၂၀၂၂ ခုနှစ်ထုတ် အရည်အသွေးမြင့် တီဗီအမျိုးအစားသစ်တွေကို မိတ်ဆက်ခဲ့တဲ့ Samsung

21-7-2022-02.jpg

Samsung Electronics က ၂၀၂၂ ခုနှစ်ထုတ် အရည်အသွေးမြင့် တီဗီအမျိုးအစားသစ်တွေကို မြန်မာနိုင်ငံ ဈေးကွက်မှာ မိတ်ဆက်ပြသလိုက်ပါပြီ။ ရုပ်ထွက်ကြည်လင်ပြတ်သားပြီး အသံစနစ် ပိုကောင်းတဲ့ တီဗီအမျိုးအစားသစ်တွေဟာ ဂိမ်းကစားဖို့ ပိုကောင်းအောင်လည်း ဖန်တီးထားတာ တွေ့ရပါတယ်။

Samsung Electronics က မိတ်ဆက်ခဲ့တဲ့ တီဗီအမျိုးအစားသစ်တွေထဲမှာ Freestyle လို့ အမည်ပေးထားတဲ့ တီဗီကတော့ International Forum(iF) Design Award 2022 မှာ ဆုရထားတာပါ။ သမားရိုးကျထဲကနေ ခွဲထွက်ထားတဲ့ Freestyle ဟာ လုံးဝန်းပြီး ပေါ့ပါးလို့ ခရီးသွားရင် သယ်ယူသွားလို့ ရပါတယ်။ တီဗီအပေါ် လူတွေရဲ့ ရှုမြင်မှုကို ပြောင်းလဲသွားစေတာကြောင့်လဲ ဒီဇုငိးဆု ဆွတ်ခူးခဲ့တာပါ။

Samsung ရဲ့ တီဗီအမျိုးအစားသစ်တွေကတော့ QLED 4K 2022 ၊ Neo QLED 4K 2022 ၊Neo QLED 8K 2022 ၊ Lifestyle TV 2022 နဲ့ Freestyle တို့ဖြစ်ကြပြီး ဈေးနှုန်းတွေကတော့ ၁,၄၈၃,၀၀၀ ကနေ ၁၅,၄၅၂,၀၀၀ အထိ အမျိုးမျိုး ရှိပါတယ်။ဒီလထဲမှာ ဝယ်ယူသူတွေကိုလည်း အထူးပရိုမိုးရှင်းပေးဦးမယ်လို့ ဆိုပါတယ်။ အသေးစိတ်ကိုတော့ Samsung ဖေ့ဘွတ်ခ်ပေ့ချ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top