The Apprentice ရိုက်ကူးမည့် ကုမ္ပဏီကို ONE Championship ရွေးချယ်

11-5-2020-yyl-001.jpg

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်းတွေထဲက တစ်ခုဖြစ်တဲ့ စင်ကာပူအခြေစိုက် ONE Championship ဟာ သက်တမ်း ၉ နှစ်တာကာလအတွင်း ပရိသတ်အကြိုက် စိတ်လှုပ်ရှားစရာပြိုင်ပွဲတွေကို စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိပါတယ်။ ၂၀၁၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ONE Championship ဟာ အာရှအကြီးမားဆုံး အားကစားမီဒီယာအဖွဲ့အစည်းကြီးလည်းဖြစ်သလို အခြားသော အဖွဲ့အစည်းတွေနဲ့ ကွဲပြားတဲ့ရပ်တည်ချက်၊ စည်းလုံးညီညွတ်တဲ့ဖွဲ့စည်းမှု၊ စည်းကမ်းသေဝပ်မှု၊ ခြားနားတဲ့အမြင်တွေနဲ့ ရှေ့ကိုဆက်လက်ချီတက်နေတာပါ။ ONE Championship ကို အဓိက ဦးဆောင်မောင်းနှင်နေတဲ့ မာလိန်မှူးကတော့ အသက် ၄၀ ကျော်သာရှိသေးတဲ့ ထိုင်းနိုင်ငံသား Chatri Sityodtong ပဲ ဖြစ်ပါတယ်။

ONE Championship ရဲ့ဥက္ကဌ၊ အမှုဆောင်အရာရှိချုပ်တာဝန်တွေကို ထမ်းဆောင်နေတဲ့ Chatri ဟာ ကမ္ဘာကျော်တက္ကသိုလ်ကြီးတစ်ခု ဖြစ်တဲ့ ဟားဗတ်တက္ကသိုလ်ကနေ MBA ဘွဲ့ရရှိထားသူဖြစ်ပြီး ယခုလို အောင်မြင်နေတဲ့ ကုမ္ပဏီကြီးတစ်ခုကို ထူထောင်နိုင်ဖို့အတွက် ကြမ်းတမ်းခက်ခဲတဲ့ ဘဝခရီးလမ်းကို ဖြတ်သန်းခဲ့ရသူဖြစ်ပါတယ်။ ထိုင်း-ဂျပန် ကပြားဖြစ်တဲ့ Chatri ဟာ ထိုင်းလူမျိုးဖခင်ဘက်ကနေ မွေထိုင်းကို ချစ်ခင်မြတ်နိုးခဲ့သလို ပရော်ဖက်ရှင်နယ် မွေထိုင်းကကကစားသမားအဖြစ် ပြိုင်ပွဲတွေ ယှဉ်ပြိုင်ခဲ့သူပါ။ အနာဂတ်ရည်မှန်း ချက်အတွက် မွေထိုင်းကိုစွန့်လွှတ်ပြီး အမေရိကန်ပြည်ထောင်စုမှာ ပညာဆည်းပူးဖို့ ထွက်ခွာလာချိန်မှာတော့ ၎င်းဟာ ခရောင်းလမ်းကို ဇွဲနပဲနဲ့ ဖြတ်သန်းခဲ့ပါတယ်။ ပညာသင်ကြားနေတဲ့ကာလအတွင်း တစ်နေ့ ထမင်းတစ်နပ်သာစားခဲ့ရတဲ့ Chatri ဟာ ဘဝရည်မှန်းချက်အ တွက် အလွယ်တကူ အလျှော့မပေးဘဲ ထက်သန်မှုအပြည့်နဲ့ ကြိုးစားခဲ့ပါတယ်။

