Delta လေယာဉ်ပေါ်က ခရီးသည်တွေကို အခမဲ့အပျော်စီးသင်္ဘောလက်မှတ်တွေ ပေးခဲ့တဲ့ ဘီလျံနာ

7.3.24-yyl-1.jpg

ဗြိတိန်ဘီလျံနာ ရစ်ချက်ဘရန်ဆန်ဟာ အတ္တလန်တာကနေ စန် ဂျူအန်ကို တိုက်ရိုက်သွားတဲ့ Delta လေယာဉ်ပေါ်က ခရီးသည်တွေကို အခမဲ့အပျော်စီးသင်္ဘောလက်မှတ်တွေ ပေးပြီးတော့ အံ့အားသင့်စေခဲ့ပါတယ်။ Virgin Voyages ကုမ္ပဏီရဲ့ Resilient Lady သင်္ဘောဟာ အခုနှစ်ကုန်မှာ စတင်ရွက်လွင့်ဖို့ စီစဉ်ထားတာပါ။ အသက် ၁၈ နှစ်ကျော်ပြီး လေယာဉ်ပေါ်ပါလာတဲ့ Delta လေကြောင်းလိုင်းအဖွဲ့ဝင်မည်သူမဆို ဒီသင်္ဘောစီးဖို့အခွင့်အရေးရရှိမှာဖြစ်ပါတယ်။

ရစ်ချက်က စန် ဂျူအန်မြို့ဆီ Resilient Lady သင်္ဘောစတင်ရွက်လွှင့်မှာကို ဂုဏ်ပြုတဲ့လက်ဆောင်အဖြစ် လေယာဉ်ခရီးသည်တွေကို အခုလိုလက်မှတ်တွေပေးဝေခဲ့တာပါ။ “ကာရစ်ဘီယံဟာ နှစ်ပေါင်းများစွာ ကျွန်တော်ရဲ့အိမ်ဖြစ်ခဲ့တာပါ။ ပြီးတော့ Resilient Lady က ဒေသရဲ့အလှပဆုံးနေရာတွေကို လည်ပတ်ဖို့ ရွက်လွှင့်မှာဖြစ်တဲ့အတွက် ကြိုဆိုရဖို့ အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော့်ရဲ့စိတ်လှုပ်ရှားမှုကို ထိန်းမထားနိုင်တဲ့အတွက် စန်ဂျူအန်သွားတဲ့ Delta လေယာဉ်ပေါ်က ခရီးသည်တွေကို အံ့အားသင့်အောင်လုပ်ဖို့ နည်းလမ်းရခဲ့တာပါ”လို့ ရစ်ချက်က ဆိုပါတယ်။

ဒါ့အပြင် Virgin Voyages ကုမ္ပဏီကလည်း Hartsfield-Jackson Atlanta International Airport ဂိတ်ပေါက်မှာ လက်မှတ်ဝယ်ယူသူတွေကို Prize Wheel လှည့်ဖို့ ဖိတ်ခေါ်ရင်း ဂုဏ်ပြုပွဲတစ်ခုကျင်းပခဲ့ပါတယ်။

Ref: UK Billionaire Richard Branson Gives Free Cruise Tickets To Entire Delta Flight
WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top