ကန္တာရကို ၇ နာရီအတွင်း စိုက်ပျိုးမြေအဖြစ် ပြောင်းလဲပေးမယ့် ဒိန်းမတ်ကုမ္ပဏီ

25-10-2022-yyl-05.jpg

နော်ဝေနိုင်ငံရဲ့ တက်သစ်စကုမ္ပဏီ Desert Control ဟာ ကန္တာရကို နာရီပိုင်းအတွင်း စိုက်ပျိုးမြေအဖြစ် ပြောင်းလဲပေးနိုင်မယ့် Liquid NanoClay (LNC)ကို ဖန်တီးခဲ့ပါတယ်။စိုက်ပျိုးရေးသမားတွေဟာ သူတို့ရဲ့စိုက်ပျိုးမြေတွေ ဖြစ်ထွန်းအောင်မြင်စေဖို့ ရွှံမြေပက်ဖျန်းတာမျိုး လုပ်လေ့ရှိပါတယ်။ နိုင်းမြစ်ဝန်းကတော့ နှုန်းတင်မြေနုကြောင့် စိုက်ပျိုးသမျှ ဖြစ်ထွန်းတယ်လို့ နာမည်ကျော်ပါတယ်။ ဒါပေမဲ့ လေးလံတဲ့ ရွှံ့မြေတွေကို လွင်တီးခေါင်ပြင်ဆီ သယ်ယူရမယ့်နည်းလမ်းက အလုပ်သမား လိုအပ်ချက်များပြားပြီး အချိန်ကုန်လွန်းပါတယ်။

Desert Control ကေတာ့ ရွှံကို ရေလောက်နီးနီး အရည်ဖျော်ပစ်တဲ့နည်းလမ်းနဲ့ ဒီအခက်အခဲကို ဖြေရှင်းခဲ့တာပါ။ Liquid NanoClay ဆိုတာ ရွှံဖျော်ရည်ပါပဲ။ အဲဒီရွှံဖျော်ရည်ကို ကန္တာရသဲပြင်ပေါ် စင်တီမီတာ အနည်းငယ် ထူထဲလာတဲ့ ပက်ဖျန်းလိုက်တာပါ။ ရွှံဖျော်ရည်က သဲမှုန်တွေနဲ့ ပေါင်းစပ်သွားပြီး ရေဓာတ်ထိန်းသိမ်းနိုင်တဲ့မြေသား ဖြစ်ပေါ်လာတာပါ။ အဲဒီမြေသားက မြေနက်တွေလောက် စိုက်ပျိုးဖြစ်ထွန်းနိုင်စွမ်း မရှိပေမဲ့ အပင်စိုက်လို့ရတဲ့ အနေအထားတော့ ဖြစ်သွားပါတယ်။

အဲဒီနည်းပညာက လွင်တီးခေါင်ပြင်ကို စိုက်ပျိုးမြေအဖြစ် ပြောင်းလဲပေးနိုင်စွမ်းရှိပေမဲ့ ကုန်ကျစရိတ်ပြဿနာတော့ ရှိပါတယ်။ ကန္တာရကို စိုက်ပျိုးမြေအဖြစ် ပြောင်းလဲဖို့အတွက် ၁ စတုရန်းမီတာကို အမေရိကန်ဒေါ်လာ ၂ ဒေါ်လာကနေ ၅ ဒေါ်လာကြား ကုန်ကျပါတယ်။ ဒါပေမဲ့ Desert Control ကုမ္ပဏီက Liquid NanoClay များများစားစား ထုတ်လုပ်နိုင်မယ့် စက်တွေ ဖန်တီးနိုင်ရင်တော့ ကုန်ကျစရိတ် သိသိသာသာ သက်သာသွားမှာပါ။

Desert Control ကုမ္ပဏီရဲ့ ရွှံဖျော်ရည်ဟာ ၅ နှစ်သက်တမ်းခံပြီး ၅ နှစ်ကျော်သွားရင်တော့ နောက်တစ်ကြိမ် ပြန်လောင်းပေးဖို့ လိုအပ်ပါတယ်။ လောလောဆယ်မှာတော့ Desert Control ကုမ္ပဏီဟာ စားသောက်ကုန် ၉၀ ရာခိုင်နှုန်းကို ပြည်ပကနေ မှာယူတင်သွင်းနေရတဲ့ ယူအေအီးနိုင်ငံမှာ သူတို့ရဲ့ ပရောဂျက်စတင်ဖို့ ရည်မှန်းထားပါတယ်။ နှစ်စဉ်နှစ်တိုင်း ကမ္ဘာပေါ်မှာ စိုက်ပျိုးမြေ ဟက်တာ ၁၂ သန်းဟာ လွင်တီးခေါင်ပြင်အဖြစ် ပြောင်းလဲလျက်ရှိပါတယ်။

Ref:Startup Turns Desert Sand Into Fertile Soil in Just Seven Hours

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top