စီးပွားရေးဘွဲ့ရရှိလာချိန်မှာတော့ ၎င်းဟာ အာရှတိုက်ကို မပြန်တော့ဘဲ အမေရိကန်က နာမည်ကျော်ကုမ္ပဏီတွေအခြေစိုက်ရာ Wall Street မှာ ဆယ်စုနှစ်တစ်ခုကျော် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ အများနဲ့မတူတဲ့ နောက်ခံဘဝအချက်အလက်၊ ထက်သန်တဲ့ဇွဲလုံ့လ၊ မြင့်မားတဲ့ ရည်မှန်းချက်တွေကြောင့် Chatri ဟာ ကမ္ဘာကျော်ကော်ပိုရေးရှင်းကြီးတွေမှာ ရာထူးကြီးတွေ ထမ်းဆောင်ခဲ့ပါတယ်။ အမေရိ ကန်မှာနေထိုင်စဉ်က ရရှိလာတဲ့ အတွေ့အကြုံတွေ၊ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေကြောင့် ၎င်းဟာ ၂၀၁၁ ခုနှစ်မှာ တော်ရုံလူ လုပ်နိုင် ဖို့မလွယ်ကူတဲ့ စီးပွားရေးလုပ်ငန်းကို ထူထောင်ခဲ့တာပါ။ အာရှတိုက်ဟာ ကိုယ်ခံပညာရပ်နဲ့ပတ်သက်ရင် ထင်ရှားတဲ့ဒေသတစ်ခုဖြစ်ပြီး နိုင်ငံတိုင်းလိုလိုမှာ ကိုယ်ပိုင်လက္ခဏာရပ်တွေရှိတဲ့ ကိုယ်ခံပညာရပ်တွေရှိပါတယ်။

Chatri ဟာ စွန့်ဦးတီထွင်း စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး ၎င်းတည်ထောင်ထားတဲ့ ONE Championship ရဲ့တန်ဖိုးက အမေ ရိကန်ဒေါ်လာ ၁ ဘီလီယံအထိ ရှိနေပြီဖြစ်ပါတယ်။ အာရှတိုက်မှာ ထူးချွန်ထင်ရှားတဲ့ ဘီလျံနာစီးပွားရေးလုပ်ငန်းရှင်တွေ အများအပြားရှိ သလို အသက် ၅၀ မပြည့်သေးတဲ့ Chatri ကိုလည်း အနာဂတ် အာရှတိုက်ရဲ့ဘီလျံနာဆိုပြီး နိုင်ငံတကာမီဒီယာကြီးတွေက ညွှန်းဆိုထား ပါတယ်။ ၎င်းဟာ ဝါသနာပါရာ ကိုယ်ခံပညာရပ်နဲ့ပတ်သက်ပြီး ကမ္ဘာသိ အဖွဲ့အစည်းကြီးတစ်ခုကို တည်ထောင်ထားသူဖြစ်သလို ခေတ် ပညာတတ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ ဘဝရေဆန်လမ်းကို ဖြတ်သန်းကူးခတ်ကာ အောင်မြင်မှုကမ်းခြေဆီ အ ရောက်ကူးခတ်နိုင်တဲ့ ၎င်းရဲ့ဘဝဖြတ်သန်းရာလမ်းက စိတ်ဝင်စားစရာကောင်းတာ အမှန်ပါပဲ။

စင်ကာပူမှာ အခြေစိုက်နေထိုင်တဲ့ Chatri က ၎င်းရဲ့အတွေ့အကြုံတွေ၊ လုပ်ကိုင်ဆောင်ရွက်ပုံတွေကို လူငယ်တွေထံ လက်ဆင့်ကမ်း ပေးလိုတဲ့ စေတနာနဲ့ The Apprentice ဆိုတဲ့ ရုပ်သံအစီအစဉ်ကို တင်ဆက်ထုတ်လွှင့်သွားမယ်လို့ ကြေညာထားပါတယ်။ ခေါင်းစဉ်နဲ့ လိုက်ဖက်စွာပဲ အလုပ်သင်ဝန်ထမ်းတစ်ဦးကို ကမ္ဘာတစ်လွှားကနေ ရွေးချယ်သွားမယ့် အဆိုပါအစီအစဉ်ကို ၂၀၂၀ နှစ်ကုန်ပိုင်းကျရင် ကမ္ဘာတစ်ဝှမ်း ထုတ်လွှင့်ပြသသွားမှာလည်း ဖြစ်ပါတယ်။ မိမိကိုယ်မိမိ ယုံကြည်မှုရှိတဲ့ ကမ္ဘာတစ်လွှားက မည်သူမဆို ပါဝင်လျှောက် ထားနိုင်ပြီး ကြိုးစားချင်စိတ်ရှိသူ လူငယ် ၁၆ ဦးကို ကနဦးရွေးချယ်ကာ အာရှတိုက်ရဲ့နာမည်ကျော်ကုမ္ပဏီတွေကို ဦးဆောင်နေတဲ့ စီအီး အိုတွေ၊ ONE Championship က ကမ္ဘာ့ချန်ပီယံတွေ၊ နာမည်ကျော် အနုပညာရှင်၊ အတတ်ပညာရှင်တွေက ဒိုင်အဖြစ်ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်။ ဆန်ခါတင် ၁၆ ဦးထဲက စိတ်ဓာတ်အထက်သန်ဆုံး လူငယ်တစ်ယောက်ပဲ Winner ဆုကို ရရှိမှာဖြစ်ပြီး ONE Championship ဥက္ကဌ Chatri နဲ့ တစ်နှစ်တိတိ အလုပ်တွဲလုပ်ခွင့်ရရှိမှာဖြစ်သလို အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ ကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။

