မင်းသမီးဟယ်လီဘေလီရဲ့ ရေသူမဇာတ်ကောင်ဆံပင်အတွက် ဆံပင်စတိုင်လစ်က အနည်းဆုံး ဒေါ်လာ ၁၅၀၀၀၀ သုံးစွဲ ဖန်တီးပေးခဲ့ရ

30.5.2023-yyl-11.jpg

“The Little Mermaid” မူရင်းအန်နီးမေးရှင်းကို Live Action အနေနဲ့ ရိုက်ကူးထားတဲ့ဇာတ်ကားမှာ မင်းသမီးဟယ်လီဘေလီရဲ့ဆံပင်ကို ဆံပင်စတိုင်လစ်က သေချာလေး အာရုံစိုက်ပေးခဲ့ရပါတယ်။ ရေသူမလေး အေရီရယ်အဖြစ် သရုပ်ဆောင်ထားတဲ့ဟယ်လီက သူ့ရဲ့သဘာဝဆံပင်ရှည်ကို ဒီအတိုင်း ဘာမှမလုပ်ဘဲ ထိန်းသိမ်းထားချင်တဲ့အတွက်ကြောင့်ပါ။ ဒါက ဆံပင်ပြင်ဆင်ရေးအဖွဲ့ခေါင်းဆောင် ကာမလီ ဖရန့်ဒ်ပေါ် တာဝန်တစ်ခုဖြစ်လာပါတယ်။ ကာမလီက Black Panther: Wakanda Forever ဇာတ်ကားမှာ လူပီတာ နယောင်အိုရဲ့ဆံပင်ကို ပြင်ဆင်ပေးတဲ့သူဖြစ်တဲ့အတွက် ဟယ်လီကို ဆံပင်အနီရောင်နဲ့ အေရီရယ်အဖြစ်ပြောင်းလဲပေးနိုင်တဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်ပါ။

ကာမလီက ဟယ်လီရဲ့ဆံပင်ကို မပြင်ဆင်​ပေးခင် သူ့ရဲ့မိသားစုနဲ့တွေ့ဆုံကြည့်တော့ သူတို့က ကြင်နာတတ်တဲ့မိသားစုဖြစ်ပြီး သူ့အမေက ဘာသာရေးသက်ဝင်ယုံကြည်တဲ့သူဆိုတာသိခဲ့ရတယ်။ ဟယ်လီက ဘယ်လိုလူမျိုးလဲ၊ သူ့ရဲ့သဘာဝဆံပင်က သူ့အတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ နားလည်ခဲ့ရတယ်။

ကာမလီက ဟယ်လီရဲ့ဆံပင်တွေကို မညှပ်ဖို့၊ ဆံပင်အတုမသုံးဖို့ လုပ်ခဲ့ရတယ်။ သူ့ရဲ့နဂိုဆံပင်က ခါးအထိရှိနေတဲ့အတွက် ဆံပင်အတုသုံးရင် အဆင်မပြေနိုင်ဘူး။ ကာမလီက အထူးပြုလုပ်ထားတဲ့ ၃၀ လက်မ အနီ​ရောင်ဆံပင်တွေကို နောက်ဆုံးပေါ် ဆံပင်ဆက်တဲ့နည်းနဲ့ ဆက်ပေးခဲ့ပါတယ်။ အေရီရယ်လို ဖြစ်ဖို့အတွက် အနီရောင်အရင့်သုံးခဲ့ရတယ်။

ဆံပင်အတွက် သုံးရတဲ့အရောင်ပမာဏနဲ့ ဆံပင်အရှည်ကြောင့်ရော ပြန်ပြင်တာ၊ ဖြုတ်တာလုပ်ရတာကြောင့်ပါ အနည်းဆုံး ဒေါ်လာ ၁၅၀၀၀၀ သုံးခဲ့ရပါတယ်။ ရုပ်ရှင်အတွက် မင်းသမီးဟယ်လီက ဆံပင်ပြင်ဆင်ရာမှာ ၁၂ နာရီ ကနေ ၁၄ နာရီ ကြာ အချိန်ပေးခဲ့ရပါတယ်။

Ref: The Little Mermaid’ Hairstylist Spent ‘at Least $150,000’ on Halle Bailey’s Ariel Hair

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top