သိပ္ပံနည်းကျ တွက်ချက်မှုအရ ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး အမျိုးသားအဖြစ် ရောဘတ်ပက်တင်ဆန် ရွေးချယ်ခံရ

20-6-2022-yyl22.jpg

ဟောလိဝုဒ်သရုပ်ဆောင်မင်းသား ရောဘတ်ပက်တင်ဆန်ဟာ ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး အမျိုးသားဖြစ်တယ်လို့ သိပ္ပံနည်းကျ တွက်ချက်မှုတွေမှာ ဖော်ပြထားပါတယ်။ Harry Potter ၊ Goblet of Fire ၊ Twilight ၊ The Batman အစရှိတဲ့ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရောဘတ်ပတ်တင်ဆန်ဟာ ၂၀၂၀ ပြည့်နှစ်ကလည်း ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံခဲ့ရဖူးပါတယ်။

Vitruvian Man ပန်းချီကားကို ရေးဆွဲရာမှာ ကမ္ဘာကျော် ပန်းချီဆရာ လီယိုနာဒိုဒါဗင်ချီ အသုံးပြုခဲ့တယ်ဆိုတဲ့ ရွှေအချိုးအစားကို အခြေခံပြီး ကမ္ဘာကျော်မင်းသားတွေရဲ့ မျက်နှာအချိုးအစားကို တိုင်းတာခဲ့ကြတာပါ။ မျက်နှာရဲ့အလျားနဲ့ အနံကို တိုင်းတာပြီး အချိုးအစားချကြည့်တဲ့အခါ Beauty Phi တန်ဖိုးနဲ့ နှိုင်းယှဉ်ကြည့်တာဖြစ်ပါတယ်။ ဆံစကနေ မျက်လုံး နှစ်ဖက်ကြား၊ မျက်လုံးနှစ်ဖက်ကြားကနေ နှာခေါင်းအောက်ခြေ၊ နှာခေါင်းအောက်ခြေကနေ မေးခြေအဆုံးအထိ ခွဲခြားတိုင်းတာပြီး အဲဒီအကွာအဝေးတွေ ညီမျှနေသူကို သိပ္ပံနည်းကျ အလှဆုံးအဖြစ် သတ်မှတ်တာ ဖြစ်ပါတယ်။

အချိုးအစား အကျဆုံးမျက်နှာပိုင်ရှင်ကို သိပ္ပံနည်းကျ တွက်ချက်ရာမှာ ရောဘတ်ပက်တင်ဆန်က ၉၂.၁၅ ရာခိုင်နှုန်း ရရှိခဲ့ပြီး ဟင်နရီကာဗီးလ် (၉၁.၆၄)၊ ဘရက်ဒလေကူးပါး (၉၁.၀၈) ၊ ဘရက်ပစ်ဒ် (၉၀.၅၁)၊ ဂျော့ကလိုရေး (၈၉.၉၁) တို့ထက် သာလွန်ခဲ့တာပါ။
ရောဘတ်ပက်တင်ဆန်ဟာ မျက်နှာအလှအပဆိုင်ရာ သတ်မှတ်ချက်အားလုံးနီးပါးမှာ ရမှတ်အများဆုံး (၅)ဦးစာရင်း ဝင်ခဲ့ပြီး ပါးပြီး ကျယ်နေတဲ့ နှုတ်ခမ်းတစ်ခုပဲ ပျမ်းမျှရမှတ်အောက် လျော့ခဲ့တာလို့ မျက်နှာအလှအပ ခွဲစိတ်ပြုပြင်မှုစင်တာရဲ့ ဒေါက်တာ ဂျူလီယန်ဒီဆေးလ်ဗားက ပြောပါတယ်။

Ref: Ladbible ” Robert Pattinson Is The Most Attractive Man In The World, According To Science”

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top