လေဆင်နှာမောင်းဒဏ် ခံခဲ့ရတဲ့ တင်နက်ဆီပြည်နယ်မှ ကောင်တီများအတွက် တေလာဆွစ်ဖ် ဒေါ်လာ ၁ သန်းလှူဒါန်း

14.12.23-yyl-4.jpg

လေဆင်နှာမောင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့တဲ့ တင်နက်ဆီပြည်နယ်မှ ကောင်တီအများအပြားအတွက် တေလာဆွစ်ဖ်က အမေရိကန်ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့ပါတယ်။ ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်ရဲ့လှူဒါန်းမှုကို Community Foundation of Middle Tennessee ရဲ့ အမှုဆောင်ချုပ် ဟယ်ကာတိုက အတည်ပြုခဲ့ပါတယ်။

” ပျက်စီးဆုံးရှုံးမှုကြုံခဲ့ရပြီးနောက် ပြန်လည်ထူထောင်ရေးခရီးရှည်ကြီးအတွက် သူတို့နောက်မှာ သူရှိနေတယ်ဆိုတဲ့အကြောင်း တေလာဆွစ်ဖ်က သဒ္ဒါတရားထက်သန်မှုနဲ့အတူ သူ့မွေးရပ်မြို့နဲ့ပတ်ဝန်းကျင်ကောင်တီတွေထံ သတင်းစကားပါးလိုက်တာပါပဲ” လို့ ဟယ်ကာတိုက ဆိုပါတယ်။

တေလာဆွစ်ဖ်ဟာ လေဆင်နှာမောင်းဒဏ် ခံခဲ့ရတဲ့ ဆမ်နာကောင်တီထဲက ဟန်ဒါဆန်ဗီးလ်အထက်တန်းကျောင်းမှာ တက်ရောက်ခဲ့ဖူးသူပါ။ တေလာဆွစ်ဖ်ဟာ ပရဟိတလုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်ပြီး အလှူအတန်းရက်ရောသူတစ်ယောက် ဖြစ်ပါတယ်။ အခုနှစ်အတွင်း သူ့ရဲ့ Eras Tour အဖြစ် လှည့်လည်ဖျော်ဖြေခဲ့တဲ့ မြို့တိုင်းမှ food bank တွေကို ငွေကြေးလှူဒါန်းခဲ့ပါသေးတယ်။

Ref: Taylor Swift Donates $1 Million To Tennessee Communities Devastated By Tornadoes

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top