Suzuki (Myanmar) Motor Co., Ltd က ရောင်းအား အကောင်းဆုံး Sedan Suzuki Ciaz အဆင့်မြှင့် မော်ဒယ်သစ်ကို မြန်မာဈေးကွက်မှာ မိတ်ဆက်

SUZUKI-CIAZ-POSTER-MYANMAR.jpg

Suzuki (Myanmar) Motor Company Limited က ဂျပန်နည်းပညာဖြင့် မြန်မာနိုင်ငံမှာ ထုတ်လုပ်သည့် ရောင်းအားအကောင်းဆုံး Sedanကားအမျိုးအစားဖြစ်တဲ့ Suzuki Ciaz အဆင့်မြှင့်မော်ဒယ်သစ်ကို ဇွန်လ ၁၄ ရက်နေ့က မိတ်ဆက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ Suzuki Ciaz ကားအမျိုးအစားထုတ်လုပ်မှုကို ပထမဆုံး အကြိမ်အဖြစ် ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ က တောင်ဒဂုံစက်မှုဇုန်ရှိ Suzuki စက်ရုံတွင်စတင်ထုတ်လုပ်ခဲ့ပြီး အဆိုပါနှစ်တွင်ပင် စုစုပေါင်း အစီးရေ ၁,၀၅၀အထိ ရောင်းချနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ရောင်းအားပိုမိုတိုးချဲ့ရန်အတွက် ထုတ်လုပ်မှုကို သီလဝါစက်ရုံသို့ ပြောင်းရွှေ့ ထုတ်လုပ်ခဲ့ပါတယ်။ Suzuki (Myanmar) Motor Company Limited ရဲ့ပြောစကားအရ ၂၀၁၈ခုနှစ် တစ်နှစ်လုံးမှာ Suzuki Ciaz ရောင်းအားအဖြစ် အစီးရေ ၄,၁၂၃ စီးနှင့် ၂၀၁၉ ခုနှစ်တွင် အစီးရေ ၃,၈၃၈ အထိ ရောင်းချနိုင်ခဲ့ပါတယ်။

Suzuki Ciaz အဆင့်မြှင့်မော်ဒယ်သစ်တွင်ပါဝင်သည့် ထင်ရှားသောပြောင်းလဲမှုသစ်များမှာ-

· ကားရဲ့အရှေ့ဘက် Grill ဒီဇိုင်းကို ပုံစံအသစ်ပြောင်းလဲထားခြင်း။

· ပိုမိုဆွဲဆောင်မှုရှိစေရန် ကားရဲ့နှင်းခွဲမီးသီးများကိုလည်း Chrome များဖြင့်အလှဆင် ထားခြင်း။

· လှပပြီးခေတ်မှီသောခံစားမှုကိုပေးစွမ်းရန်အတွက် ရှေ့မီးသီးများကို အဖြူရောင် အလင်းတန်းထွက်ရှိတဲ့ LED မီးများဖြင့် ပြောင်းလဲအသုံးပြုထားခြင်း။

· ပိုမိုလှပပြီး ဆွဲဆောင်မှုရှိစေရန် အနောက်ဘက်ရောင်ပြန်များရဲ့ ပတ်ပတ်လည်မှာ Chromeများတပ်ဆင်ထားခြင်း။

· စမတ်ဖုန်းနှင့် ချိတ်ဆက်ပြီး အသုံးပြုနိုင်တဲ့ Touch Panel Audio စက်ထည့်သွင်းပေးထားခြင်း။

Suzuki Ciaz အဆင့်မြှင့်မော်ဒယ်အား Pure White Pearl, Dignity Brown Pearl Metallic နှင့် Super Black Pearl အရောင်သုံးရောင်ဖြင့်ရရှိနိုင်ပြီး ဆူဇူကီးရဲ့လူကြိုက်များသော Ertiga နှင့် Swiftကားများနည်းတူသီလဝါအထူးစီးပွားရေးဇုန်ရှိ ဆူဇူကီးစက်ရုံမှထုတ်လုပ် ခြင်းဖြစ်ပါတယ်။

ဈေးနှုန်းမှာလည်း အများစုတတ်နိုင်သည့် ပမာဏဖြစ်သည့် မြန်မာကျပ်ငွေ ၂၈,၂၀၀,၀၀၀ ဖြင့် နိုင်ငံအနှံ့ရှိ ဆူဇူးကီးရဲ့ တရားဝင်မော်တော်ယာဉ်အရောင်းပြခန်း(၅၆)ခုတွင် ဇွန်လ ၁၅ရက် နေ့မှစတင်ကာ ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။

ဒါ့အပြင် ဝယ်ယူလိုသော Customersများအနေဖြင့် ဆူဇူကီးကားသစ်များကို တရားဝင် အရောင်းကိုယ်လှယ်များမှ တဆင့်အရစ်ကျငွေပေးချေမှု အစီအစဉ်များဖြစ်သောAYAဘဏ် ရဲ့“AYA Super Suzuki Finance”နှင့်CBဘဏ်ရဲ့“CB-Suzuki Easy Finance” တို့ကို အသုံးပြုပြီးနှစ်စဉ်အတိုးနှုန်း ၁၀% ဖြင့်ဝယ်ယူနိုင်ပြီး ဘဏ်ဝန်ဆောင်ခနှင့် အရောင်းကော်မရှင်ခများကိုလည်း ပေးဆောင်ရန်မလိုအပ်ပါ။

ဆူဇူကီးအနေနဲ့ Customers များရဲ့ ကျန်းမာရေးနှင့် ဘေးကင်းရေးကို ပဓာနထားပြီး တရားဝင်မော်တော်ကား အရောင်းပြခန်းများအားလုံးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှချမှတ်ထားသော Covid-19 ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များအတိုင်း ပြင်ဆင် ထားရှိကြောင်းလည်း သိရပါတယ်။

Brand New Suzuki Ciaz Upgraded Model နှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါကဆူဇူကီး(မြန်မာ) မော်တော်ကုမ္ပဏီရဲ့ Call Centerနံပါတ်: ၀၁-၉၃၃၉ ၂၄၀ သို့ဆက်သွယ်နိုင်ပြီး Suzukiရဲ့ Facebook စာမျက်နှာ၊ YouTube Channel နှင့် Website စာမျက်နှာတို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top