Single Mother စားပွဲထိုးအမျိုးသမီးကို အံ့အားသင့်စေခဲ့တဲ့ စုံတွဲ

23-5-2022-yyl-06.jpg

အဲဒီနေ့က စားပွဲထိုး အမျိုးသမီး ဗာနန်စီယိုအတွက် တော်တော်လေး ကသီလင်တနိုင်ခဲ့တယ်။ မနက် ၁၁ နာရီ အလုပ်သွားရမှာ ဖြစ်ပေမဲ့ ၃ နှစ်အရွယ် သားလေးကို ထိန်းပေးမယ့်သူမရှိလို့ ၁၆ နှစ်အရွယ် သမီးဖြစ်သူ ကျောင်းကနေ ပြန်လာတဲ့အထိ စောင့်ခဲ့ရတယ်။

ဗာနန်စီယိုက ကလေး ၂ ယောက်ကို တစ်ဦးတည်း ပြုစုစောင့်ရှောက်နေရတဲ့ Single Mother တစ်ယောက်ပါ။ The Big Cheese & Pub ဟာ စားပွဲထိုးအဖြစ် ဝင်လုပ်နေတာ ၃ နှစ် ရှိပါပြီ။ အလုပ်ကို နောက်ကျပြီးမှ ရောက်သွားလို့ ပြဿနာမဖြစ်ပါစေနဲ့လို့ သူ ဆုတောင်းနေရတာပေါ့။

အလုပ်ဝင်ချိန်မှာ ပထမဆုံး ဝန်ဆောင်မှုပေးရတာက ဆန်းဝှစ်ချ် မှာစားတဲ့ လင်မယား ၂ ယောက်ပါ။ သူတို့မှာစားတာက ၄၈.၁၇ ဒေါ်လာပဲ ကျသင့်ပေမဲ့ ဗာနန်စီယိုအတွက် ဘောက်ဆူး ဒေါ်လာ ၈၁၀ ( မြန်မာငွေ ၁၅ သိန်းကျော်) တောင် ပေးခဲ့ပါတယ်။စားပွဲထိုးအလုပ်လုပ်ခဲ့တဲ့ကာလတစ်လျှောက်မှာ ဒီလောက်များတဲ့ ဘောက်ဆူးမျိုး တစ်ခါမျှ မရဖူးဘူးလို့ ဗာနန်စီယိုက ဆိုပါတယ်။ ဗာနန်စီယိုနဲ့ အဲဒီစုံတွဲဟာ အရင်တုန်းကလည်း တစ်ခါမျှ မဆုံခဲ့ဖူးပါဘူး။

ဗာနန်စီယိုက ဘောက်ဆူးရတဲ့ ပိုက်ဆံနဲ့ သမီးလေးအတွက် ဖိနပ်အသစ်တစ်ရံ၊ သားလေးအတွက် အရုပ်ကားလေးတစ်စီး ဝယ်ပေးခဲ့ပါတယ်။ ကျန်တဲ့ပိုက်ဆံကိုတော့ ပေးစရာရှိတာတွေပေးဖို့ သုံးရမယ်လို့ ဗာနန်စီယိုက ဆိုပါတယ်။

ဘောက်ဆူးငွေက သူ့အတွက် အင်မတန် အထောက်အပံ့ဖြစ်စေလို့ အရမ်းကျေးဇူးတင်မိတယ်လို့ ဗာနန်စီယိုက ပြောပါတယ်။

Ref: Sunnyskyz ” Surprise $810 Tip Leaves Waitress Speechless”

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top