ထိုင်းရဲအရာရှိဟောင်းက နေ့ကလေးထိန်းကျောင်းထဲ ဝင်ပစ်လို့ လူ ၃၁ ဦး သေဆုံး

6-10-2022-yyl10.jpg

ထိုင်းနိုင်ငံမှာ ရဲအရာရှိဟောင်းတစ်ယောက်က နေ့ကလေးထိန်းကျောင်းထဲ ဝင်ရောက်ပစ်ခတ်ခဲ့လို့ အနည်းဆုံး လူ ၃၁ ဦး သေဆုံးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာလ ၆ ရက်က ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း နွမ်ဘောလမ်ဖူမြို့မှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သူကတော့ ထွက်ပြေးလွတ်မြောက်နေဆဲပါ။ သေဆုံးသူတွေထဲမှာ ကလေးငယ်တွေနဲ့ အရွယ်ရောက်ပြီးသူတွေ ပါဝင်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

တိုက်ခိုက်သူဟာ ကလေးတွေရော၊ အရွယ်ရောက်ပြီးသူတွေကိုပါ သေနတ်နဲ့ပစ်၊ ဓားနဲ့ထိုးပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှု ကျူးလွန်တဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

တိုက်ခိုက်မှု ကျူးလွန်ခဲ့သူဟာ မကြာခင်ကမှ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ရဲအရာရှိဟောင်းဖြစ်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။ သူ့ကို နောက်ဆုံးမြင်လိုက်ရချိန်မှာတာ့ ဘန်ကောက်လိုင်စင်နံပါတ်ပြား တပ်ထားတဲ့ အဖြူရောင် တိုယိုတာ ပစ်ကပ်ထရပ်ကားကို မောင်းပြီး ထွက်ပြေးသွားတာလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ်ကလည်း ထိုင်းနိုင်ငံ နာခွန်ရက်ချာဆီမာမြို့မှာ စစ်သားတစ်ယောက်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၂၁ ဦး သေဆုံးပြီး လူဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့ဖူးပါတယ်။

Ref:Thailand: At least 31 killed in attack on nursery

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top