BIG BAD WOLF စာအုပ်စျေးရောင်းပွဲတော်ကြီးကို အွန်လိုင်းစနစ်ဖြင့် ပြုလုပ်ရောင်းချသွားမည်ဖြစ်ပြီး ဒီဇင်ဘာလနှောင်းပိုင်းတွင် ကျင်းပသွားမည်

Big-Bad-Wolf-Online-Book-Sale-Photo-1.png

ကမ္ဘာ့အကြီးဆုံးစာအုပ်ဈေးပွဲတော်ဖြစ်သော Big Bad Wolf Book Sale သည် စာပေချစ်သူများ အတွက် မြန်မာနိုင်ငံတွင် စတုတ္ထအကြိမ်မြောက် ပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၃ ရက် မှ ၃၀ ရက် အထိ ၈ ရက်တိုင်တိုင်Big Bad Wolf ၏ တရားဝင် ဝက်ဘ်ဆိုက်မှ တစ်ဆင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချပြုလုပ်သွားမည် ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ကြေညာလိုက်သည်။ Big Bad Wolf Book Sale သည် Covid – 19 ဖြစ်ပွားနေသော ကာလအတွင်းတွင် စာအုပ်များကို လုံခြုံစိတ်ချစွာ ဝယ်ယူနိုင်ရန်အတွက် ဝက်ဘ်ဆိုက်မှ ဝယ်ယူနိုင်သည့် ပုံစံအသစ်ဖြင့် စီစဉ်ထားရှိခြင်းဖြစ်သည်။ အဆိုပါ Big Bad Wolf Book Sale တွင် အင်္ဂလိပ်ဘာသာစကား စာအုပ်အရေအတွက် သန်း ၂၀ နှင့် စာအုပ်ခေါင်းစဉ် အမျိုးအစား ၄၀,၀၀၀ ကျော်တို့ကို ၎င်းတို့၏ လက်လီစျေးနှုန်းများမှ ၉၀ ရာခိုင်နှုန်းအထိ လျှော့စျေးဖြင့် ရောင်းချပေးမည် ဖြစ်သည်။

မြန်မာနိုင်ငံမှ စာပေချစ်သူများအနေဖြင့် ယခုနှစ်တွင် စာအုပ်အမျိုးအစားများစွာကို အွန်လိုင်းမှ တစ်ဆင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး အရောင်းရဆုံးစာအုပ်များ၊ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းများ၊ အချစ်ဝတ္ထုများ၊ စာပေဆိုင်ရာစာအုပ်များ၊ ဂရပ်ဖစ်ဝတ္ထုများ၊ စီးပွားရေးစာအုပ်များ အစရှိသည်တို့ကို ဝက်ဘ်ဆိုက်တစ်ခုတည်း၌ တစ်စုတစ်စည်းတည်း အဆင်ပြေပြေ ရှာဖွေဝယ်ယူနိုင်မည်ဖြစ်သည်။ Big Bad Wolf သည် ၎င်း၏ အမျိုးအစား စုံလင်လှသော ကလေးစာအုပ်များကြောင့်လည်း လူသိများလျက်ရှိပြီး ယခု စျေးရောင်းပွဲတော်တွင်လည်း ကလေးငယ်များအနေဖြင့် မိဘများနှင့်အတူ နေအိမ်တွင် လုံခြုံစွာ ဖတ်ရှုနိုင်ရန်အတွက် ပုံပြင် စာအုပ်များ၊ လှုပ်ရှားမှုစာအုပ်များ၊ ရုပ်ပြစာအုပ်များ၊ ဆေးရောင်ခြယ်စာအုပ်များ၊ ရုပ်ပုံစာအုပ်များနှင့် Interactive ပြုလုပ် နိုင်သော စာအုပ်များကိုပါ ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း အသွားအလာကန့်သတ်ချက်များနှင့် Social Distancing များကြောင့် Big Bad Wolf အွန်လိုင်း စာအုပ်ဈေးရောင်းပွဲတော်မှ တစ်ဆင့် စာအုပ်များကို သက်သောင့်သက်သာ ဝယ်ယူနိုင်ပြီး များစွာသော စာအုပ်များနှင့်အတူ လူအများအိမ်တွင် နေထိုင်ခြင်းဖြင့် ပျော်ရွှင်ဖွယ်ရာ အချိန်များပိုင်ဆိုင်နိုင်စေရန် မျှော်လင့်သည်။ ထိုကြောင့် Big Bag Wolf သည် Scholastic Interesting Facts ၊ White Star Classic Fairy Tales နှင့် Magical Books Deal စသည့် အမျိုးအစားများတွင် စိတ်လှုပ်ရှားဖွယ်ကောင်းသော ပရိုမိုးရှင်းများကို ကမ်းလှမ်းထားမည်ဖြစ်သည်။ စာဖတ်သူများအနေဖြင့် Free Shipping ကဲ့သို့သော အထူးအခွင့်အရေးများကိုလည်း ခံစားခွင့်ရရှိနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် အွန်းလိုင်းကနေ ကျင်းပပြုလုပ်ရောင်းချသွားမည့် Big Bad Wolf Book Sale ၏ တရားဝင်ဝက်ဘ်ဆိုက် လိပ်စာကို မကြာမီ သတင်းထုတ်ပြန်သွားမည်ဖြစ်ပြီး Online Book Sale ၏ နောက်ဆုံးသတင်းများကို Big Bad Wolf Book ၏ Facebook စာမျက်နှာတွင်လည်း https://www.facebook.com/bbwbooksmm/ ကြေညာသွားမည်ဖြစ်သည်။

မလေးရှားနိုင်ငံ Petaling Jaya တွင် ၂၀၀၉ ခုနှစ်၌ စတင်တည်ထောင်ခဲ့သော Big Bad Wolf စာအုပ်အရောင်းပွဲတော်သည် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ မြောက်ကိုရီးယား၊ UAE နိုင်ငံများ၊ ပါကစ္စတန်၊ ထိုင်ဝမ်နှင့် နောက်ဆုံး ပါဝင်လာသော စင်္ကာပူ တို့အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံရှိ မြို့ ၃၄ မြို့တွင် လှည့်လည် ကျင်းပလျက်ရှိသည်။ မြန်မာနိုင်ငံတွင် နောက်ဆုံးကျင်းပခဲ့သော Big Bad Wolf စာအုပ်အရောင်းပွဲတော်ကို မကြာသေးမီက ရန်ကုန်မြို့၌ ယခုနှစ် ဇန်နဝါရီလ ၁၀ရက်မှ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top