ဆွစ်ဇာလန်နိုင်ငံက ရထားလမ်းတွေမှာ ဆိုလာပြားတွေ တပ်ဆင်ဖို့ ရှိနေ

27.3.2023-yyl-iamge-11.jpg

SEE SWNS STORY SWNAsolar --- Switzerland is set to roll out solar panels between railway tracks like a carpet. In a world first, a special train has been developed that will place solar power elements between the rails. Swiss company Sun-Ways say the removable solar power plants could produce up to 1TWh of solar electricity, or 30% of all current solar production in Switzerland. They believe the project could be a solution to ease effects of the energy crisis and soaring electricity prices.

ဆွစ်ဇာလန်နိုင်ငံမှာ ရထားသံလမ်းတွေကြား ဆိုလာပြားတွေ တပ်ဆင်ဖို့ စီစဉ်နေပါတယ်။ ဆွစ်ဇာလန်နိုင်ငံရဲ့ ရထားလမ်းကွန်ရက်က မိုင် ၂၀၀၀ ကျော် ရှည်လျားပြီး ရထားလမ်းကွန်ရက်တစ်ခုလုံးမှာ ဆိုလာပြားတွေ တပ်ဆင်လိုက်ရင် တစ်နာရီကို 1 terawatt (one trillion watt) ထုတ်လုပ်နိုင်ပြီး တစ်နိုင်ငံလုံးရဲ့ စွမ်းအင်အသုံးပြုမှု ၂ ရာခိုင်နှုန်းအထိ ကာမိမယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ Sun-Ways စွန့်ဦးတီထွင်လုပ်ငန်းက ဆွစ်ဇာလန်နိုင်ငံ အနောက်ပိုင်း ဘက်တက်စ်ဘူတာရုံနားက ရထားသံလမ်းကြားမှာ ဆိုလာပြားတွေ တပ်ဆင်ဖို့ ပြည်ထောင်စု ပို့ဆောင်ရေးရုံထံကနေ ခွင့်ပြုချက် စောင့်ဆိုင်းနေတာပါ။ Sun-Ways က အလုပ်သမားစရိတ် ကာမိစေဖို့အတွက် အထူးဖန်တီးထားတဲ့ ရထားတွဲတွေကို အသုံးပြုပြီး ရထားလမ်းတွေကြားမှာ ဆိုလာပြားတွေ ခင်းသွားမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ သူတို့ရဲ့အိုင်ဒီယာဟာ သံသယဖြစ်မှုတွေနဲ့လည်း ကြုံနေရပါတယ်။ ဆိုလာပြားတွေပေါ်ကို နေရောင်ထိုးပြီး ရောင်ပြန်ဟပ်ရင် ရထားယာဉ်မောင်းတွေကို အမြင်မှားစေနိုင်တယ်လို့ ဆိုကြသလို အဲဒီနေရာတစ်ဝိုက်က ဆီးနှင်းအလွန်ကျဆင်းလို့ ငွေဖြုန်းတီးရာ ရောက်လိမ့်မယ်လို့လည်း ဆိုကြတာပါ။

ဖုန်မှုန့်တွေ၊ အပျက်အစီးအပိုင်းအစတွေနဲ့ ရထားလမ်းရဲ့ တုန်ခါမှုတွေက ဆိုလာပြားတွေကို ထိခိုက်စေနိုင်မလားဆိုတာကိုလည်း သံသယရှိနေကြပါတယ်။ ဒါပေမဲ့ Sun-Ways ကတော့ ရထားတွဲတွေရဲ့ အောက်မှာ ဖုန်သုတ်တံတွေ တပ်ဆင်ပြီး ဆိုလာပြားတွေကို လှည်းကျင်းပေးနိုင်ဖို့ စီမံသွားမယ်လို့ ဆိုပါတယ်။

Ref: Switzerland Set to Roll Out Solar Panels Between Railway Tracks–A World First

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top