အံ့အားသင့်စရာ အာကာသပုံရိပ်များ

26-12-2022-yyl01.jpg

ကမ္ဘာမြေနဲ့ အလင်းနှစ် ၁၆၁၀၀၀ ကွာဝေးတဲ့ နေရာမှာ တည်ရှိတဲ့ တာရန်တူလာနက်ဗျူလာ(Tarantula Nebula)။ ကြယ်ပေါင်းထောင်သောင်းချီ မွေးဖွားဖြစ်တည်တဲ့ နေရာပါ။

အမေရိကန်ဒေါ်လာ ၁၀ ဘီလျံတန် James Webb အာကာသကြည့်မှန်ပြောင်းနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။ James Webb အာကာသကြည့်မှန်ပြောင်းကို ဆယ်စုနှစ် ၃ ခုကြာ အချိန်ယူကာ ဒီဇိုင်းဆွဲ တည်ဆောက်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့နှစ် ခရစ္စမတ်နေ့မှာ အာကာသထဲကို လွှတ်တင်ခဲ့တာပါ။

ပြီးခဲ့တဲ့ဇူလိုင်လမှာ အမေရိကန်၊ ဥရောပနဲ့ ကနေဒါအာကာသအေဂျင်စီတွေက James Webb အာကာသကြည့်မှန်ပြောင်းကနေ ဖမ်းယူထားတဲ့ ရောင်စုံဓာတ်ပုံတွေကို စတင်ထုတ်ပြန်ခဲ့တာပါ။

တောင်တန်းတွေနဲ့ ဆင်တူလို့ Cosmic Cliffs လို့ ခေါ်ဆိုကြတဲ့ ဒီပုံကတော့ ကြယ်တွေ မွေးဖွာနေတဲ့ ကာရီနာနက်ဗျူလာ(Carina Nebula)ပါ။
၁၉၄၀ ပြည့်နှစ်တစ်ဝိုက်မှာ ဆွစ်ဇာလန်နက္ခတ်ဗေဒပညာရှင် ဖရစ်ဆွစ်ဇ်ကီ ရှာဖွေတွေ့ရှိခဲ့တဲ့ လှည်းဘီးဂလက်ဇီ(Cartwheel Galaxy)ရဲ့ အသေးစိတ်ပုံပါ။ လှည်းဘီးဂလက်ဇီရဲ့ အချင်းက အလင်းနှစ် ၁၄၅၀၀၀ ရှိပါတယ်။
ကမ္ဘာမြေကနေ အလင်းနှစ် ၁၃၅၀ ကွာဝေးတဲ့ ကြယ်များမွေးဖွားရာ အိုရီယွန်နက်ဗျူလာ(Orion Nebula)ရဲ့ ဓာတ်ပုံပါ။ ဓာတ်ငွေ့နဲ့ ဖုန်မှုန့်တွေ သိပ်သည်းကျစ်လျစ်စွာ စုဖွဲ့နေတဲ့ Orion Bar ကိုလည်း မြင်တွေ့ရမှာပါ။
James Webb အာကာသကြည့်မှန်ပြောင်းကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံး ဓာတ်ပုံတစ်ပုံကတော့ WR-140 ပါပဲ။ သက်တမ်းကုန်ဆုံးတော့မယ့် ကြယ်ကြီးတွေကို WR(Wolf-Rayet) လို့ ခေါ်ကြပါတယ်။ ကြယ်ကြီးက အာကာသထဲကို ဓာတ်ငွေ့ပါတဲ့လေတွေ ထုတ်လွှတ်ပြီး (ဒီဓာတ်ပုံထဲမှာ မမြင်ရတဲ့ ကြယ်တစ်လုံးက) အဲဒီဓာတ်ငွေ့တွေကို ဖိသွင်းနေတဲ့မြင်ကွင်းပါ။ အခုမြင်ရတဲ့ ဓာတ်ငွေ့လေတွေရဲ့ အကွာအဝေးဟာ ကီလိုမီတာ ၁၀ ထရီလျံရှိပြီး ကမ္ဘာနဲ့ နေကြား အကွာအဝေးထက် အဆပေါင်း ၇၀၀၀၀ ပိုများပါတယ်။
ကမ္ဘာမြေကနေ အလင်းနှစ် ၆၅၀၀ ကွာဝေးတဲ့နေရာမှာ တည်ရှိတဲ့ လင်းယုန်နက်ဗျူလာ(Eagle Nebula)

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top