COVID 19 ကူးစက်ခံရပြီးနောက် လက်ရှိကျန်းမာရေးအခြေအနေကို ထုတ်ပြောပြခဲ့တဲ့ တွမ်ဟန့်ခ်စ်

24-3-2020-yyl-016.jpg

မင်းသားကြီး တွမ်ဟန့်ခ်စ်က သူနဲ့သူ့ဇနီးတို့ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရပြီဖြစ်ကြောင်းကို မတ်လ (၁၁) ရက်နေ့က ထုတ်ပြောပြခဲ့တာဖြစ်ပါတယ်။ မနေ့က မတ်လ (၂၃) ရက်နေ့မှာတော့ သြစတြေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးကတည်းက သူတို့ ဘယ်လိုတွေ လုပ်နေလဲဆိုတဲ့အကြောင်းကို ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

“ကျွန်တော်တို့ လက္ခဏာစခံစားခဲ့ရပြီးနောက် (၂) ပတ်မှာ ကျွန်တော်တို့ ကျန်းမာရေးကောင်းလာပါတယ်။ စောင့်ကြည့် ကြပ်မတ်ထားခံရတာ၊ အိမ်မှာ နေတာက ဘယ်သူကိုမှ ရောဂါပိုးမပေးနိုင်သလို အခြားသူတွေဆီကလည်း ရောဂါပိုးမရနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို အချင်းချင်းဂရုစိုက်မယ်ဆိုရင် ကျွန်တော်တို့ တတ်နိုင်တဲ့နေရာက ကူညီမယ်။ နှစ်သိမ့်မှုပေးကြမယ်။ ဒါကိုလည်း ဖြတ်ကျော်သွားနိုင်မှာပါ။ ဒါကို ကျွန်တော်တို့ ဖြေရှင်းနိုင်ကြမှာပါ” လို့ မင်းသားကြီး တွမ်ဟန့်ခ်စ်က လူမှုကွန်ယက်အကောင့်မှာ ရေးသားထားပါတယ်။

တွမ်ဟန့်ခ်စ်ရဲ့ဇနီး ရီတာ ဝီလ်ဆန်ရဲ့အကောင့်မှာလည်း သူ့ရဲ့ကျန်းမာရေးအခြေအနေ ကောင်းကြောင်းကို “Hip Hop Hurray” သီချင်းဆိုနေတဲ့ဗီဒီယိုကို မျှဝေပေးရင်းနဲ့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ သူဟာ စောင့်ကြည့်ကြပ်မတ်ခံနေရစဉ်မှာ သီချင်းတွေ နားထောင်ဖြစ်နေတဲ့ပုံပါပဲ။ တွမ်ဟန့်ခ်စ်နဲ့ သူ့ဇနီး ရီတာ ဝီလ်ဆန်တို့ ရောဂါအရှင်ပျောက်သွားဖို့ မျှော်လင့်ရပါတယ်။

Ref: Tom Hanks and Rita Wilson ‘feel better’ two weeks after contracting coronavirus

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top