နိုင်ငံအတွင်း Avatar ဇာတ်ကားထက်ကျော်ပြီး တတိယဝင်ငွေအမြင့်ဆုံးဇာတ်ကားဖြစ်နေတဲ့ ‘Spider-Man: No Way Home’

17-2-2022-yyl7.jpg

အခုဆိုရင် ပင့်ကူလူသားအဖြစ် တွမ် ဟော်လန် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ “Spider-Man: No Way Home” ဟာ နိုင်ငံအတွင်း Box Office မှာ မှတ်တိုင်အသစ်စိုက်ထူလိုက်ပြန်ပါပြီ။ ရက်သတ္တပတ်အကျော်မှာ တွမ် ဟော်လန်ရဲ့ “Spider-Man: No Way Home”ဇာတ်ကားက ၂၀၀၉ ခုနှစ်ရဲ့ Avatar ဇာတ်ကားကို ကျော်ပြီး နိုင်ငံတွင်း တတိယဝင်ငွေအမြင့်ဆုံးဇာတ်ကားဖြစ်လာခဲ့ပါတယ်။ ဒီဇာတ်ကားက “Avatar” ရဲ့ ဒေါ်လာ ၇၆၀.၅ သန်းနဲ့ယှဥ်ရင် လက်ရှိအချိန်ထိ ဒေါ်လာ ၇၆၀.၉ သန်းဖြစ်နေပါတယ်။


“Spider-Man: No Way Home”ဇာတ်ကားအရှေ့မှာ ပထမနဲ့ ဒုတိယဝင်ငွေအမြင့်ဆုံးဇာတ်ကား ၂ ကားကတော့ ဒေါ်လာ ၉၃၆.၆ သန်းနဲ့ ၂၀၁၅ ခုနှစ်ရဲ့ “Star Wars: Episode VII – The Force Awakens” ၊ ဒေါ်လာ ၈၅၈.၃ သန်းနဲ့ ၂၀၁၉ ခုနှစ်ရဲ့ “Avengers: Endgame”တို့ပါပဲ။ ကမ္ဘာတစ်ဝှမ်း Box Office ကို ကြည့်လိုက်ရင်လည်းလက်ရှိမှာ “Spider-Man: No Way Home”က ဝင်ငွေ ဒေါ်လာ ၁.၈ ဘီလျံနဲ့ ဆဋ္ဌမဝင်ငွေအမြင့်ဆုံးဇာတ်ကားဖြစ်နေပါတယ်။

ပထမဝင်ငွေအမြင့်ဆုံးကတော့ ဝင်ငွေ ဒေါ်လာ ၂.၈ ဘီလျံကျော်နဲ့ ၂၀၀၉ ခုနှစ်ရဲ့ “Avatar”က ရပ်တည်နေပါတယ်။ တွမ်ဟော်လန်ရဲ့ No Way Home က ၂၀၁၁ ခုနှစ်ရဲ့ “Super-Man: Homecoming” နဲ့ ၂၀၁၉ ခုနှစ်ရဲ့ “Super-Man: Far From Home” ပြီးရင် တတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။ “No Way Home” မှာ လက်ရှိပင့်ကူလူသားက အရင် Spider-Man ဇာတ်ကားတွေထဲက ဗီလိန်တွေကို အရင်ပင့်ကူလူသားရဲ့အကူအညီတချို့ယူပြီး ရင်ဆိုင်တိုက်ခိုက်တာဖြစ်ပါတယ်။

“Spider-Man: No Way Home” က ဝေဖန်သူတွေဆီက အဆင့်သတ်မှတ်ချက် ၉၃ ရာခိုင်နှုန်း နဲ့ Rotten Tomatoes မှ ကြည့်ရှူသူပရိသတ်တွေဆီက အဆင့်သတ်မှတ်ချက် ၉၈ ရာခိုင်နှုန်း ရရှိထားသလို Cinemascore မှာလည်း A+ ရရှိထားပါတယ်။

Ref: ABCNews “‘Spider-Man: No Way Home’ now the 3rd-highest grossing film domestically”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top