ့တာပါ။ ဒီဓာတ်ပုံက ပရိသတ်တော်တော်များများရဲ့နှလုံးသားကို အရည်ပျော်သွားစေခဲ့ပြီး သူတို့နှစ်ဦးအတွက် ဆုတောင်းပေးခဲ့ကြပါတယ်။

ရောဘတ် ဒေါင်းနီဂျူနီယာနဲ့ သူ့ဇနီး ဆူဆန်တို့က ၂၀၀၃ ခုနှစ်ရဲ့ Gothika ဇာတ်ကားရိုက်ကွင်းမှာ တွေ့ဆုံခဲ့ကြတာပါ။ အဲ့တုန်းက ဆူဆန်ဟာ Silver Pictures ထုတ်လုပ်ရေးကုမ္ပဏီရဲ့ထုတ်လုပ်သူပါ။ အစကတော့ ဆူဆန်က လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ ချိန်းတွေ့ရတာကို နှစ်သက်တဲ့သူမဟုတ်ပါဘူး။ ဒါပေမဲ့ နောက်တော့ ဒေါင်းနီအပေါ် အချစ်တွေကြီးထွားလာခဲ့တာပါ။ သူတို့ တွဲခဲ့ပြီး လအနည်းငယ်အတွင်း စေ့စပ်ခဲ့ကြပြီး ၂၀၀၅ ခုနှစ် ဩဂုတ်လမှာ လက်ထပ်ခဲ့ကြပါတယ်။

သူတို့ဇနီးမောင်နှံမှာ ကလေး နှစ်ယောက်ရှိပြီး Team Downey အမည်နဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကိုတောင် တည်ထောင်ထားပါတယ်။

Ref: Robert Downey Jr. and wife Susan recreate wedding photo as they celebrate 18 years of marriage

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top