တောင်ကိုရီးယားနိုင်ငံတော်သံစုံတီးဝိုင်းကို တီးဝိုင်းခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့တဲ့ စက်ရုပ်

3.7.23-yyl-2.jpg

တောင်ကိုရီးယားအမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့တဲ့ နိုင်ငံတော်သံစုံတီးဝိုင်းရဲ့ ဖျော်ဖြေပွဲမှာ စက်ရုပ်က တီးဝိုင်းခေါင်းဆောင်အဖြစ် ပါဝင်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့က ဆိုးလ်မြို့ အမျိုးသားဇာတ်ရုံမှာ ကျင်းပခဲ့တာပါ။ EveR 6 လို့ အမည်ပေးထားတဲ့ android စက်ရုပ်ကို ကိုရီးယားစက်မှုနည်းပညာသိပ္ပံက ဒီဇိုင်းဖန်တီးထားတာ ဖြစ်ပါတယ်။

လူမျက်နှာပုံစံရှိပြီး လက်နှစ်ဖက်ပါတဲ့ android စက်ရုပ် EveR 6 ဟာ စင်ပေါ် ရောက်ချိန်မှာ ပရိသတ်တွေကို ဦးညွှတ်နှုတ်ဆက်ခဲ့ပြီး လူသားတီးဝိုင်းခေါင်းဆောင်ပုံစံအတိုင်း လက် ဝှေ့ယမ်းကာ တီးဝိုင်းကို ဦးဆောင်သွားခဲ့ပါတယ်။ ” စက်ရုပ်ရဲ့ လှုပ်ရှားမှုက တော်တော်အသေးစိတ်ကျပါတယ်။ ထင်ထားတာထက်ပိုပြီး အသေးစိတ်ကျကျ လှုပ်ရှားနိုင်ခဲ့တာပါ”လို့ စက်ရုပ်နဲ့အတူ တီးဝိုင်းကို ဦးဆောင်ခဲ့တဲ့ လူသားတီးဝိုင်းခေါင်းဆောင် ချွဲဆူယောက ပြောပါတယ်။

EveR 6 စက်ရုပ်ဟာ တီးဝိုင်းကို ဦးဆောင်နိုင်ခဲ့ပေမဲ့ သူ့ရဲ့အဓိက အားနည်းချက်ကတော့ တေးသွားကို နားထောင်နိုင်စွမ်း မရှိပါဘူး။ ကိုရီးယားရိုးရာဂီတ ဘာသာရပ်ကို လေ့လာသင်ကြားခဲ့ဖူးတဲ့ ပရိသတ်တစ်ဦးကတော့ စက်ရုပ်ရဲ့ လှုပ်ရှားမှုဟာ စည်းချက်မှန်ပေမဲ့ ဖျော်ဖြေပွဲရဲ့ အဓိကအနှစ်သာရဖြစ်တဲ့ ပေါင်းစည်းညီညွတ်မှု ဖော်ဆောင်ပေးနိုင်စွမ်းမရှိဘူးလို့ ဆိုပါတယ်။

Ref: Robot takes podium as orchestra conductor in South Korea

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top