အဆိုပါ အစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လည်း ပြုလုပ်ခဲ့ဖူးပြီး ထူးချွန်ထက်မြက်တဲ့ လူငယ်မျိုးဆက်သစ်လေးတွေကို ပျိုး ထောင်ပေးတဲ့ အစီအစဉ်လို့ ဆိုနိုင်ပါတယ်။ The Apprentice အစီအစဉ်အတွက် ကူညီရိုက်ကူးပေးမယ့် မိတ်ဖက်မီဒီယာတစ်ခုကို ONE Championship က ရွေးချယ်ခဲ့ပါတယ်။ ရွေးချယ်ခံရတဲ့ စင်ကာပူအခြေစိုက် Refinery Media ဟာ ဇာတ်ညွှန်းခွဲမထားတဲ့ reality television show တွေကို စီစဉ်ထုတ်လွှင့်ဖူးပြီး ၎င်းတို့ရိုက်ကူးခဲ့တဲ့ Amazing Race Asia၊ Asia’s Next Top Model၊ Super modelMe၊ Cesar’s Recruit Asia အပါအဝင် အခြားထင်ရှားတဲ့ အစီအစဉ်ပေါင်းများစွာကို အောင်မြင်စွာ ရိုက်ကူးထုတ်လွှင့်ခဲ့ဖူးပါ တယ်။

Refinery Media တည်ထောင်သူ Karen Seah က ONE Championship နဲ့ လက်တွဲလုပ်ကိုင်ခွင့်ရလို့ အံ့အားသင့်မိသလို ခေတ်သစ် အလုပ်သင်ဝန်ထမ်းတစ်ယောက်ရဲ့လုပ်ကိုင်ဆောင်ရွက်ပုံတွေကို ကမ္ဘာ့အဆင့်မီဒီယာကြီးကနေ ပြသသွားမယ်လို့ ဆိုပါ တယ်။ ဒါ့အပြင် ၎င်းက Chatri ရဲ့အမြော်အမြင်နဲ့အတူ ယခုအစီအစဉ်က ကမ္ဘာတစ်လွှားက သန်းပေါင်းများစွာသော ပရိသတ်တွေကို ဆွဲဆောင်နိုင်မှာ အသေအချာပဲလို့ ပြောပါတယ်။

The Apprentice အစီအစဉ်ရဲ့ပဲ့ကိုင်ရှင် Chatri ကလည်း “အာရှကိုသာမက ကမ္ဘာတစ်လွှားအထိ အောင်မြင်ခဲ့တဲ့ ဇာတ်ညွှန်းခွဲမထား တဲ့ reality program တွေကို ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ Refinery Media ရဲ့အတွေ့အကြုံနဲ့ ဖန်တီးမှုတွေက ကျွန်တော့်ကို အထင်ကြီး အားကျစေပါတယ်။ သူတို့အဖွဲ့က ထုတ်လုပ်မှုအပိုင်းမှာလည်း အရည်အသွေးအပြည့်ရှိတယ်။ စတင်ထုတ်လွှင့်မယ့် The Apprentice: ONE Championship Edition အစီအစဉ်က အံ့အားသင့်စရာကောင်းမှာပါ။ ကျွန်တော်တို့ စောင့်ကြည့်ကြရအောင်ပါ” လို့ ဖွင့်ဟပါ တယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top