UFC ဖိုက်တာ ဘရန်ယန် အော်တီဂါရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတဲ့ ကိုရီးယားအဆိုတော် Jay Park

10-3-2020-yyl019.jpg

ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးအဆိုတော်လည်းဖြစ်၊ နိုင်ငံဂီတလောကကို ခြေဆန့်နေသူလည်းဖြစ်တဲ့ ကိုရီးယား-အမေရိကန်ကပြားလူမျိုး Jay Park ဟာ မတ်လ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ UFC 248 ပွဲမှာ UFC ဖိုက်တာ ဘရန်ယန် အော်တီဂါရဲ့တိုက်ခိုက်မှုကို  ခံခဲ့ရတယ်လို့ မတ်လ ၈ ရက်နေ့မှာ သတင်းထွက်ရှိလာခဲ့ပါတယ်။

ပြီးခဲ့တဲ့လက “Ariel Helwani’s MMA Show” ပွဲမှာ Jay Park ဟာ “Korean Zombie” လို့ သိထားကြတဲ့ ဂျောင်ချန်ဆောင်အတွက် အင်တာဗျူးဖြေဆိုရမှာ ဘာသာပြန်လုပ်ပေးခဲ့ပါတယ်။ “ဟိုလိုဝေး၊ ဗော်ကာနိုဗက်စကီ၊ အော်တီဂါပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ ဒါပေမဲ့ အော်တီဂါက တစ်ကြိမ်တည်းနဲ့ သူ့ကို အလဲမထိုးခဲ့ဖူးဘူး။ ဒါကြောင့် သူ့ကို အလဲမထိုးနိုင်တဲ့ ဖိုက်တာတစ်ယောက်ကို တိုက်ခိုက်ဖို့တောင် မလိုဘူး” လို့ ဘာသာပြန်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာ ဘရန်ယန် အော်တီဂါက အင်တာဗျူးဘာသာပြန်တဲ့စကားနဲ့ပတ်သက်ပြီး Jay Park ကို တွေ့တဲ့အခါ ထိုးမယ်လို့ အင်စတာဂရမ်အကောင့်ကနေ သတိပေးခဲ့ပါတယ်။

မတ်လ (၉) ရက်နေ့မှာတော့ Jay Park နဲ့ ဂျောင်ချန်ဆောင်ရဲ့ အေဂျင်စီ AOMGက “အော်တီဂါက တိုက်ခိုက်ခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ လုံခြုံရေးတွေက အော်တီဂါကို မြန်မြန်ဆန်ဆန်ပဲ အဝေးကို ခေါ်သွားခဲ့လို့ အဲဒီအခြေအနေက ပြီးသွားခဲ့ပါတယ်။ လူတော်တော်များများက စိုးရိမ်နေကြပါတယ်။ ဒါပေမဲ့ Jay Park က ထိခိုက်ဒဏ်ရာမရရှိခဲ့ပါဘူး။ လက်ရှိမှာတော့ သူ့ရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘာပြဿနာမရှိပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

ဂျောင်ချန်ဆောင်ကလည်း Jay Park ကို အော်တီဂါ တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး သူ့ရဲ့ဒေါသတွေကို အင်စတာဂရမ် Stories မှာ တင်ခဲ့ပါတယ်။ ” ကျွန်တော် AOMG နဲ့ လက်တွဲကတည်းက Jay Park က ကြမ်းတမ်းတဲ့စကားတွေ ကျွန်တော့ကို တစ်ခါမှ မပြောခဲ့ဖူးပါဘူး။ ကျွန်တော်တို့ အင်္ဂလိပ်လို သေချာမသိတဲ့အတွက် အရင်က ကျွန်တော် သူ့ကို  ကူညီတောင်းရပါတယ်။ သူကလည်း ကျွန်တော်ကို ကူညီပေးပြီး တိတ်တဆိတ် ပံ့ပိုးပေးခဲ့ပါတယ်။ သူ့ကို ကာကွယ်မပေးနိုင်ခဲ့တဲ့အတွက် ကျွန်တော် အရမ်းဒေါသထွက်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။

သူက နောက်ထပ်အင်္ဂလိပ်လို ရေးထားတဲ့ “Jay Park က သူ့ကိုယ့်ကိုယ်ကို ခုခံနိုင်ပြီး ပြန်ချလို့ရပါတယ်။ ဒါပေမဲ့ ပြန်မတိုက်ခိုက်ခဲ့ပါဘူး။ အော်တီဂါက ကမ္ဘာတစ်ဝှမ်းမှာ ဒုတိယနေရာရထားတဲ့ ပရောဖက်ရှင်နယ် UFC ဖိုက်တာတစ်ယောက်ပါ။ Jay Park က အဆိုတော်တစ်ယောက်ပါပဲ။ သူ့အပြုအမူက အမေရိကန်နဲ့မက္ကစီကိုယဉ်ကျေးမှုမှာ လက်ခံနိုင်လို့ရလားဆိုတာကို ကျွန်တော် တကယ်သိချင်မိပါတယ်။ လူတွေက ဒါက ဘယ်လောက်မှားလဲဆိုတာကို မမြင်ကြဘူးလား” ဆိုတဲ့စာသားကို တင်ခဲ့ပါတယ်။

Jay Park က ဒီကိစ္စနဲ့ပတ်သတ်ပြီး အော်တီဂါကို တရားစွဲဆိုဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ ဂျောင်ချန်ဆောင်က Jay Park တည်ထောင်ထားတဲ့ အေဂျင်စီ AOMG နဲ့ စာချုပ်ချုပ်ထားတဲ့ ပထမဆုံးအားကစားသမားဖြစ်ပါတယ်။

Ref: UFC Fighter Jung Chan Sung Expresses Anger Following Brian Ortega’s Violence Towards Jay Park

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top